သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးႏွစ္မ်ဳိး ႏိုဝင္ဘာမွာထြက္ဖို႔ အရွိန္ျမွင့္လုပ္ေဆာင္ေန


အေမရိကန္အေျခစိုက္ ဇီ၀နည္းပညာကုမၸဏီ တခုျဖစ္တဲ့ Moderna က ကာကြယ္ေဆးတမ်ိဳးကို က်န္းမာေရး၀န္ထမ္း တဦးက ကိုင္ထားတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ႏုိ၀င္ဘာလမွာ အေစာဆုံး ထြက္လာႏုိင္တဲ့ COVID-19 ကာကြယ္ေဆး ႏွစ္မ်ိဳးဟာ အလားအလာေကာင္းတဲ့ နည္းစနစ္ေတြကို အသုံးျပဳထားၿပီး ထြက္လာဖို႔အတြက္ အရွိန္အဟုန္ျမွင့္လုပ္ေဆာင္ေနတယ္လို႔ ကၽြမ္းက်င္သူေတြက ေျပာလုိက္ပါတယ္။

ေရာဂါပိုးအစား မ်ိဳးဗီဇကို အေျခခံတဲ့ အဲဒီကာကြယ္ေဆးအသစ္ေတြကို အသုံးျပဳတဲ့အခါမွာ ေဘးအႏၲရာယ္ကင္းကင္းနဲ႔ ထိထိေရာက္ေရာက္ အသုံးျပဳႏုိင္မလားဆုိတာကို ပထမဆုံး စမ္းသပ္ခံရမွာျဖစ္ပါတယ္။

အေမရိကန္အေျခစိုက္ ဇီ၀နည္းပညာကုမၸဏီတခုျဖစ္တဲ့ Moderna က ကာကြယ္ေဆးတမ်ိဳးကို ထုတ္လုပ္ေနၿပီး ေနာက္တခုကေတာ့ ဂ်ာမနီက BioNTech ေဆးကုမၸဏီနဲ႔ အေမရိကန္မွာ အေျခစိုက္တဲ့ Pfizer ကုမၸဏီတုိ႔ ပူးေပါင္းထုတ္လုပ္ေနတာျဖစ္ပါတယ္။

ဒီမတုိင္ခင္ထုတ္တဲ့ ကာကြယ္ေဆးေတြကေတာ့ ေရာဂါပိုးကို ေသေစတာ ဒါမွမဟုတ္ အားနည္းသြားေစတဲ့ ကုိယ္ခံအားစနစ္ကို ျဖစ္ေပၚေစပါတယ္။ ကာကြယ္ေဆးအသစ္ထဲမွာ mRNA လို႔ေခၚတဲ့ မ်ိဳးဗီဇတခုလည္း ပါ၀င္ၿပီး အဲဒီ mRNA က လူ႔ရဲ႕ခႏၶာကိုယ္ထဲမွာ ဗုိင္းရပ္စ္တမ်ိဳးကိုျဖစ္ေပၚေစၿပီးေတာ့ အဲဒီဗုိင္းရပ္စ္က COVID-19 ေရာဂါပိုးကို တုိက္ဖ်က္ေပးမယ့္ ကုိယ္ခံအားစနစ္ကို အားေကာင္းေစမွာျဖစ္ပါတယ္။

အဲဒီကာကြယ္ေဆးေတြဟာ လူေတြကို ကုသဖို႔အတြက္ မ်ိဳးဗီဇကို အေျခခံၿပီး ထုတ္လုပ္ထားတဲ့ ပထမဆုံးကာကြယ္ေဆးေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး နိုဝင်ဘာမှာထွက်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေ

နိုဝင်ဘာလမှာ အစောဆုံး ထွက်လာနိုင်တဲ့ COVID-19 ကာကွယ်ဆေး နှစ်မျိုးဟာ အလားအလာကောင်းတဲ့ နည်းစနစ်တွေကို အသုံးပြုထားပြီး ထွက်လာဖို့အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။

ရောဂါပိုးအစား မျိုးဗီဇကို အခြေခံတဲ့ အဲဒီကာကွယ်ဆေးအသစ်တွေကို အသုံးပြုတဲ့အခါမှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် အသုံးပြုနိုင်မလားဆိုတာကို ပထမဆုံး စမ်းသပ်ခံရမှာဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Moderna က ကာကွယ်ဆေးတမျိုးကို ထုတ်လုပ်နေပြီး နောက်တခုကတော့ ဂျာမနီက BioNTech ဆေးကုမ္ပဏီနဲ့ အမေရိကန်မှာ အခြေစိုက်တဲ့ Pfizer ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်နေတာဖြစ်ပါတယ်။

ဒီမတိုင်ခင်ထုတ်တဲ့ ကာကွယ်ဆေးတွေကတော့ ရောဂါပိုးကို သေစေတာ ဒါမှမဟုတ် အားနည်းသွားစေတဲ့ ကိုယ်ခံအားစနစ်ကို ဖြစ်ပေါ်စေပါတယ်။ ကာကွယ်ဆေးအသစ်ထဲမှာ mRNA လို့ခေါ်တဲ့ မျိုးဗီဇတခုလည်း ပါဝင်ပြီး အဲဒီ mRNA က လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်တမျိုးကိုဖြစ်ပေါ်စေပြီးတော့ အဲဒီဗိုင်းရပ်စ်က COVID-19 ရောဂါပိုးကို တိုက်ဖျက်ပေးမယ့် ကိုယ်ခံအားစနစ်ကို အားကောင်းစေမှာဖြစ်ပါတယ်။

အဲဒီကာကွယ်ဆေးတွေဟာ လူတွေကို ကုသဖို့အတွက် မျိုးဗီဇကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ပထမဆုံးကာကွယ်ဆေးတွေ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG