သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားက ျမန္မာႏုိင္ငံသားေတြ ျပန္လာတာရွိသလုိ အဖမ္းခံရတာေတြလည္း ရွိေနဆဲ


မေလးရွားႏိုင္ငံကေန ေနရပ္ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု -Myanmar Embassy in Kuala Lumpur, Malaysia - ၾသဂုတ္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ အခက္အခဲႀကဳံေနရတဲ့ ျမန္မာႏိုင္ငံသားေတြထဲက ေနရပ္ျပန္ခြင့္ရသူေတြ ရွိေနသလုိ၊ ဖမ္းဆီးခံရသူေတြလည္း ရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံကေန ေနရပ္ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု -Myanmar Embassy in Kuala Lumpur, Malaysia - ၾသဂုတ္ ၂၆၊ ၂၀၂၀)
မေလးရွားႏိုင္ငံကေန ေနရပ္ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု -Myanmar Embassy in Kuala Lumpur, Malaysia - ၾသဂုတ္ ၂၆၊ ၂၀၂၀)

မေလးရွားႏိုင္ငံမွာ ကုိဗစ္ကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ အလုပ္အကုိင္ေတြ ရပ္နားထားရခ်ိန္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္ႀကံဳေနရတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြၾကား ညွိႏႈိင္းၿပီး ေနရပ္ျပန္ပုိ႔ေနတာ အခုဆုိရင္ ၂,၀၀၀ ေက်ာ္ ရွိေနၿပီလုိ႔ ျမန္မာသံ႐ုံး တာ၀န္ရွိသူေတြက ေျပာပါတယ္။ ကုိယ့္စရိတ္နဲ႔ကုိယ္ ဒီေန႔ေနရပ္ျပန္သူေတြထဲမွာေတာ့ က်န္းမာေရးမေကာင္းသူေတြနဲ႔ ကုိယ္၀န္ေဆာင္ တခ်ဳိ႕ပါ ပါ၀င္ေၾကာင္းလည္း ကြာလာလမ္ပူၿမိဳ႕က ျမန္မာသံ႐ုံး အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းကေျပာပါတယ္။

"၅ လပုိင္း ၈ ရက္ေန႔ကေန႔ ဒီေန႔အခ်ိန္ထိေပါ့၊ ဒီေန႔ ေလယာဥ္စီးတဲ့သူေတြ မပါေသးဘူး။ ၂,၀၄၉ ေယာက္ျပန္ပုိ႔ပါတယ္။ ဒီေန႔ကေတာ့ ၁၆၀ ပါ၊ ၂,၀၀၀ ေက်ာ္ဆိုတာ စုစုေပါင္းကိုေျပာတာပါဒီေနမွာ မေလးရွားလူမ်ိဳး ၁၀ဦး၊ ၁၅ ဦးေလာက္ပါတယ္။ ဒီေန႔ ျပန္ပုိ႔တာက အလည္ဗီဇာသမားေတြပါတယ္၊ အလုပ္သမားေတြပါတယ္၊ သေဘၤာသားေတြ ပါတယ္။ တခ်ဳိ႕က်န္းမာေရး မေကာင္းသူ၊ ကုိယ္၀န္ေဆာင္ေတြကိုလည္း ျမန္မာသံရံုးက ဦးစားေပးအေနနဲ႔ ထည့္ေပးေနပါတယ္။"

တခ်ိန္တည္းမွာပဲ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ တရားမ၀င္ ေနထုိင္သူေတြကုိေတာ့ မေလးရွားအာဏာပုိင္ေတြက စစ္ဆင္ေရးေတြနဲ႔ ရွာေဖြဖမ္းဆီးေနပါတယ္။ ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၃၀,၀၀၀ ေလာက္ရွိတဲ့ ပီနန္မွာလည္း မၾကာေသးခင္ရက္ေတြက တရားမ၀င္ေနထုိင္ေနသူ ျမန္မာႏုိင္ငံသားေတြ ဖမ္းဆီးခံရတာေတြ ရွိေနတယ္လို႔ မေလးရွားအေျခစုိက္ ဒါနကုသလ နာေရးကူညီမူအသင္းဥကၠ႒ ကိုရဲမင္းထြန္းကေျပာပါတယ္။

"ဘီအမ္ပလာဇာနဲ႔ နီးတဲ့ေနရာမွာ ဒီဘာဒါ၀ပ္ထဲမွာပဲ က်ေနာ္ၾကားတာေတာ့ နည္နည္းေတာ့မ်ားတယ္။ ျမန္မာေတြပါသြားတာ။"

ျမန္မာသံရံုးကုိယ္စားျပဳျပီး ထိန္းသိမ္းေရးစခန္းေတြက ျမန္မာေတြကို အကူညီေပးေနတဲ့ကုိသီဟေမာင္ေမာင္ကလည္း မေလးရွားမွာ နယ္ေျမအလိုက္ အဖမ္းအဆီးေတြ ရွိေနေသးတယ္လို႔ ဆုိပါတယ္။

"နယ္ေျမနဲ႔ေပါ့။ ဖမ္းတာဆီးတာေတာ ျငိမ္းသြားတာ မဟုတ္ဘူး၊ ရွိေနေသးတယ္။ ျပီးခဲ့တဲ့ရက္ကေတာ့ ပီနန္ဘက္မွာလည္း ဖမ္းတာရွိတယ္၊ ကြာလာလမ္ပူမွာလည္း ဖမ္းတာ၊ ဆီးတာရွိတယ္ သူ႔နယ္ေျမနဲ႔သူ အနည္းနဲ႔ အမ်ားဆုိသလို ဖမ္းတာဆီးတာေလးေတြေတာ့ ရွိေနေသးတယ္။"

ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲေတြ ႀကံဳေနရတာပါ။ ကပ္ေရာဂါကာလ အခက္အခဲေတြၾကားမွာပဲ ျမန္မာႏုိင္ငံသားေတြထဲက ကုိယ့္ကုိယ္ကုိ အဆုံးစီရင္ခဲ့သူ ၁၄ ဦး ရွိခဲ့သလုိ၊ ေနရပ္ျပန္ဖုိ႔ တရားမ၀င္ နည္းလမ္းေတြက ႀကိဳးပမ္းရာက ဖမ္းဆီးခံရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားက မြန်မာနိုင်ငံသားတွေ ပြန်လာတာရှိသလို အဖမ်းခံရတာတွေလည်း ရှိနေဆဲ

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေထဲက နေရပ်ပြန်ခွင့်ရသူတွေ ရှိနေသလို၊ ဖမ်းဆီးခံရသူတွေလည်း ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်တွေ ရပ်နားထားရချိန် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေကို ၂ နိုင်ငံ တာဝန်ရှိသူတွေကြား ညှိနှိုင်းပြီး နေရပ်ပြန်ပို့နေတာ အခုဆိုရင် ၂,၀၀၀ ကျော် ရှိနေပြီလို့ မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ့်စရိတ်နဲ့ကိုယ် ဒီနေ့နေရပ်ပြန်သူတွေထဲမှာတော့ ကျန်းမာရေးမကောင်းသူတွေနဲ့ ကိုယ်ဝန်ဆောင် တချို့ပါ ပါဝင်ကြောင်းလည်း ကွာလာလမ်ပူမြို့က မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကပြောပါတယ်။

"၅ လပိုင်း ၈ ရက်နေ့ကနေ့ ဒီနေ့အချိန်ထိပေါ့၊ ဒီနေ့ လေယာဉ်စီးတဲ့သူတွေ မပါသေးဘူး။ ၂,၀၄၉ ယောက်ပြန်ပို့ပါတယ်။ ဒီနေ့ကတော့ ၁၆၀ ပါ၊ ၂,၀၀၀ ကျော်ဆိုတာ စုစုပေါင်းကိုပြောတာပါဒီနေမှာ မလေးရှားလူမျိုး ၁၀ဦး၊ ၁၅ ဦးလောက်ပါတယ်။ ဒီနေ့ ပြန်ပို့တာက အလည်ဗီဇာသမားတွေပါတယ်၊ အလုပ်သမားတွေပါတယ်၊ သင်္ဘောသားတွေ ပါတယ်။ တချို့ကျန်းမာရေး မကောင်းသူ၊ ကိုယ်ဝန်ဆောင်တွေကိုလည်း မြန်မာသံရုံးက ဦးစားပေးအနေနဲ့ ထည့်ပေးနေပါတယ်။"

တချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင် နေထိုင်သူတွေကိုတော့ မလေးရှားအာဏာပိုင်တွေက စစ်ဆင်ရေးတွေနဲ့ ရှာဖွေဖမ်းဆီးနေပါတယ်။ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၃၀,၀၀၀ လောက်ရှိတဲ့ ပီနန်မှာလည်း မကြာသေးခင်ရက်တွေက တရားမဝင်နေထိုင်နေသူ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ မလေးရှားအခြေစိုက် ဒါနကုသလ နာရေးကူညီမူအသင်းဥက္ကဋ္ဌ ကိုရဲမင်းထွန်းကပြောပါတယ်။

"ဘီအမ်ပလာဇာနဲ့ နီးတဲ့နေရာမှာ ဒီဘာဒါဝပ်ထဲမှာပဲ ကျနော်ကြားတာတော့ နည်နည်းတော့များတယ်။ မြန်မာတွေပါသွားတာ။"

မြန်မာသံရုံးကိုယ်စားပြုပြီး ထိန်းသိမ်းရေးစခန်းတွေက မြန်မာတွေကို အကူညီပေးနေတဲ့ကိုသီဟမောင်မောင်ကလည်း မလေးရှားမှာ နယ်မြေအလိုက် အဖမ်းအဆီးတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

"နယ်မြေနဲ့ပေါ့။ ဖမ်းတာဆီးတာတော ငြိမ်းသွားတာ မဟုတ်ဘူး၊ ရှိနေသေးတယ်။ ပြီးခဲ့တဲ့ရက်ကတော့ ပီနန်ဘက်မှာလည်း ဖမ်းတာရှိတယ်၊ ကွာလာလမ်ပူမှာလည်း ဖမ်းတာ၊ ဆီးတာရှိတယ် သူ့နယ်မြေနဲ့သူ အနည်းနဲ့ အများဆိုသလို ဖမ်းတာဆီးတာလေးတွေတော့ ရှိနေသေးတယ်။"

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတာပါ။ ကပ်ရောဂါကာလ အခက်အခဲတွေကြားမှာပဲ မြန်မာနိုင်ငံသားတွေထဲက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သူ ၁၄ ဦး ရှိခဲ့သလို၊ နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေက ကြိုးပမ်းရာက ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG