သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏုိင္ငံတြင္း အေမရိကန္ေတြ ဖမ္းခံရမယ့္အႏၱရာယ္ ႏုိင္ငံျခားေရးဌာန သတိေပး


ဝါရွင္တန္ဒီစီရွိ အေမရိကန္ ႏုိင္ငံျခားေရး ဝန္ႀကီးဌာန အေဆာက္အဦ။ (ဒီဇင္ဘာ ၁၅၊ ၂၀၁၄)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံထဲ ေရာက္ရွိေနတဲ့ အေမရိကန္ ႏုိင္ငံသားေတြ လုံၿခဳံေရး သတိဝီရိယနဲ႔ ေနထိုင္ၾကဖို႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ေဘးအႏၲရာယ္ကင္းေရး သတိေပးခ်က္တရပ္ စေနေန႔က ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံရမွာနဲ႔ တ႐ုတ္ႏုိင္ငံထဲက ထြက္ခြာခြင့္ မျပဳတာေတြ အပါအဝင္ ဥပေဒျပင္ပ အေရးယူ ေဆာင္ရြက္ခ်က္ေတြ လုပ္ေဆာင္လာမယ့္ အႏၲရာယ္ ရွိတဲ့အတြက္ အခုလို သတိေပးခ်က္ ထုတ္ျပန္ရတာျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။

ကိုယ္က်ဴးလြန္တယ္ဆိုတဲ့ ျပစ္မႈနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ မသိရဘဲ အေမရိကန္ ႏုိင္ငံသားေတြ ဖမ္းဆီးထိန္းသိမ္းခံရႏုိင္သလို အေမရိကန္ ေကာင္စစ္ဌာနရဲ႕ အကူအညီကို မရရွိဘဲ ထိန္းသိမ္းခံရႏုိင္တယ္လို႔လည္း သတိေပးထားပါတယ္။

ဒါ့အျပင္ ႏုိင္ငံေတာ္လုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ အခ်ိန္ၾကာ စစ္ေၾကာေမးျမန္းခံရႏုိင္သလို ရက္တိုးထိန္းသိမ္းခံရတာကိုလည္း ႀကဳံရႏုိင္တယ္လို႔ ေျပာပါတယ္။

တ႐ုတ္အစိုးရကို ေဝဖန္တာေတြ ပါဝင္တဲ့ ကိုယ္ေရးကိုယ္တာ ေရးသားေပးပို႔တဲ့ မက္ေဆ့ခ်္ေတြေၾကာင့္ အေမရိကန္ႏုိင္ငံသားေတြကို တ႐ုတ္ လုံၿခဳံေရးတပ္ဖြဲ႔ေတြက ဖမ္းဆီး ဒါမွမဟုတ္ ျပည္ႏွင္ဒဏ္ ေပးႏုိင္တယ္လို႔လည္း သတိေပးထားပါတယ္။

ဘာေၾကာင့္ ဒီသတိေပးခ်က္ကို ထုတ္ျပန္တာလဲ ဆိုတာကိုေတာ့ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက မေျပာပါဘူး။

ဒီသတိေပးခ်က္ကို အေမရိကန္နဲ႔ တ႐ုတ္ ႏွစ္ႏုိင္ငံအၾကား အျငင္းပြားမႈမ်ိဳးစုံနဲ႔ ဆက္ဆံေရး တင္းမာေနခ်ိန္မွာ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ COVID-19 ကပ္ေရာဂါကိစၥ အပါအဝင္ ကုန္သြယ္ေရး၊ ေဟာင္ေကာင္အေရး၊ Xinjiang ျပည္နယ္ထဲက မြတ္စလင္လူနည္းစု Uighurs အေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တဲ့ ကိစၥေတြေၾကာင့္ ႏွစ္ႏုိင္ငံအၾကား ဆက္ဆံေရး မေျပမလည္ ျဖစ္ေနတာပါ။

မၾကာေသးမီကပဲ ႏွစ္ဖက္စလုံးက တာဝန္ရွိသူတခ်ဳိ႕အေပၚ ဗီဇာပိတ္ပင္တာေတြ အျပန္အလွန္ လုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

တရုတ်နိုင်ငံတွင်း အမေရိကန်တွေ ဖမ်းခံရမယ့်အန္တရာယ် နိုင်ငံခြားရေးဌာန သတိပေး

တရုတ်နိုင်ငံထဲ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ လုံခြုံရေး သတိဝီရိယနဲ့ နေထိုင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘေးအန္တရာယ်ကင်းရေး သတိပေးချက်တရပ် စနေနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရမှာနဲ့ တရုတ်နိုင်ငံထဲက ထွက်ခွာခွင့် မပြုတာတွေ အပါအဝင် ဥပဒေပြင်ပ အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ဆောင်လာမယ့် အန္တရာယ် ရှိတဲ့အတွက် အခုလို သတိပေးချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ကိုယ်ကျူးလွန်တယ်ဆိုတဲ့ ပြစ်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မသိရဘဲ အမေရိကန် နိုင်ငံသားတွေ ဖမ်းဆီးထိန်းသိမ်းခံရနိုင်သလို အမေရိကန် ကောင်စစ်ဌာနရဲ့ အကူအညီကို မရရှိဘဲ ထိန်းသိမ်းခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ အချိန်ကြာ စစ်ကြောမေးမြန်းခံရနိုင်သလို ရက်တိုးထိန်းသိမ်းခံရတာကိုလည်း ကြုံရနိုင်တယ်လို့ ပြောပါတယ်။

တရုတ်အစိုးရကို ဝေဖန်တာတွေ ပါဝင်တဲ့ ကိုယ်ရေးကိုယ်တာ ရေးသားပေးပို့တဲ့ မက်ဆေ့ချ်တွေကြောင့် အမေရိကန်နိုင်ငံသားတွေကို တရုတ် လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီး ဒါမှမဟုတ် ပြည်နှင်ဒဏ် ပေးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဘာကြောင့် ဒီသတိပေးချက်ကို ထုတ်ပြန်တာလဲ ဆိုတာကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မပြောပါဘူး။

ဒီသတိပေးချက်ကို အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံအကြား အငြင်းပွားမှုမျိုးစုံနဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကိစ္စ အပါအဝင် ကုန်သွယ်ရေး၊ ဟောင်ကောင်အရေး၊ Xinjiang ပြည်နယ်ထဲက မွတ်စလင်လူနည်းစု Uighurs အပေါ် လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး မပြေမလည် ဖြစ်နေတာပါ။

မကြာသေးမီကပဲ နှစ်ဖက်စလုံးက တာဝန်ရှိသူတချို့အပေါ် ဗီဇာပိတ်ပင်တာတွေ အပြန်အလှန် လုပ်ခဲ့ကြပါတယ်။

XS
SM
MD
LG