သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံထဲ တရားမ၀င္ ၀င္လာတဲ့ ျမန္မာအလုပ္သမား ၃၅ ေယာက္ ဖမ္းမိ


မွတ္တမ္းဓါတ္ပံု-ဇူလိုင္ ၃၀ တုန္းက ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ ၀င္ေရာက္လာတဲ့ ျမန္မာအလုပ္သမားေတြ ဖမ္းမိစဥ္

(Zawgyi/Unicode)

ထိုင္းနိုင္ငံ တြင္း တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာေရႊ႕ေျပာင္းလုပ္သား ၃၅ ေယာက္နဲ႔ ကားေမာင္းသမား ၂ ေယာက္ကို Sai Yok ခရိုင္ထဲမွာ ထိုင္း အာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။ သူတို႔ကို Sai Yok ခရိုင္ Tambon Sri Mongkhol အရပ္က လမ္းတစ္ေနရာ မွာ ေသာၾကာေန႔ လင္းအားႀကီးအခ်ိန္ ၃ နာရီခြဲေလာက္က ဖမ္းဆီးမိခဲ့တာပါ။

ေရွာင္တခင္ စစ္ေဆးေရးဂိတ္ တခုမွာ စစ္တပ္၊ရဲနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဌာန တာဝန္ရွိသူေတြက ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြ လိုက္ပါလာတဲ့ကား၂စီးကို တားဆီးစစ္ေဆးခဲ့တာ ကေန အခုလို အဖမ္းခံရတာျဖစ္ပါတယ္။ ပထမ ကားတစီးမွာ အလုပ္သမား ၁၅ ေယာက္လိုက္ပါလာတာျဖစ္ၿပီး ေနာက္ တစီးမွာ အေယာက္ ၂၀ ပါလာတာျဖစ္ပါတယ္။ သူတို႔နဲ႔ အတူ ကားေမာင္းသမား ျမန္မာ ၂ ဦးကိုလည္း ဖမ္းဆီးထားပါတယ္။ ဒီ တရားမဝင္ ေရႊ႕ေျပာင္းလုပ္သားေတြကို နယ္စပ္ Tambon Sri Mongkhol ကေန Muang ခရိုင္ Kaeng Sian ရြာကိုကားနဲ႔ ေမာင္းပို႔ ေပးတဲ့ အတြက္ ခရီးစဥ္ တေခါက္ကို ဘတ္ ၂၀၀၀ အခ ေၾကးေငြ ရတယ္လည္းကားေမာင္းသမားေတြက ရဲကို ေျပာ ပါတယ္။

ဖမ္းဆီးရမိတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြက ျမန္မာနိုင္ငံ တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕ကျဖစ္ၿပီး ထိုင္းနိုင္ငံမွာ အလုပ္လုပ္ခ်င္လို႔ နယ္စပ္ကေနတဆင့္ ခိုးဝင္လာခဲ့တာျဖစ္တယ္လို႔ Bangkok Post သတင္းစာက ေျပာပါတယ္။ သူတို႔ အားလုံးကို တရားမဝင္ ဝင္ေရာက္လာတဲ့ ျပစ္မႈ၊ ကားေမာင္းသမား ၂ ဦးကိုေတာ့ နိုင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာသူေတြကို အကူအညီေပးတဲ့ ျပစ္မႈနဲ႔ Sai Yok ခရိုင္ရဲဌာနက စြဲခ်က္တင္ထားပါတယ္။

ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမားေတြက ထိုင္းနိုင္ငံတြင္းကို Sai Yok ခရိုင္ အနီး Puchanee နယ္စပ္ျဖတ္လမ္းကေနဝင္ေရာက္လာတာျဖစ္ေၾကာင္း ထိုင္းစစ္တပ္ Ladya လုပ္ငန္းတပ္ဖြဲ႕တပ္မွဴး ဗိုလ္မႈးႀကီး Sitthiporn Julapana က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမား ၃၅ ယောက် ဖမ်းမိ

(Unicode)

ထိုင်းနိုင်ငံ တွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၅ ယောက်နဲ့ ကားမောင်းသမား ၂ ယောက်ကို Sai Yok ခရိုင်ထဲမှာ ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို Sai Yok ခရိုင် tambon Sri Mongkhol အရပ်က လမ်းတစ်နေရာ မှာ သောကြာနေ့ လင်းအားကြီးအချိန် ၃ နာရီခွဲလောက်က ဖမ်းဆီးမိခဲ့တာပါ။

ရှောင်တခင် စစ်ဆေးရေးဂိတ် တခုမှာ စစ်တပ်၊ရဲနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေက မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါလာတဲ့ကား၂စီးကို တားဆီးစစ်ဆေးခဲ့တာ ကနေ အခုလို အဖမ်းခံရတာဖြစ်ပါတယ်။ ပထမ ကားတစီးမှာ အလုပ်သမား ၁၅ ယောက်လိုက်ပါလာတာဖြစ်ပြီး နောက် တစီးမှာ အယောက် ၂၀ ပါလာတာဖြစ်ပါတယ်။ သူတို့နဲ့ အတူ ကားမောင်းသမား မြန်မာ ၂ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။ ဒီ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို နယ်စပ် tambon Sri Mongkhol ကနေ Muang ခရိုင် Kaeng Sian ရွာကိုကားနဲ့ မောင်းပို့ ပေးတဲ့ အတွက် ခရီးစဉ် တခေါက်ကို ဘတ် ၂၀၀၀ အခ ကြေးငွေ ရတယ်လည်းကားမောင်းသမားတွေက ရဲကို ပြော ပါတယ်။

ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်လို့ နယ်စပ်ကနေတဆင့် ခိုးဝင်လာခဲ့တာဖြစ်တယ်လို့ Bangkok Post သတင်းစာက ပြောပါတယ်။ သူတို့ အားလုံးကို တရားမဝင် ဝင်ရောက်လာတဲ့ ပြစ်မှု၊ ကားမောင်းသမား ၂ ဦးကိုတော့ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို အကူအညီပေးတဲ့ ပြစ်မှုနဲ့ Sai Yok ခရိုင်ရဲဌာနက စွဲချက်တင်ထားပါတယ်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံတွင်းကို Sai Yok ခရိုင် အနီး Puchanee နယ်စပ်ဖြတ်လမ်းကနေဝင်ရောက်လာတာဖြစ်ကြောင်း ထိုင်းစစ်တပ် Ladya လုပ်ငန်းတပ်ဖွဲ့တပ်မှူး ဗိုလ်မှုးကြီး Sitthiporn Julapana က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG