သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေတာကြောင့် Kanchanaburi ဝင်ပေါက် ထိုင်း ပိတ်


မှတ်တမ်းဓါတ်ပုံ -၂၀၁၂ မေလ ၂၁ရက်နေ့ က မြန်မာ-ထိုင်းနယ်စပ် တာချီလိတ် ဂိတ်တခု
မှတ်တမ်းဓါတ်ပုံ -၂၀၁၂ မေလ ၂၁ရက်နေ့ က မြန်မာ-ထိုင်းနယ်စပ် တာချီလိတ် ဂိတ်တခု

(Zawgyi/Unicode)

အိမ်နီးချင်း မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် ထိုင်းနိုင်ငံ Kanchanaburi ခရိုင်ကနေ မြန်မာနိုင်ငံတွင်း ဝင်ရောက် နိုင်တဲ့ လမ်းကြောင်းတွေအားလုံးကို ပိတ်ထားဖို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က အမိန့်ထုတ်လိုက်ပါတယ်။ ပိတ်ထားမယ့်လမ်းကြောင်းတွေက Muang ခရိုင် Phu Nam Ron စစ်ဆေးရေးဂိတ်၊Thayok ခရိုင် Bongdi စစ်ဆေးရေးဂိတ်၊ Thong Pha Phum ခရိုင် Ban E Tong နဲ့ Sangkhlaburi ခရိုင် ဘုရားသုံးဆူစစ်ဆေးရေး ဂိတ်တို့ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းက ထိုင်းစစ်တပ် Surasi တပ်ရင်းအမှတ် ၁၀၄ တပ်မှူးဗိုလ်ချုပ် Thakat Lordsiri က Muang ခရိုင်၊Sangkhlaburi နဲ့ အနီးတဝိုက်ဒေသ အကြီးအကဲတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး ဘုရားသုံးဆူစစ်ဆေးရေးဂိတ်တဝိုက် Covid-19 ရောဂါ တားဆီး ကာကွယ်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

လုံခြုံရေးဌာန၊ စစ်တပ်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေနဲ့ ကျေးရွာလူကြီး အဖွဲ့တွေကလည်း Ban Nam Koek စစ်ဆေးရေးဂိတ်ကနေ ဘုရားသုံးဆူဒေသကို သွားတဲ့လမ်းကြောင်းတွေမှာ တင်းကြပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ပြီး စောင့်ကြည့်နေပါတယ်။ မြန်မာနဲ့ ထိုင်းနယ်စပ် ကျေးရွာတွေကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၂၀ ကျော်ရှိတာပါ။ ညပိုင်း နယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်လာသူတွေကို စစ်တပ်က အဓိက စောင့်ကြည့် နေတာလည်း ဖြစ်ပါတယ်။

ကုန်စည်ပို့ဆောင်ရေးဂိတ်တွေ သီးသန့် သတ်မှတ်ပြီး ပို့ကုန်၊ သွင်းကုန် စီးပွါးရေးလုပ်ငန်းတွေကိုတော့ ပုံမှန်အတိုင်း လုပ်ကိုင်ခွင့် ပြုမှာ ဖြစ်ပေမယ့် မြန်မာဘက်ကလူတွေကို ထိုင်းနိုင်ငံထဲ ကုန်တင်ချခွင့်ပြုမှာ မဟုတ်သလို ထိုင်းဘက်ကလူတွေကိုလည်း မြန်မာနိုင်ငံတွင်း သွားရောက် ကုန်တင်ချခွင့်ပြုမှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံတွင်းကနေ ထိုင်းကိုတရားမဝင်ခိုးဝင်ဖို့ ကြိုးစားသူတွေရှိရင် သက်ဆိုင်ရာ ဌာနတွေ အနေနဲ့ ဥပဒေနဲ့ အညီ တိတိကျကျ ကိုင်တွယ် ဆောင်ရွက်ဖို့ ဗိုလ်ချုပ် Thakat က တိုက်တွန်းခဲ့ပါတယ်။

Kanchanaburi ပြည်နယ်ဟာ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းမှာ အဓိက ကျသလို COVID 19 ကြောင့် ကူးစက်မှု ဖြစ်ရင် ဒေသတွင်း စီးပွားရေး ထိခိုက်မှု ကြီးမားမှာ ဖြစ်တာကြောင့် စည်းကမ်းထိန်းသိမ်းရေးနဲ့ ရာဇဝတ် ပြစ်မှုဆိုင်ရာ အရေးယူမှုတွေကို လုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်ချုပ် Thakat ကသတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG