သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရေတပ် စစ်ရေးလေ့ကျင့်မှုအတွင်း မှားယွင်းပစ်ခတ်မှု ၁၉ ဦးသေ


မေလ ၁၁ ရက် အီရန် ရေတပ်စစ်ရေးလေ့ကျင့်စဉ်အတွင်း missile ဒုံး ထိမှန်ထားသော Konarak သင်္ဘော (ဓာတ်ပုံ - "AFP PHOTO / HO / IRANIAN ARMY WEBSITE" - မေ ၁၁၊ ၂၀၂၀)
မေလ ၁၁ ရက် အီရန် ရေတပ်စစ်ရေးလေ့ကျင့်စဉ်အတွင်း missile ဒုံး ထိမှန်ထားသော Konarak သင်္ဘော (ဓာတ်ပုံ - "AFP PHOTO / HO / IRANIAN ARMY WEBSITE" - မေ ၁၁၊ ၂၀၂၀)

(Zawgyi/Unicode)

Oman ပင်လယ်ကွေ့ထဲမှာ အီရန်ရေတပ် လေ့ကျင်ခန်းလုပ်စဉ်အတွင်း missile ဒုံးနဲ့ အချင်းချင်း မှားယွင်းပစ်ခတ်မိတဲ့အတွက် သင်္ဘောသား ၁၉ ယောက် သေဆုံးသွားတယ်လို့ အီရန်ရေတပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။

တနင်္ဂနွေနေ့က ရေတပ်သင်္ဘော ၂ စင်း စစ်ရေး လေ့ကျင့်ခန်းလုပ်နေစဉ် တစင်းက ပစ်မှတ်နား နီးကပ်နေတဲ့အတွက် missile ဒုံးကျည်ထိမှန်ခဲ့တာ ဖြစ်တယ်လို့ အီရန်ရေတပ်ရဲ့ အပြောကို အီရန် ရုပ်မြင်သံကြားက ကိုးကားထုတ်ပြန်ပါတယ်။ မတော်တဆမှုအတွင်း ၁၅ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

Oman ပင်လယ်ကွေ့နဲ့ဆက်နေတဲ့ Hormuz ရေလက်ကြားဟာ ကမ္ဘာမှာ ရေကြောင်းအသွားအလာအများဆုံး ရေကြောင်းလမ်း တခုဖြစ်ပါတယ်။ အခုလို မတော်တဆ ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ အီရန်ရေတပ်က ပုံမှန်စစ်ရေးလေ့ကျင့်လေ့ ရှိပါတယ်။

အီရန်ရေတပ် စစ်ရေးလေ့ကျင့်မှုအတွင်း မှားယွင်းပစ်ခတ်မှု ၁၉ ဦးသေ
please wait

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG