သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းက ျမန္မာလုပ္သားေတြ နစ္နာေၾကး၊ လူမႈဖူလုံေရးေၾကးမ်ား ရရွိ


နစ္နာေၾကး ျပန္ရရွိခဲ့တဲ့ ျမန္မာအလုပ္သမားမ်ား။ (ဓာတ္ပုံ - AAC)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံမွာ COVID-19 အေရးေပၚကာလအတြင္း အလုပ္ပိတ္သိမ္းလို႔ နစ္နာခဲ့တဲ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြ နစ္နာေၾကး ျပန္ရခဲ့ၾကပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ျမန္မာအလုပ္သမား သံအရာရွိေတြနဲ႔ အလုပ္သမား အကူအညီေပးေရးအဖဲြ႔ AAC တို႔က ႀကိဳးပမ္းေဆာင္ရြက္ေပးမႈေတြေၾကာင့္ ထိုင္းႏုိင္ငံမွာ COVID-19 အေရးေပၚကာလအတြင္း အလုပ္ပိတ္သိမ္းၿပီး အလုပ္ရွင္က တိမ္းေရွာင္သြားတဲ့ ကားအပုိပစၥည္းစက္႐ုံက ျမန္မာအလုပ္သမားေတြကေတာ့ ဒီရက္ပိုင္းမွာပဲ နစ္နာေၾကး ရရွိခဲ့ၿပီး မဲေဆာက္ၿမိဳ႕ အထည္ခ်ဳပ္စက္႐ုံက အလုပ္သမားေတြကေတာ့ ကုိဗစ္ကာလ လူမႈဖူလံုေရး အေထာက္အပံ့ေငြေတြ ျပန္လည္ရရွိခဲ့တာပါ။ အလုပ္သမားေတြ နစ္နာေၾကး ျပန္ရရွိေအာင္ ႀကိဳးစားေပးခဲ့တဲ့ AAC အလုပ္သမားကူညီေရးအဖဲြ႔ရဲ႕ ေျပာေရးဆုိခြင့္ရွိသူ ကိုရဲမင္းက အခုလိုေျပာျပပါတယ္။

“မဟာခ်ိဳင္ကေတာ့ ကိုဗစ္အစပုိင္းမွာ အလုပ္ျပဳတ္ကုန္ၾကတယ္။ အလုပ္႐ုံက ေရေတြျဖတ္၊ မီးေတြျဖတ္ၿပီး က်ေနာ္တို႔ AAC က အစားအေသာက္ေတြ သြားေက်ြးေမြးရတဲ့ အလုပ္သမားေတြ ျဖစ္တယ္။ အစပုိင္းမွာ အလုပ္ရွင္က တိမ္းေရွာင္သြားတယ္။ အခုေနာက္ပိုင္း အလုပ္သမား တရား႐ုံးအထိ တက္တဲ့အတြက္ နစ္နာေၾကးရသြားတာ ဘတ္ေငြ အားလုံး ၂ သန္းေက်ာ္ ရသြားတာ။ မဲေဆာက္အထည္ခ်ဳပ္စက္႐ုံကေတာ့ ပကန္စံခြန္းလို႔ေခၚတဲ့ လူမႈဖူလံုေရးေၾကး သြင္းထားတဲ့ အလုပ္သမားေတြျဖစ္ေတာ့ ထုိင္းအစုိးရက ကိုဗစ္ကာလမွာ အလုပ္ရပ္နားတဲ့အတြက္ ထုိင္းအစိုးရေပးတဲ့ လူမႈဖူလံုေရး ေထာက္ပံ့ေၾကးေငြ ျပန္ရသြားတာပါ။”

ထိုင္းႏုိင္ငံ မဟာခ်ိဳင္ေဒသ ကီလို ၁၂ ကားအပိုပစၥည္းစက္႐ုံက ျမန္မာလုပ္သားေတြကေတာ့ ႏွစ္ႀကီးအလုပ္သမား ၃၃ ဦး၊ အလုပ္သက္တမ္း တႏွစ္ေအာက္ အလုပ္သမား ၃၆ ဦး၊ စုစုေပါင္း ၆၉ ဦးအတြက္ နစ္နာေၾကး ထိုင္းဘတ္ေငြ ၂ သန္းေက်ာ္ကုိ တရား႐ုံးမွာ တုိင္ၾကားၿပီး ေတာင္းဆုိရာကေန နစ္နာေၾကး ျပန္လည္ရရွိခဲ့တာပါ။

ကိုဗစ္ အေရးေပၚကာလမွာ အလုပ္႐ုံပိတ္သိမ္းၿပီး တိမ္းေရွာင္သြားတဲ့ စက္႐ုံအေတာ္မ်ားမ်ား ရွိေပမယ့္ ျမန္မာအလုပ္သမားေတြကလည္း တစုတစည္းတည္း တုိင္ၾကားႏုိင္ျခင္း မရွိခဲ့တာေတြ၊ အလုပ္သမားေရးအဖဲြ႔နဲ႔ မခ်ိတ္ဆက္ႏုိင္ခဲ့တာေတြ၊ ေနထိုင္စားေသာက္ေရး ခက္ခဲလြန္းတာေၾကာင့္ အမႈရင္ဆုိင္တာေတြ မလုပ္ေတာ့ဘဲ ေနရပ္ကို နစ္နာေၾကးမရဘဲ ျပန္သြားရသူေတြလည္း ရိွခဲ့တာပါ။ အခုလို နစ္နာေၾကးေတြ၊ လူမႈဖူလံုေရး ေထာက္ပံ့ေငြေတြ ျပန္ရတဲ့အတြက္ ေနရပ္ျပန္တဲ့သူေတြေရာ အလုပ္ဆက္လုပ္မယ့္သူေတြေရာ အဆင္ေျပမႈေတြ ရွိသြားတယ္လုိ႔ ကိုရဲမင္းက ဆုိပါတယ္။

“အခုလိုရသြားတဲ့အတြက္ အလုပ္သမားေတြ အသက္႐ွဴ ေခ်ာင္သြားတာေပါ့။ ကုိဗစ္ကာလမွာ ေခ်းငွားထားတာေတြ ျပန္ဆပ္လို႔ရတယ္။ ျမန္မာျပည္ ျပန္ခ်င္တယ္ဆုိလည္း လမ္းစရိတ္ေလး ရသြားတာေပါ့။ ေနာက္ထပ္ အလုပ္လုပ္ခြင့္ လက္မွတ္ေလးေတြ သက္တမ္းျပန္တုိးႏိုင္ဖုိ႔လည္း အဆင္ေျပသြားတာေပါ့။”

COVID-19 ကပ္ေရာဂါကာလမွာ စက္႐ုံအေတာ္မ်ားမ်ား ပိတ္သိမ္းလိုက္ရၿပီး ႏုိင္ငံျခားသား အလုပ္သမားေတြ အပါအ၀င္ အလုပ္လက္မဲ့ဦးေရ ၈ သန္းထက္မနည္း ရွိေနတာပါ။ ဒီကာလအတြင္းမွာ ျမန္မာႏိုင္ငံသား ၆၆,၀၀၀ ေက်ာ္ ေနရပ္ျပန္ခဲ့ၿပီး အခုလို အဆင္မေျပျဖစ္ေနတဲ့ အလုပ္သမားေတြလည္း အမ်ားအျပား ရွိေနေသးတာပါ။ ထိုင္းႏုိင္ငံမွာ ျမန္မာအလုပ္သမား ၃ သန္းထက္မနည္း အလုပ္လုပ္ကိုင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ထိုင်းက မြန်မာလုပ်သားတွေ နစ်နာကြေး၊ လူမှုဖူလုံရေးကြေးများ ရရှိ

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလအတွင်း အလုပ်ပိတ်သိမ်းလို့ နစ်နာခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နစ်နာကြေး ပြန်ရခဲ့ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မြန်မာအလုပ်သမား သံအရာရှိတွေနဲ့ အလုပ်သမား အကူအညီပေးရေးအဖွဲ့ AAC တို့က ကြိုးပမ်းဆောင်ရွက်ပေးမှုတွေကြောင့် ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလအတွင်း အလုပ်ပိတ်သိမ်းပြီး အလုပ်ရှင်က တိမ်းရှောင်သွားတဲ့ ကားအပိုပစ္စည်းစက်ရုံက မြန်မာအလုပ်သမားတွေကတော့ ဒီရက်ပိုင်းမှာပဲ နစ်နာကြေး ရရှိခဲ့ပြီး မဲဆောက်မြို့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေကတော့ ကိုဗစ်ကာလ လူမှုဖူလုံရေး အထောက်အပံ့ငွေတွေ ပြန်လည်ရရှိခဲ့တာပါ။ အလုပ်သမားတွေ နစ်နာကြေး ပြန်ရရှိအောင် ကြိုးစားပေးခဲ့တဲ့ AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

“မဟာချိုင်ကတော့ ကိုဗစ်အစပိုင်းမှာ အလုပ်ပြုတ်ကုန်ကြတယ်။ အလုပ်ရုံက ရေတွေဖြတ်၊ မီးတွေဖြတ်ပြီး ကျနော်တို့ AAC က အစားအသောက်တွေ သွားကျွေးမွေးရတဲ့ အလုပ်သမားတွေ ဖြစ်တယ်။ အစပိုင်းမှာ အလုပ်ရှင်က တိမ်းရှောင်သွားတယ်။ အခုနောက်ပိုင်း အလုပ်သမား တရားရုံးအထိ တက်တဲ့အတွက် နစ်နာကြေးရသွားတာ ဘတ်ငွေ အားလုံး ၂ သန်းကျော် ရသွားတာ။ မဲဆောက်အထည်ချုပ်စက်ရုံကတော့ ပကန်စံခွန်းလို့ခေါ်တဲ့လူမှုဖူလုံရေးကြေး သွင်းထားတဲ့ အလုပ်သမားတွေဖြစ်တော့ ထိုင်းအစိုးရက ကိုဗစ်ကာလမှာ အလုပ်ရပ်နားတဲ့အတွက် ထိုင်းအစိုးရပေးတဲ့ လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေ ပြန်ရသွားတာပါ။”

ထိုင်းနိုင်ငံ မဟာချိုင်ဒေသ ကီလို ၁၂ ကားအပိုပစ္စည်းစက်ရုံက မြန်မာလုပ်သားတွေကတော့ နှစ်ကြီးအလုပ်သမား ၃၃ ဦး၊ အလုပ်သက်တမ်း တနှစ်အောက် အလုပ်သမား ၃၆ ဦး၊ စုစုပေါင်း ၆၉ ဦးအတွက် နစ်နာကြေး ထိုင်းဘတ်ငွေ ၂ သန်းကျော်ကို တရားရုံးမှာ တိုင်ကြားပြီး တောင်းဆိုရာကနေ နစ်နာကြေး ပြန်လည်ရရှိခဲ့တာပါ။

ကိုဗစ် အရေးပေါ်ကာလမှာ အလုပ်ရုံပိတ်သိမ်းပြီး တိမ်းရှောင်သွားတဲ့ စက်ရုံအတော်များများ ရှိပေမယ့် မြန်မာအလုပ်သမားတွေကလည်း တစုတစည်းတည်း တိုင်ကြားနိုင်ခြင်း မရှိခဲ့တာတွေ၊ အလုပ်သမားရေးအဖွဲ့နဲ့ မချိတ်ဆက်နိုင်ခဲ့တာတွေ၊ နေထိုင်စားသောက်ရေး ခက်ခဲလွန်းတာကြောင့် အမှုရင်ဆိုင်တာတွေ မလုပ်တော့ဘဲ နေရပ်ကို နစ်နာကြေးမရဘဲ ပြန်သွားရသူတွေလည်း ရှိခဲ့တာပါ။ အခုလို နစ်နာကြေးတွေ၊ လူမှုဖူလုံရေး ထောက်ပံ့ငွေတွေ ပြန်ရတဲ့အတွက် နေရပ်ပြန်တဲ့သူတွေရော အလုပ်ဆက်လုပ်မယ့်သူတွေရော အဆင်ပြေမှုတွေ ရှိသွားတယ်လို့ ကိုရဲမင်းက ဆိုပါတယ်။

“အခုလိုရသွားတဲ့အတွက် အလုပ်သမားတွေ အသက်ရှူ ချောင်သွားတာပေါ့။ ကိုဗစ်ကာလမှာ ချေးငှားထားတာတွေ ပြန်ဆပ်လို့ရတယ်။ မြန်မာပြည် ပြန်ချင်တယ်ဆိုလည်း လမ်းစရိတ်လေး ရသွားတာပေါ့။ နောက်ထပ် အလုပ်လုပ်ခွင့် လက်မှတ်လေးတွေ သက်တမ်းပြန်တိုးနိုင်ဖို့လည်း အဆင်ပြေသွားတာပေါ့။”

COVID-19 ကပ်ရောဂါကာလမှာ စက်ရုံအတော်များများ ပိတ်သိမ်းလိုက်ရပြီး နိုင်ငံခြားသား အလုပ်သမားတွေ အပါအဝင် အလုပ်လက်မဲ့ဦးရေ ၈ သန်းထက်မနည်း ရှိနေတာပါ။ ဒီကာလအတွင်းမှာ မြန်မာနိုင်ငံသား ၆၆,၀၀၀ ကျော် နေရပ်ပြန်ခဲ့ပြီး အခုလို အဆင်မပြေဖြစ်နေတဲ့ အလုပ်သမားတွေလည်း အများအပြား ရှိနေသေးတာပါ။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG