သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပိတ္ရက္ေက်ာ္လာေပမယ့္ မဲေဆာက္က ျမန္မာအလုပ္သမားေတြ အလုပ္ျပန္ဆင္းခြင့္မရေသး


Photo-ၾသဂုတ္လ ၃ရက္ေန႕က ျမန္မာအလုပ္သမားမ်ားစက္ရံုေရွ႕မွာေစာင့္ေနပံု ( AAC)

[Zawgyi/Unicode]

ထုိင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ျမန္မာအထည္ခ်ဳပ္ အလုပ္သမား ၆၀၀ ေက်ာ္ဟာ COVID-19 ကပ္ေရာဂါကာလအတြင္း အလုပ္နားထားဖုိ႔ သတ္မွတ္ထားတဲ့ရက္ ျပည့္သြားၿပီျဖစ္ေပမဲ့ အလုပ္ဆင္းခြင့္မရပဲ ျဖစ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ မယ္ကု ၇ ရပ္ကြက္မွာရိွတဲ့ အားကစားအ၀တ္အထည္ခ်ဳပ္ စက္႐ုံမွာ ျမန္မာအလုပ္သမားေတြကုိ အလုပ္ဆင္းခြင့္ မေပးဘဲ နားထားတဲ့ရက္ ျပည့္သြားၿပီျဖစ္တာေၾကာင့္ စက္႐ုံကုိ ျပန္သြားခဲ့ၾကေပမဲ့ အလုပ္လုပ္ခြင့္ မရဘဲ ျဖစ္ေနၾကတာပါ။ ျမန္မာအလုပ္သမား ၆၀၀ ေက်ာ္ အလုပ္လုပ္ေနတဲ့ စက္႐ုံမွာ အလုပ္လုပ္ခြင့္ရဖုိ႔ မေန႔က ေစာင့္ဆုိင္းေနေပမဲ့ အလုပ္ရွင္ဘက္ တစုံတရာ တုံ႔ျပန္တာ မရွိေသးဘူးလုိ႔လည္း အလုပ္သမားတဦးက ေျပာျပပါတယ္။

"ကုိဗစ္ေရာဂါကုိ အေၾကာင္းျပျပီးေနာက္ ညီမေလးတို႔ အလုပ္သမားေတြကို အစည္းအေ၀းေခၚတယ္။ ၅ လပုိင္း ၂၆ ရက္ေန႔ကတည္းကေန ၈ လပိုင္း ၁ ရက္ေန႔အထိ ရက္ေပါင္း ၆၇ ရက္ အလုပ္ပိတ္တယ္ေျပာတယ္။ ၈ လပုိင္း ၂ ရက္ေန႔က တနဂၤေႏြေန႔ေလ ၈ လပုိင္း ၃ ရက္ေန႔က အလုပ္သြားဆင္းေတာ့ စက္ရံုက တံခါးမဖြင့္ေပးဘူး။ စက္ရံုနဲ႔သက္ဆုိင္တဲ့ လူႀကီးေတြကလည္း မနက္ ၅ နာရီထဲက စက္ရံုကေန ထြက္သြားတယ္လို႔ စက္ရံုေစာင့္ရဲကေျပာတယ္။ ညီမေလးတို႔ အလုပ္သမားေတြ အဲဒီမွာ သြားေနေနေတာ့ ရပ္ကြက္လူႀကိီးေတြ ျပည္သူ့စစ္ေတြ ေရာက္လာၾကတယ္။ ဆႏၵလာျပတာလားလို႔ေမးေတာ့ ဆႏၵလာျပတာ မဟုတ္တဲ့အေၾကာင္း ေျပာျပေတာ့ရပ္ရြာလူႀကီးေတြက အလုပ္ရွင္ေတြကို ေခၚေပးမယ္ေျပာတယ္။ ဒါေပမဲ့ အလုပ္ရွင္ကေတာ့ ေရာက္မလာခဲ့ဘူး။"

တရား၀င္ အလုပ္လုပ္ကုိင္ခြင့္လက္မွတ္နဲ႔ ျမန္မာႏုိင္ငံသားေတြ အလုပ္လုပ္ေနၾကတာ ျဖစ္ေပမဲ့ သတ္မွတ္ထားတဲ့ အလုပ္သမား အခြင့္အေရးေတြ မရၾကဘူးလုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အထူးသျဖင့္ ကပ္ေရာဂါကာလအတြင္း အလုပ္သမား အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ တုိးလာေနတယ္လုိ႔လည္း ထုိင္းႏုိင္ငံအေျခစုိက္ အလုပ္သမားေရးလႈပ္ရွားေနတဲ့ AAC အဖဲြ႔က ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက ေျပာပါတယ္။

"ဒီစက္ရံုက ျမန္မာျပည္သားအလုပ္သမားအားလံုး ၆၀၀ ေက်ာ္အလုပ္လုပ္ေနတဲ့ စက္ရံုတရား၀င္အေထာက္အထာေးတြ ကိုင္ထားတဲ့သူေတြ စီအိုင္စာအုပ္ေတြ M64 ဆိုတဲ့ Boder Paas လက္မွတ္ေတြ ကုိင္ထားတဲ့သူေတြပါတယ္ အရင္တုန္းကလည္း အလုပ္သမားေတြကို ေခါင္းပံုျဖတ္ ေစ်းႏွိမ္ခိုင္းေစလို႔ အလုပ္သမားေတြဆႏၵျပလို႔ ထုိင္းအစိုးရက ႏွိမ္ခိုင္းထားတဲ့ နစ္နာေၾကးေတြ ျပန္ေပးဆုိျပီး လုပ္ထားတာသူတုိ႔က နစ္နာေၾကးကုိ ၃ ရစ္ေပးမယ္ေျပာတယ္။ တရစ္ပဲ ေပးရေသးတယ္ျပီးေတာ့ ကုိဗစ္ကာလမွာ အလုပ္သမား ၆၀၀ ေက်ာ္ကုိ နားခိုင္းတယ္။ ထိုင္းေတြ ၁၀၀ ေက်ာ္ကိုေတာ့ အလုပ္ဆင္းခိုင္းတယ္။ ျမန္မာေတြကုိ အလုပ္ကို မဆင္းခိုင္းေတာ့ဘူး။ ဒါအျပင္အေဆာင္ေတြကေန ေမာင္းထုတ္တယ္။ က်ေနာ္တုိ႔အဖဲြ႔ေတြ သံအရာရွိေတြေျပာေတာ့မွ စက္ရံုအေဆာင္ကေန ေမာင္းမထုတ္တာ။ ဒါေတာင္ ေရျဖတ္၊ မီးျဖတ္ထပ္လုပ္ျပန္တယ္။ အလုပ္ပိတ္ရက္ဖယ္ျပီး အလုပ္ျပန္ဆင္းေတာ့ အခုပိတ္ထားတယ္။ အလုပ္ျဖဳတ္တယ္လည္း မေျပာဘူး။ ေျပာရင္ နစ္နာေၾကးေပးေနရမယ္။ လူမူဖူလံုေရးေၾကးေတြလည္း ထည့္ထားေတြလည္း ေထာက္ပံ့ေၾကးေတြ ဘာမွ မရဘူး။ အဲဒီလိုမ်ိဳးေတြျဖစ္တယ္။"

ကပ္ေရာဂါနဲ႔ ႀကံဳေနရေပမဲ့ ထုိင္းႏုိင္ငံက ကုန္ထုတ္လုပ္ငန္း ေတာ္ေတာ္မ်ားမ်ားမွာေတာ့ က်န္းမာေရးဆုိင္ရာ လမ္းညႊန္ခ်က္ေတြနဲ႔အညီ လုပ္ငန္းေတြ ဆက္လက္ လုပ္ကုိင္ခြင့္ျပဳခဲ့ေပမဲ့ ကုန္သြယ္မႈေတြမွာ အခက္အခဲေတြေၾကာင့္ လုပ္ငန္းအမ်ားအျပား ရပ္ဆုိင္းခဲ့ရတာပါ။ တခ်ဳိ႕လုပ္ငန္းေတြ လုံး၀ရပ္ဆုိင္းပစ္လုိက္ရတာမ်ဳိးေတြလည္း ရွိခဲ့သလုိ အလုပ္႐ုံေတြ ပိတ္ရတဲ့အတြက္ အလုပ္သမားေတြ နစ္နာေၾကး မရလုိက္တာမ်ဳိးေတြလည္း ရွိပါတယ္။

မဲေဆာက္ျမိဳနယ္ စီးပြားေရးဇုန္အတြင္းမွာ တရား၀င္ မွတ္ပံုတင္ထားတဲ့ စက္ရံုေပါင္း ၄၄၅ ရံုရွိျပီး ၄၀ ရာခုိင္ႏႈန္းက အထည္ခ်ဳပ္ စက္ရံုေတြျဖစ္ပါတယ္။ တရား၀င္ စာရင္းအရ ဆိုရင္ အထည္ခ်ဳပ္ အလုပ္သမားေပါင္း ၄၅,၀၀၀ ေလာက္ရွိေနပါတယ္။ တာ့ခရိုင္တခုလံုးမွာေတာ့ ျမန္မာအလုပ္သမား ၅၀၀,၀၀၀ ထက္မနည္းအလုပ္လုပ္ကိုင္ေနတာပါ။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာအထည်ချုပ် အလုပ်သမား ၆၀၀ ကျော်ဟာ COVID-19 ကပ်ရောဂါကာလအတွင်း အလုပ်နားထားဖို့ သတ်မှတ်ထားတဲ့ရက် ပြည့်သွားပြီဖြစ်ပေမဲ့ အလုပ်ဆင်းခွင့်မရပဲ ဖြစ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကု ၇ ရပ်ကွက်မှာရှိတဲ့ အားကစားအဝတ်အထည်ချုပ် စက်ရုံမှာ မြန်မာအလုပ်သမားတွေကို အလုပ်ဆင်းခွင့် မပေးဘဲ နားထားတဲ့ရက် ပြည့်သွားပြီဖြစ်တာကြောင့် စက်ရုံကို ပြန်သွားခဲ့ကြပေမဲ့ အလုပ်လုပ်ခွင့် မရဘဲ ဖြစ်နေကြတာပါ။ မြန်မာအလုပ်သမား ၆၀၀ ကျော် အလုပ်လုပ်နေတဲ့ စက်ရုံမှာ အလုပ်လုပ်ခွင့်ရဖို့ မနေ့က စောင့်ဆိုင်းနေပေမဲ့ အလုပ်ရှင်ဘက် တစုံတရာ တုံ့ပြန်တာ မရှိသေးဘူးလို့လည်း အလုပ်သမားတဦးက ပြောပြပါတယ်။

"ကိုဗစ်ရောဂါကို အကြောင်းပြပြီးနောက် ညီမလေးတို့ အလုပ်သမားတွေကို အစည်းအဝေးခေါ်တယ်။ ၅ လပိုင်း ၂၆ ရက်နေ့ကတည်းကနေ ၈ လပိုင်း ၁ ရက်နေ့အထိ ရက်ပေါင်း ၆၇ ရက် အလုပ်ပိတ်တယ်ပြောတယ်။ ၈ လပိုင်း ၂ ရက်နေ့က တနင်္ဂနွေနေ့လေ ၈ လပိုင်း ၃ ရက်နေ့က အလုပ်သွားဆင်းတော့ စက်ရုံက တံခါးမဖွင့်ပေးဘူး။ စက်ရုံနဲ့သက်ဆိုင်တဲ့ လူကြီးတွေကလည်း မနက် ၅ နာရီထဲက စက်ရုံကနေ ထွက်သွားတယ်လို့ စက်ရုံစောင့်ရဲကပြောတယ်။ ညီမလေးတို့ အလုပ်သမားတွေ အဲဒီမှာ သွားနေနေတော့ ရပ်ကွက်လူကြီးတွေ ပြည်သူ့စစ်တွေ ရောက်လာကြတယ်။ ဆန္ဒလာပြတာလားလို့မေးတော့ ဆန္ဒလာပြတာ မဟုတ်တဲ့အကြောင်း ပြောပြတော့ရပ်ရွာလူကြီးတွေက အလုပ်ရှင်တွေကို ခေါ်ပေးမယ်ပြောတယ်။ ဒါပေမဲ့ အလုပ်ရှင်ကတော့ ရောက်မလာခဲ့ဘူး။"

တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်နေကြတာ ဖြစ်ပေမဲ့ သတ်မှတ်ထားတဲ့ အလုပ်သမား အခွင့်အရေးတွေ မရကြဘူးလို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အထူးသဖြင့် ကပ်ရောဂါကာလအတွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာနေတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားရေးလှုပ်ရှားနေတဲ့ AAC အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

"ဒီစက်ရုံက မြန်မာပြည်သားအလုပ်သမားအားလုံး ၆၀၀ ကျော်အလုပ်လုပ်နေတဲ့ စက်ရုံတရားဝင်အထောက်အထာေးတွ ကိုင်ထားတဲ့သူတွေ စီအိုင်စာအုပ်တွေ M64 ဆိုတဲ့ Boder Paas လက်မှတ်တွေ ကိုင်ထားတဲ့သူတွေပါတယ် အရင်တုန်းကလည်း အလုပ်သမားတွေကို ခေါင်းပုံဖြတ် ဈေးနှိမ်ခိုင်းစေလို့ အလုပ်သမားတွေဆန္ဒပြလို့ ထိုင်းအစိုးရက နှိမ်ခိုင်းထားတဲ့ နစ်နာကြေးတွေ ပြန်ပေးဆိုပြီး လုပ်ထားတာသူတို့က နစ်နာကြေးကို ၃ ရစ်ပေးမယ်ပြောတယ်။ တရစ်ပဲ ပေးရသေးတယ်ပြီးတော့ ကိုဗစ်ကာလမှာ အလုပ်သမား ၆၀၀ ကျော်ကို နားခိုင်းတယ်။ ထိုင်းတွေ ၁၀၀ ကျော်ကိုတော့ အလုပ်ဆင်းခိုင်းတယ်။ မြန်မာတွေကို အလုပ်ကို မဆင်းခိုင်းတော့ဘူး။ ဒါအပြင်အဆောင်တွေကနေ မောင်းထုတ်တယ်။ ကျနော်တို့အဖွဲ့တွေ သံအရာရှိတွေပြောတော့မှ စက်ရုံအဆောင်ကနေ မောင်းမထုတ်တာ။ ဒါတောင် ရေဖြတ်၊ မီးဖြတ်ထပ်လုပ်ပြန်တယ်။ အလုပ်ပိတ်ရက်ဖယ်ပြီး အလုပ်ပြန်ဆင်းတော့ အခုပိတ်ထားတယ်။ အလုပ်ဖြုတ်တယ်လည်း မပြောဘူး။ ပြောရင် နစ်နာကြေးပေးနေရမယ်။ လူမူဖူလုံရေးကြေးတွေလည်း ထည့်ထားတွေလည်း ထောက်ပံ့ကြေးတွေ ဘာမှ မရဘူး။ အဲဒီလိုမျိုးတွေဖြစ်တယ်။"

ကပ်ရောဂါနဲ့ ကြုံနေရပေမဲ့ ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်း တော်တော်များများမှာတော့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ခွင့်ပြုခဲ့ပေမဲ့ ကုန်သွယ်မှုတွေမှာ အခက်အခဲတွေကြောင့် လုပ်ငန်းအများအပြား ရပ်ဆိုင်းခဲ့ရတာပါ။ တချို့လုပ်ငန်းတွေ လုံးဝရပ်ဆိုင်းပစ်လိုက်ရတာမျိုးတွေလည်း ရှိခဲ့သလို အလုပ်ရုံတွေ ပိတ်ရတဲ့အတွက် အလုပ်သမားတွေ နစ်နာကြေး မရလိုက်တာမျိုးတွေလည်း ရှိပါတယ်။

မဲဆောက်မြိုနယ် စီးပွားရေးဇုန်အတွင်းမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ စက်ရုံပေါင်း ၄၄၅ ရုံရှိပြီး ၄၀ ရာခိုင်နှုန်းက အထည်ချုပ် စက်ရုံတွေဖြစ်ပါတယ်။ တရားဝင် စာရင်းအရ ဆိုရင် အထည်ချုပ် အလုပ်သမားပေါင်း ၄၅,၀၀၀ လောက်ရှိနေပါတယ်။

တာ့ခရိုင်တခုလုံးမှာတော့ မြန်မာအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်းအလုပ်လုပ်ကိုင်နေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG