သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြမွာ COVID လူနာေတြ မႏုိင္ရင္ ရန္ကုန္ေရႊ႕ဖို႔ထိ စဥ္းစားသံုးသပ္


မွတ္တမ္းဓါတ္ပံု- ေမလ ၁၆ ရက္ေန႔တုန္းက ရန္ကုန္ ကြာရန္တင္းစင္တာတခုတြင္ ေစတနာ့၀န္ထမ္းမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

COVID ကူးစက္မူအသစ္ ျမန္မာႏိုင္ငံမွာ ေနာက္ဆံုး ၁၀၀ နီးပါး ထပ္စံခ်ိန္တင္ ေတြ႔ခဲ့ရၿပီး အမ်ားစုက ရခိုင္ျပည္နယ္က ျဖစ္တာမို႔၊ အမ်ားဆံုးလူနာေတြကိုင္တြယ္ေနရတဲ့ စစ္ေတြေဆးရံုမွာ ဘယ္လိုဆက္ၿပီး ေဆာင္ရြက္သြားမွာကို ေဆးရံုအုပ္ႀကီး ေဒါက္တာေဇာ္လြင္ကို ကို၀င္းမင္းက ေမးျမန္းထားပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေဒါက္တာေဇာ္လြင္ခင္ဗ်ား က်ေနာ္တုိ႔အခု ေနာက္ဆံုး ပိုးေတြ႔သူအသစ္ ၉၅ ဦးေပါ့ေနာ္ စံခ်ိန္တင္ တက္သြားၿပီးေတာ့ စုစုေပါင္းကလည္း ၉၀၀ နီးပါးေလာက္ ေရာက္သြားတဲ့အခါက်ေတာ့ မၾကာခင္မွာ ေထာင္ဂဏန္းကို ၀င္လာမယ့္ အဆင့္ရွိတဲ့အတြက္ အဓိက ဆရာတို႔ ေဆးရံု၀န္ထမ္းေတြ ကူးစက္တာနဲ႔ လူနာေတြကို ထိန္းသိမ္းႏိုင္ေအာင္ေပ့ါေနာ္၊ ဘာေတြျပင္ဆင္ထားသလဲဆိုတာ က်ေနာ့္ကို ရွင္းျပေပးပါ။

ေဒါက္တာေဇာ္လြင္။ ။ အဓိကေတာ့ က်ေနာ္တို႔ကေတာ့ေဆးရံုဆိုေတာ့ လူနာေတြ ေဆးကုသႏိုင္ဖို႔ေနရာေတြကို အတတ္ႏိုင္ဆံုးျပင္တာေပါ့ေနာ္။ ျပင္ထားတဲ့အထဲမွာ ဒီေန႔အထိ ၁၈၃ ေယာက္ရွိၿပီေပါ့ေနာ္။ ေနာက္ထပ္ COVID လူနာ ၁၁၀ေလာက္ကို ေဆးရံုကို သူနာျပဳသင္တန္းေက်ာင္း တိုင္းရင္းေဆးရံု ဆိုရင္ ေနာက္ထပ္ ၃ ေနရာမွာ လူနာေတြ ၁၁၀ေလာက္ သူတို႔ လက္ခံႏိုင္တဲ့အေနအထားရွိပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ ၁၁၀ ဆိုတာကလည္း ေန႔ခ်င္းညခ်င္းေျပာင္းသြားႏိုင္တာေပါ့ေနာ္။ အခုဟာ ရာဂဏန္းနဲ႔ နီးပါးေလာက္ ခ်ီၿပီးတက္လာေတာ့ ဆရာ ေနာက္ထပ္ဘာမ်ား စီစဥ္ထားတာရွိလဲ လူနာေတြထပ္မ်ားလာလို႔ရွိရင္ ။

ေဒါက္တာေဇာ္လြင္။ ။ ျပည္နယ္အစိုးရအဖြဲ႔က စီစဥ္ထားတာရွိပါတယ္။ စစ္ေတြသကၠသိုလ္ေပါ့ ေနရာ အက်ယ္ႀကီးေပါ့ေနာ္ ၊ ေနာက္ထပ္ရန္ကုန္ ေဖာင္ႀကီးလိုမ်ိဳးေပါ့ အဲဒီမွာ အနည္းဆံုး ၃၀၀ ေလာက္အထိ အဲဒီေနရာေတြကိုလည္း ျပည္နယ္အစိုးရအဖြဲ႔ကေနမွ ႀကိဳတင္ျပင္ဆင္မႈ ေဆာင္ရြက္ေနတယ္ေပါ့ေနာ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ ဒီေနရာမွာ ေရာဂါပိုးအသစ္ကလည္း ကူးတာ ျမန္လြန္းအားႀကီးတယ္ေပါ့ေနာ္၊ ေတြ႔ထားတာက၊ ျပင္းထန္မႈကေတာ့ နည္းေနေသးတယ္။ ဒါေပမယ့္ တျခားအိမ္နီးခ်င္းႏိုင္ငံေတြမွာ အထူးသျဖင့္ အိႏိၵယ လိုမ်ိဳးေပါ့ေနာ္ ပိုးေတြက ထပ္ၿပီးေတာ့ မ်ိဳးရိုးဗီဇေျပာင္းေျပာင္းၿပီးေတာ့ ေသႏႈန္းပါ မ်ားလာတာ ေတြ႔ရတယ္။ အဲဒီအေနအထားမ်ိဳးေရာ စစ္ေတြမွာျဖစ္လာမွာ စိုးရိမ္ရသလား။

ေဒါက္တာေဇာ္လြင္။ ။ အခုက်ေနာ္တုိ႔က ပထမ Case (ပိုးေတြ႔လူနာ) ေတြဆို ဒါ (အခု) Second Week (ဒုတိယအပတ္) ေပါ့ေနာ္၊ အနည္းဆံုးေတာ့ Third Week (တတိယအပတ္) အတြင္းေပါ့၊ က်ေနာ္တို႔ ေနာက္တပတ္အတြင္းေပါ့ နည္းနည္းေစာင့္ၾကည့္ရဦးမွာေပါ့ေနာ္။ ဒီမွာကေတာ့ အတတ္ႏိုင္ဆံုးေတာ့ က်ေနာ္တို႔ကေတာ့ အသက္ရႈစက္ေတြ ၄ လံုးကေန ၆ လံုးအထိ တပ္လို႔ရေအာင္ က်ေနာ္တို႔ ျပင္ထားတာေပါ့။ တကယ္တမ္းက်ေတာ့ အထူးသျဖင့္ Ventilator (အသက္ရႈစက္) တင္ရတဲ့ Rate (ႏႈန္း)ကလည္း အင္မတန္မွ နည္းပါတယ္။ အရင္တံုးက Central (ဗဟို) မွာေပါ့၊ ရန္ကုန္တို႔မွာ ျဖစ္တဲ့ဟာေတြဆိုရင္ေတာ့ Ventilator (အသက္ရႈစက္) တင္ရတဲ့ rate (ႏွႈန္း) က တအားနည္းတယ္ေပါ့။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ ေက်ာက္ျဖဴကိုေတာ္ေတာ္မ်ားမ်ား ပို႔ထားတယ္လို႔ ၾကားပါတယ္ဆရာ။ ၀န္ထမ္းအင္အားေရာ အသံုးျပဳဖို႔ လံုေလာက္ပါတယ္ေနာ္ ဒီစက္ေတြသံုးဖို႔အတြက္။

ေဒါက္တာေဇာ္လြင္။ ။ ၀န္ထမ္းအင္အားလက္ရွိ က်ေနာ္တို႔ေဆးရံုမွာလည္း ရွိတယ္ ။ Volunteer (ေစတနာ့ဝန္ထမ္း) ေတြလည္း ၈၆ ေယာက္ဆိုေတာ့ အဲဒီမွာ အလႊာအသီးသီးပါပါတယ္။ အထူးကုေရာ၊ လက္ေထာက္ဆရာ၀န္ေတြ၊ ဆရာမ၊ ကၽြမ္းက်င္ပညာရွင္ေတြေရာ အကုန္ပါတဲ့အတြက္ လက္ရွိ အေနအထားကေတာ့ အဆင္ေျပလာမယ့္ အေနအထားေတာ့ ရွိပါေသးတယ္။

ကို၀င္းမင္း။ ။ ေနာက္တခု ဆရာ က်ေနာ္အထူးစိုးရိမ္တာက ေဆးရံု၀န္ထမ္းေတြ စထိတာကို၊ အဲဒီအခါက်ေတာ့ ေဆးရံု၀န္ထမ္းေတြကလည္း နီးစပ္တဲ့လူက ေဆးရံု၀န္ထမ္းေတြကို။ အိႏိၵယမွာဆိုရင္ ေတာ္ေတာ္ေလးကို ေဆးရံု၀န္ထမ္းေတြထိတာကို။ အဲဒီအခါက်ေတာ့ အခုစစ္ေတြေဆးရံုကို အခုဒီ ခြဲၿပီးေတာ့ လုပ္တဲ့အေနအထား ေပါ့ေနာ္ COVID မဟုတ္တဲ့လူနာရယ္ ၊ ေနာက္ COVID လူနာရယ္ေပါ့ေနာ္ ။ အဲဒီအေနအထားက ေရရွည္မွာ ဆက္ထိန္းႏိုင္ပါ့မလား ။ ရန္ကုန္ ေ၀ဘာဂီမွာလို ျပင္ဆင္တဲ့အေနအထားရွိလား၊ သီးသန္႔ေပါ့။

ေဒါက္တာေဇာ္လြင္။ ။ လက္ရွိမွာေတာ့ က်ေနာ္တို႔အားသာတာကေတာ့ ရန္ကုန္ေဆးရံုထက္စာရင္ေတာ့ က်ေနာ္တို႔ ေျမေနရာက်ယ္တာေပါ့။ အေဆာင္လိုက္ သီးျခားရွိတယ္ေပါ့ေနာ္။ အေဆာင္ကူးတဲ့ ေလွ်ာက္လမ္းေတြမွာ ပိတ္လိုက္တာေပါ့ေနာ္။ COVID က သပ္သပ္၊ COVID က်ေတာ့ ေဆးရံရဲ့ လမ္းနဲ႔ သီးျခားျဖစ္တဲ့ေနရာမွာ က်ေနာ္တို႕က ေဆာင္ရြက္တာေပါ့ေနာ္။ ဒီအတြင္းပိုင္းေတြမွာေတာ့ Non-COVID ေတြကို ကုတာေပါ့ေနာ္။ ေနာက္ပိုင္းမ်ားလာရင္ေတာ့ ခုနေျပာတဲ့ လူအမ်ားဆံုးဆန္႔တဲ့ေနရာ စစ္ေတြသကၠသိုလ္ ေနရာတို႔ ဒီ အားကစားရံု ေနရာမ်ိဳးတို႔ ရာေပါင္းမ်ားစြာခ်ီၿပီးေတာ့ ကုသႏိုင္တဲ့ေနရာမ်ိဳးေတြ လုိအပ္မယ္ဆိုရင္ ျပင္ဆင္ႏိုင္ေအာင္လို႔ ဒါႀကိဳတင္ၿပီးေတာ့ စဥ္းစားေဆာင္ရြက္ထားတယ္ေပါ့ေနာ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ စစ္ေတြေဆးရံုကို ေ၀ဘာဂီလိုေျပာင္းမယ့္အစား ခုနကစစ္ေတြတကၠသိုလ္နဲ႔ ေနာက္ပိုင္း အားကစားရံုအထိပါေပါ့ေနာ္ အဲဒီမွာ သီးသန္႔လုပ္ဖို႔ စဥ္းစားတဲ့သေဘာေပါ့ေနာ္။

ေဒါက္တာေဇာ္လြင္။ ။ ဟုတ္

ကို၀င္းမင္း။ ။ ဆရာ ေဆးရံုပစၥည္းေတြေရာ ပို႔ဖို႔လိုမလား ျပင္းျပင္းထန္ထန္ျဖစ္လာရင္။

ေဒါက္တာေဇာ္လြင္။ ။ လက္ရွိမွာေတာ့ တအားျပင္းထန္တာမရွိဘူးေပါ့ေနာ္။ COVID လူနာ ေရာဂါဆိုးတယ္ ဆိုရင္ ေဆးရံုမွာ ကုမယ္ ၊ သက္သာတဲ့လူေတြဆိုရင္ အဲလိုမ်ိဳး အျပင္ အျပင္ Center(ေနရာ) ေတြမွာ ကုမယ္ေပါ့ေနာ္။ ေနာက္ပိုင္းမ်ားလာရင္ေတာ့ အဲလိုေဆာင္ရြက္ရမွာေပါ့ေနာ္။ အေကာင္းဆံုးျဖစ္ေအာင္က်ေနာ္ လူႀကီးေတြလည္း ဒီမွာလိုအပ္ရင္ ေဆးရံုလိုမ်ိဳးမ်ားထပ္ၿပီးေတာ့ ေဆာက္ေပးရမလားဆိုတဲ့သေဘာအထိ စဥ္းစားေနတာေပါ့ေနာ္။ တကယ့္ ႏိုင္ငံေတာ္အဆင့္အထိ စဥ္းစားေနပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ ေနာက္တခုက ဒီ ပိုးေတြ႔လူနာေတြကို ရန္ကုန္ကို ပို႔မယ့္အစီအစဥ္ေတြဘာေတြေရာ စဥ္းစားထားတာ ရွိေသးသလား။

ေဒါက္တာေဇာ္လြင္။ ။ အဲဒါကေတာ့ လူႀကီးေတြကေတာ့ အၾကမ္းဖ်ဥ္း စဥ္းစားေနပါတယ္။ ခုနဆရာေျပာသလိုေပါ့၊ ဒီမွာမ်ားသြားလိမ့္မယ္၊ တခုခုဆို။ ဟိုမွာ (ရန္ကုန္) မွာက ျပင္ၿပီးသားအရံသင့္ရွိတာကို၊ ရွိေတာ့ သူတို႔လည္းဒါကို ခ်ိန္ဆေနတဲ့ အေနအထားမ်ိဳးေပါ့။ ေနာက္ဆံုးအေကာင္းဆံုးျဖစ္ေအာင္ေတာ့ လူႀကီးေတြက စဥ္းစားၿပီးေတာ့ ေဆာင္ရြက္မယ္လို႔ဆိုတာမ်ိဳး က်ေနာ္တို႔ဒါ သိရွိပါတယ္ခင္ဗ်။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္ခင္ဗ်။ အားလံုးေအာင္ျမင္ပါေစလုိ႔ ဆုေတာင္းေပးပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

စစ်တွေမှာ COVID လူနာတွေ မနိုင်ရင် ရန်ကုန်ရွှေ့ဖို့ထိ စဉ်းစားသုံးသပ်

(Unicode)

COVID ကူးစက်မူအသစ် မြန်မာနိုင်ငံမှာ နောက်ဆုံး ၁၀၀ နီးပါး ထပ်စံချိန်တင် တွေ့ခဲ့ရပြီး အများစုက ရခိုင်ပြည်နယ်က ဖြစ်တာမို့၊ အများဆုံးလူနာတွေကိုင်တွယ်နေရတဲ့ စစ်တွေဆေးရုံမှာ ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားမှာကို ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒေါက်တာဇော်လွင်ခင်ဗျား ကျနော်တို့အခု နောက်ဆုံး ပိုးတွေ့သူအသစ် ၉၅ ဦးပေါ့နော် စံချိန်တင် တက်သွားပြီးတော့ စုစုပေါင်းကလည်း ၉၀၀ နီးပါးလောက် ရောက်သွားတဲ့အခါကျတော့ မကြာခင်မှာ ထောင်ဂဏန်းကို ဝင်လာမယ့် အဆင့်ရှိတဲ့အတွက် အဓိက ဆရာတို့ ဆေးရုံဝန်ထမ်းတွေ ကူးစက်တာနဲ့ လူနာတွေကို ထိန်းသိမ်းနိုင်အောင်ပေ့ါနော်၊ ဘာတွေပြင်ဆင်ထားသလဲဆိုတာ ကျနော့်ကို ရှင်းပြပေးပါ။

ဒေါက်တာဇော်လွင်။ ။ အဓိကတော့ ကျနော်တို့ကတော့ဆေးရုံဆိုတော့ လူနာတွေ ဆေးကုသနိုင်ဖို့နေရာတွေကို အတတ်နိုင်ဆုံးပြင်တာပေါ့နော်။ ပြင်ထားတဲ့အထဲမှာ ဒီနေ့အထိ ၁၈၃ ယောက်ရှိပြီပေါ့နော်။ နောက်ထပ် COVID လူနာ ၁၁၀လောက်ကို ဆေးရုံကို သူနာပြုသင်တန်းကျောင်း တိုင်းရင်းဆေးရုံ ဆိုရင် နောက်ထပ် ၃ နေရာမှာ လူနာတွေ ၁၁၀လောက် သူတို့ လက်ခံနိုင်တဲ့အနေအထားရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ၁၁၀ ဆိုတာကလည်း နေ့ချင်းညချင်းပြောင်းသွားနိုင်တာပေါ့နော်။ အခုဟာ ရာဂဏန်းနဲ့ နီးပါးလောက် ချီပြီးတက်လာတော့ ဆရာ နောက်ထပ်ဘာများ စီစဉ်ထားတာရှိလဲ လူနာတွေထပ်များလာလို့ရှိရင် ။

ဒေါက်တာဇော်လွင်။ ။ ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ထားတာရှိပါတယ်။ စစ်တွေသက္ကသိုလ်ပေါ့ နေရာ အကျယ်ကြီးပေါ့နော် ၊ နောက်ထပ်ရန်ကုန် ဖောင်ကြီးလိုမျိုးပေါ့ အဲဒီမှာ အနည်းဆုံး ၃၀၀ လောက်အထိ အဲဒီနေရာတွေကိုလည်း ပြည်နယ်အစိုးရအဖွဲ့ကနေမှ ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်နေတယ်ပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ ဒီနေရာမှာ ရောဂါပိုးအသစ်ကလည်း ကူးတာ မြန်လွန်းအားကြီးတယ်ပေါ့နော်၊ တွေ့ထားတာက၊ ပြင်းထန်မှုကတော့ နည်းနေသေးတယ်။ ဒါပေမယ့် တခြားအိမ်နီးချင်းနိုင်ငံတွေမှာ အထူးသဖြင့် အိန္ဒိယ လိုမျိုးပေါ့နော် ပိုးတွေက ထပ်ပြီးတော့ မျိုးရိုးဗီဇပြောင်းပြောင်းပြီးတော့ သေနှုန်းပါ များလာတာ တွေ့ရတယ်။ အဲဒီအနေအထားမျိုးရော စစ်တွေမှာဖြစ်လာမှာ စိုးရိမ်ရသလား။

ဒေါက်တာဇော်လွင်။ ။ အခုကျနော်တို့က ပထမ Case (ပိုးတွေ့လူနာ) တွေဆို ဒါ (အခု) Second Week (ဒုတိယအပတ်) ပေါ့နော်၊ အနည်းဆုံးတော့ Third Week (တတိယအပတ်) အတွင်းပေါ့၊ ကျနော်တို့ နောက်တပတ်အတွင်းပေါ့ နည်းနည်းစောင့်ကြည့်ရဦးမှာပေါ့နော်။ ဒီမှာကတော့ အတတ်နိုင်ဆုံးတော့ ကျနော်တို့ကတော့ အသက်ရှုစက်တွေ ၄ လုံးကနေ ၆ လုံးအထိ တပ်လို့ရအောင် ကျနော်တို့ ပြင်ထားတာပေါ့။ တကယ်တမ်းကျတော့ အထူးသဖြင့် Ventilator (အသက်ရှုစက်) တင်ရတဲ့ Rate (နှုန်း)ကလည်း အင်မတန်မှ နည်းပါတယ်။ အရင်တုံးက Central (ဗဟို) မှာပေါ့၊ ရန်ကုန်တို့မှာ ဖြစ်တဲ့ဟာတွေဆိုရင်တော့ Ventilator (အသက်ရှုစက်) တင်ရတဲ့ rate (နှှုန်း) က တအားနည်းတယ်ပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ ကျောက်ဖြူကိုတော်တော်များများ ပို့ထားတယ်လို့ ကြားပါတယ်ဆရာ။ ဝန်ထမ်းအင်အားရော အသုံးပြုဖို့ လုံလောက်ပါတယ်နော် ဒီစက်တွေသုံးဖို့အတွက်။

ဒေါက်တာဇော်လွင်။ ။ ဝန်ထမ်းအင်အားလက်ရှိ ကျနော်တို့ဆေးရုံမှာလည်း ရှိတယ် ။ Volunteer (စေတနာ့ဝန်ထမ်း) တွေလည်း ၈၆ ယောက်ဆိုတော့ အဲဒီမှာ အလွှာအသီးသီးပါပါတယ်။ အထူးကုရော၊ လက်ထောက်ဆရာဝန်တွေ၊ ဆရာမ၊ ကျွမ်းကျင်ပညာရှင်တွေရော အကုန်ပါတဲ့အတွက် လက်ရှိ အနေအထားကတော့ အဆင်ပြေလာမယ့် အနေအထားတော့ ရှိပါသေးတယ်။

ကိုဝင်းမင်း။ ။ နောက်တခု ဆရာ ကျနော်အထူးစိုးရိမ်တာက ဆေးရုံဝန်ထမ်းတွေ စထိတာကို၊ အဲဒီအခါကျတော့ ဆေးရုံဝန်ထမ်းတွေကလည်း နီးစပ်တဲ့လူက ဆေးရုံဝန်ထမ်းတွေကို။ အိန္ဒိယမှာဆိုရင် တော်တော်လေးကို ဆေးရုံဝန်ထမ်းတွေထိတာကို။ အဲဒီအခါကျတော့ အခုစစ်တွေဆေးရုံကို အခုဒီ ခွဲပြီးတော့ လုပ်တဲ့အနေအထား ပေါ့နော် COVID မဟုတ်တဲ့လူနာရယ် ၊ နောက် COVID လူနာရယ်ပေါ့နော် ။ အဲဒီအနေအထားက ရေရှည်မှာ ဆက်ထိန်းနိုင်ပါ့မလား ။ ရန်ကုန် ဝေဘာဂီမှာလို ပြင်ဆင်တဲ့အနေအထားရှိလား၊ သီးသန့်ပေါ့။

ဒေါက်တာဇော်လွင်။ ။ လက်ရှိမှာတော့ ကျနော်တို့အားသာတာကတော့ ရန်ကုန်ဆေးရုံထက်စာရင်တော့ ကျနော်တို့ မြေနေရာကျယ်တာပေါ့။ အဆောင်လိုက် သီးခြားရှိတယ်ပေါ့နော်။ အဆောင်ကူးတဲ့ လျှောက်လမ်းတွေမှာ ပိတ်လိုက်တာပေါ့နော်။ COVID က သပ်သပ်၊ COVID ကျတော့ ဆေးရံရဲ့ လမ်းနဲ့ သီးခြားဖြစ်တဲ့နေရာမှာ ကျနော်တို့က ဆောင်ရွက်တာပေါ့နော်။ ဒီအတွင်းပိုင်းတွေမှာတော့ Non-COVID တွေကို ကုတာပေါ့နော်။ နောက်ပိုင်းများလာရင်တော့ ခုနပြောတဲ့ လူအများဆုံးဆန့်တဲ့နေရာ စစ်တွေသက္ကသိုလ် နေရာတို့ ဒီ အားကစားရုံ နေရာမျိုးတို့ ရာပေါင်းများစွာချီပြီးတော့ ကုသနိုင်တဲ့နေရာမျိုးတွေ လိုအပ်မယ်ဆိုရင် ပြင်ဆင်နိုင်အောင်လို့ ဒါကြိုတင်ပြီးတော့ စဉ်းစားဆောင်ရွက်ထားတယ်ပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ စစ်တွေဆေးရုံကို ဝေဘာဂီလိုပြောင်းမယ့်အစား ခုနကစစ်တွေတက္ကသိုလ်နဲ့ နောက်ပိုင်း အားကစားရုံအထိပါပေါ့နော် အဲဒီမှာ သီးသန့်လုပ်ဖို့ စဉ်းစားတဲ့သဘောပေါ့နော်။

ဒေါက်တာဇော်လွင်။ ။ ဟုတ်

ကိုဝင်းမင်း။ ။ ဆရာ ဆေးရုံပစ္စည်းတွေရော ပို့ဖို့လိုမလား ပြင်းပြင်းထန်ထန်ဖြစ်လာရင်။

ဒေါက်တာဇော်လွင်။ ။ လက်ရှိမှာတော့ တအားပြင်းထန်တာမရှိဘူးပေါ့နော်။ COVID လူနာ ရောဂါဆိုးတယ် ဆိုရင် ဆေးရုံမှာ ကုမယ် ၊ သက်သာတဲ့လူတွေဆိုရင် အဲလိုမျိုး အပြင် အပြင် Center(နေရာ) တွေမှာ ကုမယ်ပေါ့နော်။ နောက်ပိုင်းများလာရင်တော့ အဲလိုဆောင်ရွက်ရမှာပေါ့နော်။ အကောင်းဆုံးဖြစ်အောင်ကျနော် လူကြီးတွေလည်း ဒီမှာလိုအပ်ရင် ဆေးရုံလိုမျိုးများထပ်ပြီးတော့ ဆောက်ပေးရမလားဆိုတဲ့သဘောအထိ စဉ်းစားနေတာပေါ့နော်။ တကယ့် နိုင်ငံတော်အဆင့်အထိ စဉ်းစားနေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ နောက်တခုက ဒီ ပိုးတွေ့လူနာတွေကို ရန်ကုန်ကို ပို့မယ့်အစီအစဉ်တွေဘာတွေရော စဉ်းစားထားတာ ရှိသေးသလား။

ဒေါက်တာဇော်လွင်။ ။ အဲဒါကတော့ လူကြီးတွေကတော့ အကြမ်းဖျဉ်း စဉ်းစားနေပါတယ်။ ခုနဆရာပြောသလိုပေါ့၊ ဒီမှာများသွားလိမ့်မယ်၊ တခုခုဆို။ ဟိုမှာ (ရန်ကုန်) မှာက ပြင်ပြီးသားအရံသင့်ရှိတာကို၊ ရှိတော့ သူတို့လည်းဒါကို ချိန်ဆနေတဲ့ အနေအထားမျိုးပေါ့။ နောက်ဆုံးအကောင်းဆုံးဖြစ်အောင်တော့ လူကြီးတွေက စဉ်းစားပြီးတော့ ဆောင်ရွက်မယ်လို့ဆိုတာမျိုး ကျနော်တို့ဒါ သိရှိပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။ အားလုံးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG