သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံတြင္း ကပ္ေဘးကာလ တရားမ၀င္ ၀င္ေရာက္သူ ၁၀,၀၀၀ ခန္႔ရွိႏုိင္


ကန္ခ်နဘူရီနယ္စပ္ကေန ခုိးဝင္ဖို႔ ႀကိဳးစားတဲ့အတြက္ အဖမ္းခံထားရတဲ့ ျမန္မာအလုပ္သမားမ်ား။ (ၾသဂုတ္ ၁၅၊ ၂၀၂၀။ ဓာတ္ပုံ - ထုိင္းနယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ကုိဗစ္ကာလ ထိုင္းႏုိင္ငံကုိ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္လာၾကတဲ့ ျမန္မာအပါအ၀င္ ႏုိင္ငံျခားသား အလုပ္သမားေပါင္း ၁၀,၀၀၀ ေက်ာ္ေလာက္ ရွိမယ္လုိ႔ ထုိင္းလုပ္ငန္းရွင္ အသုိင္းအ၀န္းက ခန္႔မွန္းထားပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကန္ခ်နဘူရီနယ္စပ္ကေန ခုိးဝင္ဖို႔ ႀကိဳးစားတဲ့အတြက္ အဖမ္းခံထားရတဲ့ ျမန္မာအလုပ္သမားမ်ား။ (ၾသဂုတ္ ၁၅၊ ၂၀၂၀။ ဓာတ္ပုံ - ထုိင္းနယ္ျခားေစာင့္တပ္)
ကန္ခ်နဘူရီနယ္စပ္ကေန ခုိးဝင္ဖို႔ ႀကိဳးစားတဲ့အတြက္ အဖမ္းခံထားရတဲ့ ျမန္မာအလုပ္သမားမ်ား။ (ၾသဂုတ္ ၁၅၊ ၂၀၂၀။ ဓာတ္ပုံ - ထုိင္းနယ္ျခားေစာင့္တပ္)


ထုိင္းႏုိင္ငံမွာ ကပ္ေရာဂါကာလ အသြားအလာေတြ ကန္႔သတ္ထားခ်ိန္မွာပဲ တရားမ၀င္ လမ္းေၾကာင္းေတြကေန ၀င္လာၾကတဲ့ ႏုိင္ငံျခားသား အလုပ္သမား ၁၀,၀၀၀ ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း ထိုင္းကုန္သြယ္ေရး လုပ္ငန္းရွင္မ်ား ဥကၠ႒ Mr. Phiphu Ek Sakullim က မေန႔တုန္းက ကုန္သည္မ်ားအစည္းေ၀း အၿပီးမွာပဲ ေျပာဆုိလုိက္တာပါ။ ကပ္ေရာဂါကူးစက္မႈ ေလ်ာ့လာခ်ိန္မွာ ကန္႔သတ္ခ်က္ေတြ ေလွ်ာ့ေပါ့လာရာက ျမန္မာႏုိင္ငံ အပါအ၀င္ အိမ္နီးခ်င္း ၃ ႏုိင္ငံက အလုပ္သမားေတြကုိ တရား၀င္ အလုပ္လုပ္ခြင့္ေပးဖုိ႔ ေၾကညာထားေပမယ့္ တရားမ၀င္ နည္းလမ္းေတြနဲ႔ ထုိင္းႏုိင္ငံကုိ ၀င္ေရာက္လာေနသူေတြ အမ်ားအျပား ရွိေနဆဲျဖစ္ေၾကာင္းလည္း သတင္းေထာက္ေတြကုိ ေျပာဆိုခဲ့တာပါ။

ထုိင္းႏုိင္ငံအေျခစိုက္ AAC အလုပ္သမားကူညီေရးအဖဲြ႔ ေျပာေရးဆိုခြင့္ရွိသူ ကုိရဲမင္းကလည္း တရားမ၀င္ ၀င္ေရာက္လာသူေတြ မ်ားလာေနတဲ့အတြက္ ထုိင္းအာဏာပုိင္ေတြ နယ္စပ္မွာ တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ေနတယ္လုိ႔ ေျပာပါတယ္။

“ထိုင္း-ျမန္မာ နယ္စပ္တေလွ်ာက္ကေန ထိုင္းႏုိင္ငံထဲကို ျမန္မာအလုပ္သမားေတြ ခိုး၀င္မႈေတြက ေတာ္ေတာ္ကို မ်ားလာတယ္။ ခိုး၀င္းလမ္းေၾကာင္းေတြ ေတာ္ေတာ္ကို တက္ေနတယ္။ ခိုး၀င္လမ္းေၾကာင္းက တက္လာတဲ့ ျမန္မာအလုပ္သမားေတြကုိ ထုိင္းစစ္တပ္က တင္းတင္းက်ပ္က်ပ္ ဖမ္းဆီးတယ္။ ကန္ခ်နဘူရီ လမ္းေၾကာင္းမွာဆုိ ထုိင္းနယ္ျခားကင္းလွည့္ေနတဲ့ စစ္တပ္က ပစ္ခတ္ဖမ္းဆီးတယ္။ ထိခိုက္ဒဏ္ရာေတာ့ မရဘူး၊ ေျခာက္လွန္႔တာျဖစ္မွာေပါ့။ အဲဒီေလာက္ဆုိ ခိုး၀င္အလုပ္သမားေတြ အေတာ္ အႏၱရာယ္မ်ားေနၿပီ။ အလုပ္သမားေတြ တရားမ၀င္လမ္းေၾကာင္းကေန ၀င္တာ ပေပ်ာက္ေအာင္ တရား၀င္လမ္းေၾကာင္းကေနပဲ ၀င္ေအာင္ အစုိးရအေနနဲ႔ ညႇိႏႈိင္းေျပာဆုိသင့္ၿပီလို႔ က်ေနာ္တို႔ ေျပာခ်င္ပါတယ္။”

မေန႔တုန္းက ထိုင္း-ျမန္မာနယ္စပ္ တပ္ခ႐ုိင္ Tha Song Yang မွာ ျမန္မာ ၁၄ ဦးကို တရားမ၀င္ တင္ေဆာင္ထားတဲ့ ကားတစီးကို ထုိင္းနယ္ျခားေစာင့္တပ္ေတြ ဖမ္းဆီးခဲ့တာပါ။ ယာဥ္ေမာင္းျဖစ္သူ အသက္ ၄၃ ႏွစ္အရြယ္ ထိုင္းအမ်ဳိးသားဟာ ထိုင္းလူကုန္ကူးတိုက္ဖ်က္ေရးအဖြဲ႔က အလိုရွိေနသူ လူေမွာင္ခိုဂိုဏ္း၀င္တဦး ျဖစ္တယ္လို႔လည္း တပ္ခ႐ုိင္ရဲမွဴး Sangkhom Tad So က အတည္ျပဳခဲ့ပါတယ္။

ျမန္မာႏုိင္ငံဘက္ နယ္စပ္ကေန လူကုန္ကူးသူေတြ လာေခၚဖို႔အတြက္ ေစာင့္ေနသူ ၁,၀၀၀ ခန္႔ရွိေနေၾကာင္းကုိလည္း ဖမ္းမိတဲ့ လူပဲြစားေတြ ၀န္ခံခ်က္ေတြအရ သိရတယ္လို႔ ဆိုပါတယ္။ မေန႔တုန္းကလည္း ျမန္မာႏုိင္ငံ ထား၀ယ္ကေန ထုိင္းႏုိင္ငံ ကန္ခ်နဘူရီခ႐ုိင္ကုိ တရားမ၀င္ ၀င္ဖုိ႔ ႀကိဳးစားသူ ျမန္မာအလုပ္သမား ၄၀ ေက်ာ္ကုိ ထုိင္းလုံၿခံဳေရးတပ္ဖဲြ႔ေတြက ေျခာက္လွန္႔ပစ္ခတ္ခဲ့တယ္လုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ထိုင်းနိုင်ငံတွင်း ကပ်ဘေးကာလ တရားမဝင် ဝင်ရောက်သူ ၁၀,၀၀၀ ခန့်ရှိနိုင်

ကိုဗစ်ကာလ ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားပေါင်း ၁၀,၀၀၀ ကျော်လောက် ရှိမယ်လို့ ထိုင်းလုပ်ငန်းရှင် အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကပ်ရောဂါကာလ အသွားအလာတွေ ကန့်သတ်ထားချိန်မှာပဲ တရားမဝင် လမ်းကြောင်းတွေကနေ ဝင်လာကြတဲ့ နိုင်ငံခြားသား အလုပ်သမား ၁၀,၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေး လုပ်ငန်းရှင်များ ဥက္ကဋ္ဌ Mr. Phiphu Ek Sakullim က မနေ့တုန်းက ကုန်သည်များအစည်းဝေး အပြီးမှာပဲ ပြောဆိုလိုက်တာပါ။ ကပ်ရောဂါကူးစက်မှု လျော့လာချိန်မှာ ကန့်သတ်ချက်တွေ လျှော့ပေါ့လာရာက မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း ၃ နိုင်ငံက အလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ခွင့်ပေးဖို့ ကြေညာထားပေမယ့် တရားမဝင် နည်းလမ်းတွေနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်လာနေသူတွေ အများအပြား ရှိနေဆဲဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံအခြေစိုက် AAC အလုပ်သမားကူညီရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းကလည်း တရားမဝင် ဝင်ရောက်လာသူတွေ များလာနေတဲ့အတွက် ထိုင်းအာဏာပိုင်တွေ နယ်စပ်မှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေတယ်လို့ ပြောပါတယ်။

“ထိုင်း-မြန်မာ နယ်စပ်တလျှောက်ကနေ ထိုင်းနိုင်ငံထဲကိုမြန်မာအလုပ်သမားတွေ ခိုးဝင်မှုတွေက တော်တော်ကို များလာတယ်။ ခိုးဝင်းလမ်းကြောင်းတွေ တော်တော်ကို တက်နေတယ်။ ခိုးဝင်လမ်းကြောင်းက တက်လာတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းစစ်တပ်က တင်းတင်းကျပ်ကျပ် ဖမ်းဆီးတယ်။ ကန်ချနဘူရီ လမ်းကြောင်းမှာဆို ထိုင်းနယ်ခြားကင်းလှည့်နေတဲ့ စစ်တပ်က ပစ်ခတ်ဖမ်းဆီးတယ်။ ထိခိုက်ဒဏ်ရာတော့ မရဘူး၊ ခြောက်လှန့်တာဖြစ်မှာပေါ့။ အဲဒီလောက်ဆို ခိုးဝင်အလုပ်သမားတွေ အတော် အန္တရာယ်များနေပြီ။ အလုပ်သမားတွေ တရားမဝင်လမ်းကြောင်းကနေ ဝင်တာ ပပျောက်အောင် တရားဝင်လမ်းကြောင်းကနေပဲ ဝင်အောင် အစိုးရအနေနဲ့ ညှိနှိုင်းပြောဆိုသင့်ပြီလို့ ကျနော်တို့ ပြောချင်ပါတယ်။”

မနေ့တုန်းက ထိုင်း-မြန်မာနယ်စပ် တပ်ခရိုင် Tha Song Yang မှာ မြန်မာ ၁၄ ဦးကို တရားမဝင် တင်ဆောင်ထားတဲ့ ကားတစီးကို ထိုင်းနယ်ခြားစောင့်တပ်တွေ ဖမ်းဆီးခဲ့တာပါ။ ယာဉ်မောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ထိုင်းအမျိုးသားဟာ ထိုင်းလူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့က အလိုရှိနေသူ လူမှောင်ခိုဂိုဏ်းဝင်တဦး ဖြစ်တယ်လို့လည်း တပ်ခရိုင်ရဲမှူး Sangkhom Tad So က အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံဘက် နယ်စပ်ကနေ လူကုန်ကူးသူတွေ လာခေါ်ဖို့အတွက် စောင့်နေသူ ၁,၀၀၀ ခန့်ရှိနေကြောင်းကိုလည်း ဖမ်းမိတဲ့ လူပွဲစားတွေ ဝန်ခံချက်တွေအရ သိရတယ်လို့ ဆိုပါတယ်။ မနေ့တုန်းကလည်း မြန်မာနိုင်ငံ ထားဝယ်ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကို တရားမဝင် ဝင်ဖို့ ကြိုးစားသူ မြန်မာအလုပ်သမား ၄၀ ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG