သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အပေါ် တရုတ်တန်ပြန်အရေးယူဒဏ်ခတ်


အမေရိကန်နိုင်ငံအလံနဲ့ တရုတ်နိုင်ငံအလံ။
အမေရိကန်နိုင်ငံအလံနဲ့ တရုတ်နိုင်ငံအလံ။

[Zawgyi/Unicode]

တရုတ်နိုင်ငံ Xinjiang ပြည်နယ်ထဲက Uighur မူဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အစိုးရ အရာရှိတွေကို အမေရိကန် အစိုးရက ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံကလည်း လက်တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန် လွှတ်တော်အမတ်တွေကို ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ရစ်ပတ်ပလင်ကန် အထက်လွှတ်တော်အမတ် Ted Cruz နဲ့ Marco Rubio၊ အောက်လွှတ်တော်အမတ် Chris Smith တို့ ၃ ဦးကို ဒဏ်ခတ် ပိတ်ဆို့တယ်လို့ ဒီကနေ့ ကြေညာလိုက်တာပါ။

အမေရိကန်နိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဆိုးဆိုးရွားရွား ဝင်ရောက် စွက်ဖက်နေတာ ဖြစ်သလို နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာမူတွေကိုလည်း ချိုးဖောက်နေတာ ဖြစ်လို့ တရုတ်၊ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေပါတယ်။ လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ပြောပါတယ်။

ဒါ့အပြင်၊ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sam Brownback နဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်က တရုတ်နိုင်ငံဆိုင်ရာ ကော်မတီတို့ကိုလည်း ဒဏ်ခတ် ပိတ်ဆို့လိုက်တယ်လို့ ပြောခွင့်ရ Hua က ပြောပါတယ်။ ကွန်ဂရက်နဲ့ အိမ်ဖြူတော်အကြား ပူးတွဲ ဖွဲ့စည်းထားတဲ့ အဲဒီ ကော်မတီဟာ တရုတ်နိုင်ငံထဲ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့် အရေးဆိုင်ရာ ကိစ္စတွေကို စောင့်ကြည့်ဖို့ ဖွဲ့စည်းထားခဲ့တာပါ။ အထက်လွှတ်တော်အမတ် Robio က အဲဒီ ကော်မတီရဲ့ ပူးတွဲ ဥက္ကဋ္ဌဖြစ်ပြီး Chris Smith က အဖွဲ့ဝင်နဲ့ အရင်က ပူးတွဲ ဥက္ကဋ္ဌ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ရက်တွေကပဲ အမေရိကန်အစိုးရက Xinjiang ပြည်နယ် ကွန်မြူနစ်ပါတီ အကြီးအကဲ Chen Quanguo အပါအဝင် တရုတ်အစိုးရ အဆင့်မြင့် အရာရှိတွေကို ဒဏ်ခတ် အရေးယူကြောင်း ကြေညာခဲ့အပြီးမှာ တရုတ်နိုင်ငံက အခုလို တန်ပြန် အရေးယူမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ Xinjiang ပြည်နယ်ထဲက Uighur မူဆလင် ၁,၀၀၀,၀၀၀ နီးပါးလောက်ကို စခန်းသွင်း ထိန်းသိမ်းထားတဲ့အပေါ် ဒဏ်ခတ် အရေးယူနိုင်ဖို့ ခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို ပြီးခဲ့တဲ့လက သမ္မတ ဒေါ်နယ် ထရမ့်က လက်မှတ်ရေးထိုးခဲ့တာပါ။

ကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့အကြား ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ Xinjiang ကိစ္စတွေ အပါအဝင် ကိစ္စတော်တော်များများကြောင့် ဆက်ဆံရေး ဆိုးရွားလာနေခဲ့တာ ဖြစ်ပါတယ်။

ကန်အပေါ် တရုတ်တန်ပြန်အရေးယူဒဏ်ခတ်
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump



XS
SM
MD
LG