သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ တ႐ုတ္သံတမန္ ျမန္မာ့ၿငိမ္းခ်မ္းေရးေဆြးေႏြး


တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ Mr.Yang Jiechi တို႔ ေတြ႕ဆုံတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ - စက္တင္ဘာ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံကို အလည္အပတ္ေရာက္ေနတဲ့ တ႐ုတ္ထိပ္တန္းသံတမန္ ယန္ေဂ်ခ်ီဟာ ျမန္မာကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ေတြ႕ဆံုၿပီး၊ ျမန္မာႏိုင္ငံေရးၿငိမ္းခ်မ္ေရးလုပ္ငန္းစဥ္ေတြနဲ႔ ေရြးေကာက္ပဲြဆိုင္ရာကိစၥတခ်ိဳ႕ ေဆြးေႏြးခဲ့ရာမွာ ျမန္မာ့ၿငိမ္းခ်မ္းေရးေရွ႕ဆက္ႏိုင္ဖို႔ NCA တႏိုင္ငံလံုးအပစ္ရပ္ေရးစာခ်ဳပ္ကို လက္မွတ္ေရးထိုးဖို႔ လိုအပ္ခ်က္ေတြ ေဆြးေႏြးခဲ့ၾကတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ထုတ္ျပန္ပါတယ္။

တပ္မေတာ္အေနနဲ႔ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ေရး၊ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေတာ္ကအၾကမ္းဖက္ သတ္မွတ္ေၾကညာထားတဲ့ အၾကမ္းဖက္အဖြဲ႕အစည္းေတြရွိတဲ့ေနရာေတြကလြဲၿပီး က်န္တဲ့ေနရာေတြမွာ စက္တင္ဘာလ ၃၀ ရက္အထိ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈေတြကို ရပ္ဆိုင္းေပးထားတဲ့ အေျခအေနေတြကို ေဆြးေႏြးေျပာၾကားခဲ့ပါတယ္။

လတ္တေလာရင္ဆိုင္ေနရတဲ့ ကိုဗစ္ကပ္ေရာဂါအၾကပ္အတည္း အကူအညီေပးေရးကိစၥေတြ ႏွစ္ႏိုင္ငံ နယ္စပ္လံုျခံဳေရးနဲ႔ မူးယစ္ေဆးဝါးတိ္ုက္ဖ်က္ေရး အေျခအေနေတြကို ေဆြးေႏြးၾကတယ္လို႔ သိရပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ျမန္မာႏိုင္ငံမွာ ေရာက္ရွိေနတဲ့ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ Mr. Yang Jiechi ဦးေဆာင္တဲ့ကိုယ္စားလွယ္အဖြဲ႕ကို ဒီကေန႔ မနက္ပိုင္းကေနျပည္ေတာ္ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္မွာ ေတြ႕ဆံုခဲ့တာပါ။

ျမန္မာျပည္ေရာက္ေနတဲ့ တ႐ုတ္ထိပ္တန္းသံတမန္ဟာ မေန႔တုန္းကေတာ့ ႏိ္ုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း ေတြ႕ဆံုၿပီး၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္ေရးကိစၥ အာရွေဒသတြင္းကိစၥအျပင္ ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္လို႔လည္း ေဆြးေႏြးခဲ့ၾကပါတယ္။

ရခိုင္ျပည္နယ္က ေနရပ္စြန္႔ခြာသူေတြကို ျပန္လည္ေနရာခ်ထားေရးကိစၥ ေအာင္ျမင္ေရးအတြက္ တ႐ုတ္ႏိုင္ငံဘက္က ကူညီပံပိုးဖို႔ရွိသလို ျမန္မာအစိုးရရဲ႕ ႀကိဳးပမ္းေဆာင္ရြက္မႈေတြကိုလည္း ေထာက္ခံသြားမယ္လို႔ တ႐ုတ္သံတမန္က ေျပာခဲ့ပါတယ္။ တ႐ုတ္ထိပ္တန္းသံတမန္ရဲ႕ အခု ျမန္မာႏိုင္ငံခရီးစဥ္အတြင္းမွာေတာ့ ကပ္ေဘးဒဏ္ထူေထာင္ေရးကိစၥေတြနဲ႔ ေဒသတြင္းကိစၥေတြကို ျမန္မာေခါင္းေဆာင္ေတြနဲ႔ အေလးေပးေဆြးေႏြးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်သံတမန် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေး

မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ တရုတ်ထိပ်တန်းသံတမန် ယန်ဂျေချီဟာ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး၊ မြန်မာနိုင်ငံရေးငြိမ်းချမ်ရေးလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတချို့ ဆွေးနွေးခဲ့ရာမှာ မြန်မာ့ငြိမ်းချမ်းရေးရှေ့ဆက်နိုင်ဖို့ NCA တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးဖို့ လိုအပ်ချက်တွေ ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ Mr.Yang Jiechi တို႔ ေတြ႕ဆုံတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ - စက္တင္ဘာ ၀၂၊ ၂၀၂၀)
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ Mr.Yang Jiechi တို႔ ေတြ႕ဆုံတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ - စက္တင္ဘာ ၀၂၊ ၂၀၂၀)

တပ်မတော်အနေနဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်ကအကြမ်းဖက် သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေမှာ စက်တင်ဘာလ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းပေးထားတဲ့ အခြေအနေတွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

လတ်တလောရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါအကြပ်အတည်း အကူအညီပေးရေးကိစ္စတွေ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခြေအနေတွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် Mr. Yang Jiechi ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ မနက်ပိုင်းကနေပြည်တော် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့တာပါ။

မြန်မာပြည်ရောက်နေတဲ့ တရုတ်ထိပ်တန်းသံတမန်ဟာ မနေ့တုန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံပြီး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စ အာရှဒေသတွင်းကိစ္စအပြင် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်နေရာချထားရေးကိစ္စ အောင်မြင်ရေးအတွက် တရုတ်နိုင်ငံဘက်က ကူညီပံပိုးဖို့ရှိသလို မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်း ထောက်ခံသွားမယ်လို့ တရုတ်သံတမန်က ပြောခဲ့ပါတယ်။ တရုတ်ထိပ်တန်းသံတမန်ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာတော့ ကပ်ဘေးဒဏ်ထူထောင်ရေးကိစ္စတွေနဲ့ ဒေသတွင်းကိစ္စတွေကို မြန်မာခေါင်းဆောင်တွေနဲ့ အလေးပေးဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG