သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ ကိုဗစ္ကူးစက္သူအေရအတြက္ ဘရာဇီးလ္နီးပါးရွိလာ


အိႏၵိယႏိုင္ငံ Hyderabad မွာ ေဒသခံေတြကို COVID-19 စစ္ေဆးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူအေရအတြက္ ၈၃,၀၀၀ ေက်ာ္ရွိတဲ့အတြက္ စုစုေပါင္း ဗုိင္းရပ္စ္ကူးစက္ခံရသူဦးေရဟာ ကမာၻေပၚမွာ ကူးစက္မႈ ဒုတိယအမ်ားဆုံးျဖစ္တဲ့ ဘရာဇီးလ္ႏိုင္ငံေလာက္နီးနီး ရွိလာၿပီျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း အိႏၵိယမွာ ကူးစက္ခံရသူ ၈၃,၃၄၁ ရွိတာေၾကာင့္ စုစုေပါင္း ကူးစက္သူ ၃.၉ သန္းေက်ာ္သြားၿပီျဖစ္တယ္လို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ေသဆုံးသူ ၁,၀၉၆ ဦး ရွိတာေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၆၈,၄၇၂ ေယာက္ရွိသြားၿပီလို႔ ဒီေန႔မွာ ေျပာပါတယ္။

အိႏၵိယမွာ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးမႈႏႈန္းက ၁.၇ ရာခိုင္ႏႈန္း ရွိတာေၾကာင့္၊ ကမာၻတ၀န္းေသဆုံးမႈႏႈန္း ၃.၃ ရာခိုင္ႏႈန္းနဲ႔စာရင္ အေတာ္ေလးကို နည္းတယ္လို႔ အာဏာပိုင္ေတြကေျပာေပမဲ့ ကၽြမ္းက်င္သူေတြကေတာ့ တခ်ဳိ႕ျပည္နယ္ေတြဟာ ေသဆုံးမႈကို ေလွ်ာ့ၿပီး ေဖာ္ျပေနသလားလို႔ ေမးခြန္းထုတ္ေနၾကပါတယ္။ အိႏၵိယမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁ လတည္းမွာတင္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂,၀၀၀,၀၀၀ ေလာက္ရွိခဲ့တာပါ။

ၾသစေၾတးလ်ႏုိင္ငံမွာေတာ့ ဗုိင္းရပ္စ္ေၾကာင့္ သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာက အေစာပိုင္း ၅၃ ေယာက္ အပါအ၀င္ ၆ ေယာက္ထပ္တုိးၿပီး ဒီေန႔မွာ စုစုေပါင္း ၅၉ ေယာက္ေသဆုံးတာေၾကာင့္ အခုဆုိရင္ ေသဆုံးသူ စုစုေပါင္း ၇၃၇ ေယာက္ရွိသြားၿပီလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ မဲလ္ဘုန္းၿမိဳ႕မွာ ကူးစက္မႈေတြ ပ်ံ႕ႏွံ႔တာက သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာေတြကုိ အလ်င္အျမန္ကူးစက္ကုန္တာေၾကာင့္ လူေတြ ရာနဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။ ဒါေပမဲ့ ဗုိင္းရပ္စ္ကူးစက္မႈေတြဟာ ျဖည္းျဖည္းခ်င္း က်ဆင္းလာေနၿပီး ဒီေန႔မွာ ကူးစက္သူ ၈၁ ေယာက္ ရွိတယ္လို႔ ဗစ္တုိးရီးယားျပည္နယ္ အာဏာပိုင္ေတြက ေျပာပါတယ္။

နယူးဇီလန္ႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ေၾကာင့္ Auckland ေဆး႐ုံမွာ တက္ေနတဲ့ အသက္ ၅၀ ေက်ာ္ အမ်ိဳးသားတဦး ေသဆုံးသြားတဲ့အတြက္ ဒါဟာ ၃ လေက်ာ္ကာလအတြင္း ပထမဆုံး ေသဆုံးမႈျဖစ္ပါတယ္။ နယူးဇီလန္မွာ ကူးစက္ခံရသူ ၁,၇၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၂၃ ေယာက္ရွိတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ေနာက္ထပ္ကူးစက္ခံရသူ ၁၉၈ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယ ကိုဗစ်ကူးစက်သူအရေအတွက် ဘရာဇီးလ်နီးပါးရှိလာ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူအရေအတွက် ၈၃,၀၀၀ ကျော်ရှိတဲ့အတွက် စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ကမ္ဘာပေါ်မှာ ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံလောက်နီးနီး ရှိလာပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယမှာ ကူးစက်ခံရသူ ၈၃,၃၄၁ ရှိတာကြောင့် စုစုပေါင်း ကူးစက်သူ ၃.၉ သန်းကျော်သွားပြီဖြစ်တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် သေဆုံးသူ ၁,၀၉၆ ဦး ရှိတာကြောင့် သေဆုံးသူ စုစုပေါင်း ၆၈,၄၇၂ ယောက်ရှိသွားပြီလို့ ဒီနေ့မှာ ပြောပါတယ်။

အိန္ဒိယမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းက ၁.၇ ရာခိုင်နှုန်း ရှိတာကြောင့်၊ ကမ္ဘာတဝန်းသေဆုံးမှုနှုန်း ၃.၃ ရာခိုင်နှုန်းနဲ့စာရင် အတော်လေးကို နည်းတယ်လို့ အာဏာပိုင်တွေကပြောပေမဲ့ ကျွမ်းကျင်သူတွေကတော့ တချို့ပြည်နယ်တွေဟာ သေဆုံးမှုကို လျှော့ပြီး ဖော်ပြနေသလားလို့ မေးခွန်းထုတ်နေကြပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ လတည်းမှာတင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၀၀၀,၀၀၀ လောက်ရှိခဲ့တာပါ။

သြစတြေးလျနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကြောင့် သက်ကြီးစောင့်ရှောက်ရေးဂေဟာက အစောပိုင်း ၅၃ ယောက် အပါအဝင် ၆ ယောက်ထပ်တိုးပြီး ဒီနေ့မှာ စုစုပေါင်း ၅၉ ယောက်သေဆုံးတာကြောင့် အခုဆိုရင် သေဆုံးသူ စုစုပေါင်း ၇၃၇ ယောက်ရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ မဲလ်ဘုန်းမြို့မှာ ကူးစက်မှုတွေ ပျံ့နှံ့တာက သက်ကြီးစောင့်ရှောက်ရေးဂေဟာတွေကို အလျင်အမြန်ကူးစက်ကုန်တာကြောင့် လူတွေ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ ဖြည်းဖြည်းချင်း ကျဆင်းလာနေပြီး ဒီနေ့မှာ ကူးစက်သူ ၈၁ ယောက် ရှိတယ်လို့ ဗစ်တိုးရီးယားပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် Auckland ဆေးရုံမှာ တက်နေတဲ့ အသက် ၅၀ ကျော် အမျိုးသားတဦး သေဆုံးသွားတဲ့အတွက် ဒါဟာ ၃ လကျော်ကာလအတွင်း ပထမဆုံး သေဆုံးမှုဖြစ်ပါတယ်။ နယူးဇီလန်မှာ ကူးစက်ခံရသူ ၁,၇၀၀ ကျော် နဲ့ သေဆုံးသူ ၂၃ ယောက်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်နောက်ထပ်ကူးစက်ခံရသူ ၁၉၈ ယောက်ရှိတယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG