(Zawgyi/Unicode)
"အခုကြုံနေရတဲ့ ကပ်ရောဂါဟာ နောက်ဆုံးကြုံရတာမျိုး မဟုတ်ပဲ လူနေမှု ဘဝထဲမှာ ရောဂါဖြစ်ပွါးတာတွေ ကပ်ရောဂါနဲ့ ရင်ဆိုင်ရတာတွေဟာ သမိုင်းတလျှောက်မှာ ရှိနေတာ ဖြစ်တဲ့အတွက် ဒါမျိုးကြုံလာရချိန်မှာ ကမ္ဘာတလွှား အသင့်ဖြစ်နေရမှာ ဖြစ်ကြောင်း" ပြောသွားတာပါ။
............
(Unicode)
မကြာခင်နှစ်တွေ အတွင်း ကိုယ်နိုင်ငံရဲ့ ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်အောင် မြှင့်တင်ခဲ့တဲ့ နိုင်ငံတွေဟာ COVID-19 ကပ်ရောဂါ ကျရောက်ချိန်မှာ ကြံ့ကြံ့ခံနိုင်တာ တွေ့ရကြောင်းနဲ့ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ လူထုကျန်းမာရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ပြီး နောက်လာမယ့် ကပ်ရောဂါအတွက် အသင့် ပြင်ဆင်ထားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်
"အခုကြုံနေရတဲ့ ကပ်ရောဂါဟာ နောက်ဆုံးကြုံရတာမျိုး မဟုတ်ပဲ လူနေမှု ဘဝထဲမှာ ရောဂါဖြစ်ပွါးတာတွေ ကပ်ရောဂါနဲ့ ရင်ဆိုင်ရတာတွေဟာ သမိုင်းတလေ ျှာက်မှာ ရှိနေတာ ဖြစ်တဲ့အတွက် ဒါမျိုးကြုံလာရချိန်မှာ ကမ္ဘာတလွှား အသင့်ဖြစ်နေရမှာ ဖြစ်ကြောင်းပြောသွားတာပါ။
မကြာခင်နှစ်တွေထဲမှာ နိုင်ငံအများအပြာဟာ ဆေးပညာရပ်မှာ တိုးတက်အောင် ကောင်းကောင်း လုပ်နိုင်ခဲ့ပေမယ့် ကူးစက်ရောဂါဖြစ်ပွါးမှုတုံ့ပြန်ဆောင်ရွက်ရာမှာ အဓိကကျတဲ့ အခြေခံ လူထုကျန်းမာရေး စနစ်ကို လ ျှစ်လျူရှုထားတာ များနေတယ်လို့လည်း ဝေဖန်ပါတယ်။
ဒီအထဲမှာ ထိုင်း၊ Mongolia ၊ Senegal နဲ့ တချို့ နိုင်ငံတွေရဲ့ COVID-19 ဗိုင်းရပ်စ် အတွက် တုံ့ပြန်ဆောင်ရွက်မှုတွေ အတွက် တော့ ချီးကြူးလိုက်ပါတယ်။ SARS, MERS ၊ ဝက်သက်၊ ပိုလီယို နဲ့ အီဘိုလာ ရောဂါ အပြင် တုပ်ကွေးနဲ့ တခြားရောဂါတွေကို ခံစားခဲ့ကြရတဲ့ ဒီလို နိုင်ငံအများအပြား မှာတော့ ပြင်ဆင်မှုတွေ ကောင်းကောင်း လုပ်ထားနိုင်တာဖြစ်ပြီး ဒါကိုကြည့်ရင် ဒီကပ်ရောဂါကလည်း သင်္ခန်းစာ ကောင်းကောင်း ပေးနိုင်တယ် ဆိုတာနားလည်ဖို့လည်း ပြောပါတယ်။
တနင်္လာနေ့မှာပဲ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယ အများဆုံး ဖြစ်နေတဲ့ အိန္ဒိယက တရက်အတွင်း အကူးစက်ခံရသူ ၉ သောင်းကျော် (၉၀,၈၀၂) နဲ့ ကမ္ဘာမှာ ကူးစက်မှု ဒုတိယ အများဆုံး ဖြစ်သွားပြီး ဘရာဇီးလ် နိုင်ငံထက် ပိုများသွားပါတယ်။
အခုဆို အိန္ဒိယမှာ အကူးစက်ခံရသူ စုစုပေါင်း ၄.၂ သန်း ကျော် ရှိပြီး သေဆုံးရသူက တနင်္လာနေ့မှာ တထောင်ကျော်ရှိခဲ့တဲ့ အတွက် အခုဆို သေဆုံးရသူ ၇ သောင်း ကျော်နေပါပြီ။
အမေရိကန်ပြည်ထောင်စုက ကမ္ဘာမှာ အများဆုံးဖြစ်ပြီး အတည်ပြုလူနာ ၆.၃ သန်းလောက်ရှိပြီး သေဆုံးရသူက ၂ သိန်းနီးပါး ရှိနေတာပါ။