သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း BRI ခါးပတ်လမ်းစီမံကိန်းနဲ့ မဆိုင်ကြောင်း တရုတ်အစိုးငြင်းဆို 


 ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သစ်
Photo credit: RFA
ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သစ် Photo credit: RFA

(Zawgyi/Unicode)

ကရင်ပြည်နယ်အတွင်း မြန်မာနဲ့ထိုင်း နယ်စပ်အနား တရုတ်ရင်းနှီးမြှုုပ်နှံသူတွေက အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အကုန် အကျ ခံ တည်ဆောက်နေတဲ့ မြို့သစ်ဟာ တရုတ်နိုင်ငံရဲ့ BRI ခါးပတ်လမ်း စီမံကိန်းနဲ့ သက်ဆိုင်မှု မရှိဘူးလို့ တရုတ် နိုင်ငံက ပြောပါတယ်။

လောလောဆယ် မြန်မာအစိုးရက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သစ်က တရုတ်အစိုးရ စီမံကိန်းတွေနဲ့ မသက်ဆိုင်ကြောင်း ရန်ကုန်မြို့က တရုတ် သံရုံးက အင်္ဂါနေ့ ညပိုင်း က Facebook ကတဆင့် ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

တရုတ် သံရုံးရဲ့ ထုတ်ပြန်ချက်မှာ နယ်စပ် ဖြတ်ကျော် လောင်းကစားမှုတွေနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က တစ်သတ်မတ်တည်း ရှိပြီး တရုတ် အရင်းအနှီးတွေကို နိုင်ငံရပ်ခြား လောင်းကစား ရုံတွေမှဦ သုံးစွဲခွင့် မပြုသလို တရုတ် နိုင်ငံသားတွေကို နိုင်ငံရပ်ခြား လောင်းကစားရုံတွေ ထောင်ခွင့်မပြုဘူးလို့လည်း ပါရှိပါတယ်။

မြန်မာ မီဒီယာတွေကတော့ တရုတ် အလုပ်သမားတွေ ကရင်ပြည်နယ်ထဲ တဖွဲဖွဲ ရောက်လာတဲ့ သတင်းတွေကို အရင်က ထုတ်ဖော် ပြောဆို ရေးသားထားခဲ့တာပါ။

ဒါ့အပြင် ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်လို လူမှု အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန် ဒီစီ အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု(USIP)တို့ကလည်း ဒီ မြို့သစ်ဟာ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုတွေနဲ့ ငွေကြေး ခဝါချမှု လုပ်ငန်းမှာ အချက်အခြာ ကျတဲ့ နေရာဖြစ်လာမှာကို စိုးရိမ် ပူပန်ကြောင်း ပြောထားခဲ့ဖူးပါတယ်။

ဒီမြို့ကို တည်ဆောက်နေတဲ့ Yatai ကုမ္ပဏီရဲ့ မြို့သစ်ကြော်ငြာတွေမှာတော့ ဒီမြို့ရဲ့ အဓိက ဝင်ငွေက လောင်းကစားရုံတွေကလို့ ဖော်ပြထားပါတယ်။ မြန်မာအစိုးရက ကရင်ပြည်နယ်အတွင်း လောင်းကစားလုပ်ခွင့် လိုင်စင် ချမှတ်ပေးထားတာ မရှိသေးပါဘူး။ Yatai ကုမ္ပဏီက မြန်မာ အစိုးရဆီကနေ အမေရိကန် ဒေါ်လာ ၂၂.၅ သန်း ကုန်ကျမယ့် တန်ဖိုးကြီး အိမ်ယာ တည်ဆောက်ရေး ခွင့်ပြုချက်ကို ရရှိထားတာ ဖြစ်ပါတယ်။

အဲဒီမြို့အတွင်း ပြုလုပ်တဲ့ ငွေပြောင်းငွေလွှဲ အများစုက စင်္ကာပူက ဖုန်း Application ဖြစ်တဲ့ Fincy ကို အသုံးပြုတာ ဖြစ်ပြီး အဲဒီ application က Yatai မြို့တွင်း ငွေကြေးလုပ်ငန်းတွေကို တစ်ဦးတည်း လုပ်ကိုင်ခွင့်ရထားတယ်လို့ ကြော်ငြာထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)








XS
SM
MD
LG