သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္စပ္ေလာင္းကစား၀ုိင္းေတြ ႏွိမ္ႏွင္းေရး တရုတ္-ျမန္မာ ေဆြးေႏြး


Mr Yang Jiechi နဲ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္မွာ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၀၁၊ ၂၀၂၀) (ဓါတ္ပံု-Myanmar State Counsellor Office)

(Zawgyi/Unicode)

တရုတ္ ႏုိင္ငံျခားေရးမူဝါဒ အႀကီးအကဲအေနနဲ႔ မေန႔က ႏုိင္ငံေတာ္ အတိိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ရာမွာ၊ ကိုဗစ္ကာကြယ္ေဆး ကူညီေပးေရးနဲ႔ နယ္စပ္က ေလာင္းကစားဝိုင္းေတြ ပူးေပါင္းႏွိမ္နင္းေရးတို႔ကို ေဆြးေႏြးခဲ့ပါတယ္။

မေန႔ ေန႔လည္က ေနျပည္ေတာ္မွာေတြ႔ရာမွာ တရုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴရိုအဖြဲ႔ဝင္ Yang Jiechi က ကိုဗစ္-၁၉ ကာကြယ္ေဆး စျဖန္႔ႏိုင္တဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံကို ေထာက္ပံ့သြားေရးနဲ႔ ႏွစ္ႏိုင္ငံနယ္စပ္ ေလာင္းကစားအပါအဝင္ တရားမဝင္ကိစၥေတြကို ပူးတြဲတိုက္ဖ်က္သြားေတြကို ေဆြးေႏြးခဲ့တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး Facebook မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံထဲ ကရင္ျပည္နယ္စပ္က ေရႊကုကၠိဳလ္ၿမိဳ႕သစ္ စီမံကိန္းထဲမွာ အခုလို တရားမဝင္လုပ္ငန္းေတြ ပါေနတယ္လို႔ စြတ္စြဲခ်က္ေတြထြက္ေနခ်ိန္မွာ ျမန္မာအစိုးရဘက္ကလည္း စံုစမ္းစစ္ေဆးမူေတြလုပ္ေနေပမဲ့ အပစ္ရပ္ လက္နက္ကိုင္နယ္ေျမမွာမို႔ သတိထား ကိုင္တြယ္ေနရတယ္လို႔ သမၼတရံုးေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာခဲ့ဖူးပါတယ္။

ဒါေပမဲ့ တရုတ္ဘက္ကေတာ့ ဒီေရႊကုကၠိဳလ္ၿမိဳ.သစ္စီမံကိန္းဟာ OBOR လို႔အတိုေခါက္ေခၚတဲ့ ေခတ္သစ္တရုတ္ပိုးလမ္းမစီမံကိန္း ထဲမွာ မပါဘူးလို႔၊ ျမန္မာႏုိင္ငံဆိုင္ရာ တရုတ္သံအမတ္ႀကီးကတဆင့္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကို ဇူလိုင္လလယ္ထဲ ေျပာခဲ့ပါတယ္။

အခု တရုတ္အဆင့္ျမင့္ ႏိုင္ငံျခားေရးခရီးစဥ္ထဲမွာလည္း ဒီ OBOR ပိုးလမး္မသစ္စီမံကိန္းကို နာမည္တပ္မေျပာေပမဲ့၊ အရင္ သမၼတ ရွီဂ်င္းဖ်င့္ ျမန္မာႏိုင္ငံလာတုန္းက သေဘာတူခဲ့တဲ့ အက်ိဳးတူစီမံကိန္းေတြ အရွိန္နဲ႔ ဆက္လုပ္ေရးလည္း ေဆြးေႏြးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ကုသေရး ပူးေပါင္းေဆာင္ရြက္ဖို႔၊ ျမန္မာဘက္က အေၾကြးဆပ္ရမဲ့ကာလ ကူညီေရႊ႕ဆိုင္းေပးဖို႔၊ နယ္စပ္ေဒသတည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ဖို႔၊ ကိုဗစ္ကာလအလြန္မွာလည္း သံတမန္ဆက္ဆံေရးႏွစ္ (၇၀) ျပည္ ျမန္မာ-တရုတ္ ယဥ္ေက်းမူနဲ႔ ခရီးသြားေရးႏွစ္ ၂၀၂၀ အေကာင္အထည္ေဖာ္ဖို႔၊ လူငယ္နဲ႔ျပည္သူေတြ အခ်င္းခ်င္းေတြ႔ဆံု ဖလွယ္ၾကဖို႔ေတြလည္း ပါ ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

နယ်စပ်လောင်းကစားဝိုင်းတွေ နှိမ်နှင်းရေး တရုတ်-မြန်မာ ဆွေးနွေး

(Unicode)

တရုတ် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲအနေနဲ့ မနေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရာမှာ၊ ကိုဗစ်ကာကွယ်ဆေး ကူညီပေးရေးနဲ့ နယ်စပ်က လောင်းကစားဝိုင်းတွေ ပူးပေါင်းနှိမ်နင်းရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။

မနေ့ နေ့လည်က နေပြည်တော်မှာတွေ့ရာမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချီက ကိုဗစ်-၁၉ ကာကွယ်ဆေး စဖြန့်နိုင်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ထောက်ပံ့သွားရေးနဲ့ နှစ်နိုင်ငံနယ်စပ် လောင်းကစားအပါအဝင် တရားမဝင်ကိစ္စတွေကို ပူးတွဲတိုက်ဖျက်သွားတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး Facebook မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံထဲ ကရင်ပြည်နယ်စပ်က ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းထဲမှာ အခုလို တရားမဝင်လုပ်ငန်းတွေ ပါနေတယ်လို့ စွတ်စွဲချက်တွေထွက်နေချိန်မှာ မြန်မာအစိုးရဘက်ကလည်း စုံစမ်းစစ်ဆေးမူတွေလုပ်နေပေမဲ့ အပစ်ရပ် လက်နက်ကိုင်နယ်မြေမှာမို့ သတိထား ကိုင်တွယ်နေရတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ တရုတ်ဘက်ကတော့ ဒီရွှေကုက္ကိုလ်မြို.သစ်စီမံကိန်းဟာ OBOR လို့အတိုခေါက်ခေါ်တဲ့ ခေတ်သစ်တရုတ်ပိုးလမ်းမစီမံကိန်း ထဲမှာ မပါဘူးလို့၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကတဆင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဇူလိုင်လလယ်ထဲ ပြောခဲ့ပါတယ်။

အခု တရုတ်အဆင့်မြင့် နိုင်ငံခြားရေးခရီးစဉ်ထဲမှာလည်း ဒီ OBOR ပိုးလမ်းမသစ်စီမံကိန်းကို နာမည်တပ်မပြောပေမဲ့၊ အရင် သမ္မတ ရှီဂျင်းဖျင့် မြန်မာနိုင်ငံလာတုန်းက သဘောတူခဲ့တဲ့ အကျိုးတူစီမံကိန်းတွေ အရှိန်နဲ့ ဆက်လုပ်ရေးလည်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ပူးပေါင်းဆောင်ရွက်ဖို့၊ မြန်မာဘက်က အကြွေးဆပ်ရမဲ့ကာလ ကူညီရွှေ့ဆိုင်းပေးဖို့၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့၊ ကိုဗစ်ကာလအလွန်မှာလည်း သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည် မြန်မာ-တရုတ် ယဉ်ကျေးမူနဲ့ ခရီးသွားရေးနှစ် ၂၀၂၀ အကောင်အထည်ဖော်ဖို့၊ လူငယ်နဲ့ပြည်သူတွေ အချင်းချင်းတွေ့ဆုံ ဖလှယ်ကြဖို့တွေလည်း ပါ ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG