[Zawgyi/Unicode]
တ႐ုတ္အစိုးရ တာဝန္႐ွိသူေတြအေပၚ အေမရိကန္က အေရးယူ ဒဏ္ခတ္ခဲ့တာကို တုံ႔ျပန္မယ္လို႔ တ႐ုတ္အစုိးရက ေျပာၾကားလိုက္ပါတယ္။
တ႐ုတ္ႏိုင္ငံက လူနည္းစု ဝိဂါမြတ္ဆလင္ေတြအေပၚ အစုိးရက လူ႔အခြင့္အေရး ခ်ဳိးေဖာက္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ ႐ွင္က်န္းေဒသရဲ႕ ကြန္ျမဴနစ္ပါတီအတြင္းေရးမွဴး ေပါလစ္ျဗဴ႐ိုအဖဲြ႔ဝင္တေယာက္နဲ႔ အရာ႐ွိ သံုး ေယာက္ကို အေမရိကန္က ၾကာသပေတးေန႔က ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ခဲ့ပါတယ္။
ဒါဟာ တ႐ုတ္ျပည္တြင္းေရးကို အႀကီးအက်ယ္ ဝင္စြက္တာျဖစ္လို႔ ႏွစ္ ႏိုင္ငံဆက္ဆံေရးကို အႀကီးအက်ယ္ ထိခိုက္ေစတယ္လို႔ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian က သတင္းေထာက္ေတြကို ဒီကေန႔ ေျပာၾကားပါတယ္။
"အေမရိကန္ရဲ႕ မွားယြင္းတဲ့အဆံုးအျဖတ္ကို ျပင္ဆင္ဖုိ႔ တ႐ုတ္က တိုက္တြန္းပါတယ္။ တ႐ုတ္ျပည္တြင္းေရးကို ဝင္စြက္ဖက္ေနတာနဲ႔ တ႐ုတ္အက်ဳိးစီးပြား ထိခိုက္ေအာင္လုပ္ေနတာေတြ မရပ္ရင္ တ႐ုတ္ဘက္က တန္ျပန္ေဆာင္႐ြက္မႈေတြ လုပ္သြားရလိမ့္မယ္။" လို႔ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရကေျပာပါတယ္။
႐ွင္က်န္းေဒသထဲက ဝိဂါမြတ္ဆလင္ေထာင္နဲ႔ခ်ီကို တ႐ုတ္အစိုးရက ျပဳျပင္ေရးစခန္းေတြမွာ ထိန္းသိမ္းၿပီး ဖိႏွိပ္မႈေတြလုပ္ေနသလို ဝိဂါတုိ႔ရဲ႕ ကိုယ္ပိုင္ယဥ္ေက်းမႈ ဘာသာေရးယံုၾကည္မႈေတြ ေပ်ာက္ေအာင္ တ႐ုတ္အစိုးရက လုပ္ေနတယ္လို႔ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရးအဖဲြ႔ေတြက ေျပာေနၾကပါတယ္။
[Unicode Version]
တရုတ်တာဝန်ရှိသူတွေအပေါ် ကန်အရေးယူမှု လက်တုံ့ပြန်မယ် - တရုတ်နိုင်ငံခြားရေးဌာန
တရုတ်အစိုးရ တာဝန်ရှိသူတွေအပေါ် အမေရိကန်က အရေးယူ ဒဏ်ခတ်ခဲ့တာကို တုံ့ပြန်မယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံက လူနည်းစု ဝိဂါမွတ်ဆလင်တွေအပေါ် အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရှင်ကျန်းဒေသရဲ့ ကွန်မြူနစ်ပါတီအတွင်းရေးမှူး ပေါလစ်ဗြူရိုအဖွဲ့ဝင်တယောက်နဲ့ အရာရှိ သုံး ယောက်ကို အမေရိကန်က ကြာသပတေးနေ့က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
ဒါဟာ တရုတ်ပြည်တွင်းရေးကို အကြီးအကျယ် ဝင်စွက်တာဖြစ်လို့ နှစ် နိုင်ငံဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က သတင်းထောက်တွေကို ဒီကနေ့ ပြောကြားပါတယ်။
"အမေရိကန်ရဲ့ မှားယွင်းတဲ့အဆုံးအဖြတ်ကို ပြင်ဆင်ဖို့ တရုတ်က တိုက်တွန်းပါတယ်။ တရုတ်ပြည်တွင်းရေးကို ဝင်စွက်ဖက်နေတာနဲ့ တရုတ်အကျိုးစီးပွား ထိခိုက်အောင်လုပ်နေတာတွေ မရပ်ရင် တရုတ်ဘက်က တန်ပြန်ဆောင်ရွက်မှုတွေ လုပ်သွားရလိမ့်မယ်။" လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရကပြောပါတယ်။
ရှင်ကျန်းဒေသထဲက ဝိဂါမွတ်ဆလင်ထောင်နဲ့ချီကို တရုတ်အစိုးရက ပြုပြင်ရေးစခန်းတွေမှာ ထိန်းသိမ်းပြီး ဖိနှိပ်မှုတွေလုပ်နေသလို ဝိဂါတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ဘာသာရေးယုံကြည်မှုတွေ ပျောက်အောင် တရုတ်အစိုးရက လုပ်နေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောနေကြပါတယ်။