သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် သမ္မတ Trump စစ်တိုက်နိုင်ခွင့် ကန်လွှတ်တော်ကန့်ကွက်


FILE - The U.S. Capitol building, center, and part of the Washington Monument, right, are seen in Washington, Dec. 18, 2019.
FILE - The U.S. Capitol building, center, and part of the Washington Monument, right, are seen in Washington, Dec. 18, 2019.

(Zawgyi/Unicode)

အမေရိကန်သမ္မတ Donald Trump အနေနဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်မရဘဲ အီရန်အပေါ် စစ်ရေးအရ အရေးမယူဖို့ ဆုံးဖြတ်ချက်တရပ်ကို ကြာသပတေးနေ့က မဲခွဲရာမှာ ဒီမိုကရက်ကိုယ်စားလှယ်တွေနဲ့အတူ သမ္မတရဲ့ လူများစု ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်အမတ် တချို့လည်း ထောက်ခံခဲ့ကြပါတယ်။

အမေရိကန်တပ်ဖွဲ့တွေကို အသုံးပြုနိုင်မယ့် စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ပါတီ ၂ ရပ်က ကိုယ်စားလှယ်တွေ အထက်လွှတ်တော်မှာ မဲခွဲရာမှာ ထောက်ခံမဲ ၅၅ မဲ ကန့်ကွက်မဲ ၄၅ မဲနဲ့ အတည်ပြုလိုက်တာပါ။

လုပ်ပိုင်ခွင့်အာဏာကို လျှော့ချမယ့် ဆုံးဖြတ်ချက်ဟာ အန္တရာယ်ကြီးလွန်းတယ်လို့ ပြောထားတဲ့ သမ္မတ Trump ကတော့ ပယ်ချလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ တိုင်းပြည်လုံခြုံရေးအတွက် အင်မတန် အရေးကြီးတဲ့အတွက် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်က ထောက်ခံမှု မပေးဖို့လည်း သမ္မတက Twitter လူမှုကွန်ရက်ကနေ ဗုဒ္ဓဟူးနေ့ကပဲ တိုက်တွန်းထားတာပါ။

အီရန်နိုင်ငံကို အမေရိကန်က ကောင်းကောင်း ကိုင်တွယ်ထားနိုင်တဲ့ အချိန်မျိုးမှာ အားနည်းချက် ပြရမယ့်အချိန်မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ အီရန်အထူးတပ်မှူးဖြစ်သူ Qassem Soleimani ကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ လေကြောင်းကနေ သုတ်သင်ခဲ့တဲ့အပေါ် အမေရိကန်လူထုက အကြီးအကျယ် ထောက်ခံကြောင်းလည်း သမ္မတ Trump ကပြောထားတာပါ။

အခုအချိန်မှာ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်လိုက်မယ်ဆိုရင် အီရန်နိုင်ငံကို လွဲမှားတဲ့သတင်းစကားပါးရာ ရောက်နိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။ ဆုံးဖြတ်ချက်ကို ပူးတွဲအဆိုပြုခဲ့တဲ့ ဒီမိုကရက်အထက်လွှတ်တော်အမတ် Tim Kaine ကတော့ နိုင်ငံတနိုင်ငံအပေါ် စစ်ကြေညာရာမှာ အခြေခံဥပဒေက အပ်နှင်းထားတဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပြန်ယူရမယ့်အချိန် ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)






XS
SM
MD
LG