သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် ကန်သေဆုံးမှု နှစ်ကုန်မှာ ၄ သိန်းကျော်အထိ ဖြစ်လာနိုင်


လော့စ်အိန်ဂျလိစ်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ တန်းစီ စောင့်ဆိုင်းနေသူများ။ (သြဂုတ် ၁၀၊ ၂၀၂၀)
လော့စ်အိန်ဂျလိစ်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ တန်းစီ စောင့်ဆိုင်းနေသူများ။ (သြဂုတ် ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အရောက်မှာ အမေရိကန်ပြည်သူ ၄၁၀,၀၀၀ ကျော် သေဆုံးနိုင်ကြောင်း အမေရိကန်နိုင်ငံ George Washington တက္ကသိုလ် ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်း တိုင်းတာအကဲဖြတ်ရေးဌာနက ခန့်မှန်း တွက်ချက်ထားပါတယ်။

မနေ့ စနေနေ့အထိ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၀,၀၀၀ ကျော်ရှိပြီး ကူးစက်မှုပေါင်း ၆,၂၀၀,၀၀၀ ကျော်ရှိတယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားတာပါ။

ရာသီအကူးအပြောင်းရှိတာနဲ့ အမေရိကန်လူထုရဲ့ သတိဝီရိယ ထားရှိမှု လျော့နည်းလာတာတွေကြောင့် ဒီဇင်ဘာလမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တနေ့ ၃,၀၀၀ နီးပါး ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း George Washington တက္ကသိုလ် ကိန်းဂဏန်း တိုင်းတာအကဲဖြတ်ရေးဌာနက ခန့်မှန်းတာပါ။ အရင်တုန်းကတော့ ဒီဇင်ဘာအရောက် သေဆုံးသူ ၃၁၀,၀၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နှာခေါင်းစည်းတပ်တာကို လူတိုင်းနီးပါး လိုက်နာမယ်ဆိုရင်တော့ လာမယ့် ၃ လခွဲအတွင်း သေဆုံးမယ်လို့ ခန့်မှန်းထားတဲ့ အရေအတွက် ၂၂၀,၀၀၀ ကျော်ရဲ့ ထက်ဝက် လျှော့ချနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ကန့်သတ်တားမြစ်ချက်တွေ လျှော့ချလိုက်မယ်ဆိုရင်တော့ နှစ်သစ်အရောက်မှာ သေဆုံးသူ ဒီ့ထက်ပိုများလိမ့်မယ်လို့လည်း ပြောပါတယ်။

အမေရိကန်အစိုးရက ကြားဝင် ဆောင်ရွက်ပေးတာမျိုး မလုပ်ရင် သေဆုံးမှုနှုန်း မြင့်တက်လိမ့်မယ်လို့လည်း အဲဒီ သုတေသနဌာနက ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ နှာခေါင်းစည်း အသုံးပြုသူဦးရေ မြင့်တက်လာပြီးတဲ့နောက်မှာ လူ့အသက်ပေါင်း ၁၂၀,၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း အဲဒီ သုတေသနဌာနက ထောက်ပြထားပါတယ်။

သုတေသနဌာနရဲ့ တိုင်းတာမှုစံနှုန်းအရ COVID-19 ကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ သေဆုံးမှုနှုန်းကလည်း ဇန်နဝါရီလ ၁ ရက်နေ့ အရောက်မှာ ၂.၈ သန်းအထိ မြင့်တက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

လောလောဆယ်မှာ အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်သူ ၆,၂၀၀,၀၀၀ ကျော်၊ ဘရာဇီးလ်မှာ ၄,၀၀၀,၀၀၀ ကျော်နဲ့ အိန္ဒိယနိုင်ငံမှာ ကူးစက်သူ ၄,၀၀၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံမှာတော့ COVID-19 ကြောင့် သေဆုံးသူ ၆၇,၀၀၀ နီးပါး ရှိတဲ့အတွက် စတုတ္ထမြောက် အသေအပျောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ကျန်းမာရေးလုပ်သား ၁,၃၂၀ လောက် COVID ကူးစက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောတဲ့အတွက် မက္ကဆီကိုဟာ နိုင်ငံတနိုင်ငံအတွင်း COVID ကြောင့် ကျန်းမာရေးလုပ်သား ဆုံးရှုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)











XS
SM
MD
LG