သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံ ကိုဗစ္အတည္ျပဳလူနာ ကမာၻ႔ ဒုတိယအမ်ားဆံုးျဖစ္လာ


အိႏိၵယႏိုင္ငံ Mumbai ၿမိဳ႕မွာ COVID - 19 ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (စက္တင္ဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာအေရအတြက္ဟာ Brazil ႏိုင္ငံထက္ ပိုမ်ားသြားၿပီျဖစ္လို႔ ကမာၻမွာ အတည္ျပဳလူနာ ဒုတိယေျမာက္အမ်ားဆံုးႏိုင္ငံ ျဖစ္သြားပါတယ္။ ဒီေန႔တနလၤာေန႔တရက္ထဲ အတည္ျပဳလူနာ ၉၀,၈၀၂ စံခ်ိန္တင္႐ွိခဲ့တယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။ ဒါေၾကာင့္ အိႏၵိယႏိုင္ငံမွာ စုစုေပါင္းအတည္ျပဳလူနာ ၄.၂ သန္းေက်ာ္႐ွိေနပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူကလည္း ဒီေန႔ ၁,၀၀၀ ေက်ာ္တာမို႔ စုစုေပါင္း ေသဆံုးသူ ၇၁,၀၀၀ ေက်ာ္ျဖစ္ပါတယ္။

လက္႐ွိမွာ အေမရိကန္ျပည္ေထာင္စုက ကိုဗစ္ အတည္ျပဳလူနာ ၆.၃ သန္း ေသဆံုးသူ ၁၈၀,၀၀၀ ေက်ာ္နဲ႔ ကမာၻေပၚမွာ အမ်ားဆံုးျဖစ္ပါတယ္။

Australia ႏိုင္ငံမွာေတာ့ ဒုတိယအေက်ာ့ကူးစက္မႈ အႀကီးအက်ယ္ျပန္ျဖစ္တဲ့ Victoria ျပည္နယ္ထဲမွာ ကိုဗစ္လူနာသစ္ ၄၁ ေယာက္ပဲ တနလၤာေန႔မွာ ေတြ႔႐ွိၿပီး ဒါဟာ ဇြန္လထဲကဆိုရင္ အနည္းဆံုးျဖစ္တယ္လို႔ တာဝန္႐ွိသူေတြက ေျပာပါတယ္။ တခ်ိန္ထဲမွာပဲ စမ္းသပ္ေနတဲ့ ကိုဗစ္ကာကြယ္ေဆး ၂ မ်ဳိးက ထိေရာက္ စိတ္ခ်ရတယ္ဆိုရင္ စုစုေပါင္းေဆး ၈၅ သန္းနီးပါးထုတ္လုပ္ေပးဖုိ႔ေဆးကုမၸဏီ ၂ ခုနဲ႔ သေဘာတူထားတယ္လို႔ ဝန္ႀကီးခ်ဳပ္ Scott Morrison ကေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံ Oxford တကၠသိုလ္က စမ္းသပ္ေနတဲ့ ေဆး ေအာင္ျမင္တယ္ဆုိရင္ ဇန္န၀ါရီလနဲ႔ ေဖေဖာ္၀ါရီလမွာ ေဆး ၃.၈ သန္းရႏိုင္မွာျဖစ္တယ္လုိ႔ ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယနိုင်ငံ ကိုဗစ်အတည်ပြုလူနာ ကမ္ဘာ့ ဒုတိယအများဆုံးဖြစ်လာ

အိန္ဒိယနိုင်ငံမှာ COVID-19 အတည်ပြုလူနာအရေအတွက်ဟာ Brazil နိုင်ငံထက် ပိုများသွားပြီဖြစ်လို့ ကမ္ဘာမှာ အတည်ပြုလူနာ ဒုတိယမြောက်အများဆုံးနိုင်ငံ ဖြစ်သွားပါတယ်။ ဒီနေ့တနင်္လာနေ့တရက်ထဲ အတည်ပြုလူနာ ၉၀,၈၀၂ စံချိန်တင်ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ စုစုပေါင်းအတည်ပြုလူနာ ၄.၂ သန်းကျော်ရှိနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူကလည်း ဒီနေ့ ၁,၀၀၀ ကျော်တာမို့ စုစုပေါင်း သေဆုံးသူ ၇၁,၀၀၀ ကျော်ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက ကိုဗစ် အတည်ပြုလူနာ ၆.၃ သန်း သေဆုံးသူ ၁၈၀,၀၀၀ ကျော်နဲ့ ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပါတယ်။

Australia နိုင်ငံမှာတော့ ဒုတိယအကျော့ကူးစက်မှု အကြီးအကျယ်ပြန်ဖြစ်တဲ့ Victoria ပြည်နယ်ထဲမှာ ကိုဗစ်လူနာသစ် ၄၁ ယောက်ပဲ တနင်္လာနေ့မှာ တွေ့ရှိပြီး ဒါဟာ ဇွန်လထဲကဆိုရင် အနည်းဆုံးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်ထဲမှာပဲ စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး ၂ မျိုးက ထိရောက် စိတ်ချရတယ်ဆိုရင် စုစုပေါင်းဆေး ၈၅ သန်းနီးပါးထုတ်လုပ်ပေးဖို့ဆေးကုမ္ပဏီ ၂ ခုနဲ့ သဘောတူထားတယ်လို့ ဝန်ကြီးချုပ် Scott Morrison ကပြောပါတယ်။

ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က စမ်းသပ်နေတဲ့ ဆေး အောင်မြင်တယ်ဆိုရင် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာ ဆေး ၃.၈ သန်းရနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

XS
SM
MD
LG