(Zawgyi/Unicode)
ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး စမ္းသပ္ ထုတ္လုပ္ေနတဲ့ ျဖစ္စဥ္ထဲ နိုင္ငံေရး ပေယာဂေတြ မပါဝင္ ေစရဘူးလို႔ အေမရိကန္ က်န္းမာေရး ပညာရွင္ေတြက အေမရိကန္ လႊတ္ေတာ္အမတ္ေတြ ေရွ႕ေမွာက္မွာ အာမခံေျပာၾကားခဲ့ပါတယ္။ ကာကြယ္ေဆး ထုတ္လုပ္မႈကို သိပၸံနည္းက် ျဖစ္စဥ္အတိုင္း ထုတ္လုပ္သြားမယ္လို႔လည္း အေမရိကန္ လူထုက်န္းမာေရး ဝန္ေဆာင္မႈ ဌာန အႀကီးအကဲ Surgeon General Jarome Adams က ေျပာပါတယ္။
"ကာကြယ္ေဆးေတြကို ျဖတ္လမ္းကေန ထုတ္လုပ္ေနတာ မဟုတ္ေၾကာင္း၊ ကာကြယ္ေဆးေတြဟာ ေဘးကင္းၿပီး စိတ္ခ်ရမယ့္ေဆး ေတြျဖစ္ၿပီး အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါး ႀကီးၾကပ္ကြပ္ကဲေရး ဌာန (FDA) က အတည္ျပဳ ခြင့္ျပဳၿပီးတာနဲ႔ သူနဲ႔ သူ႔ရဲ့ မိသားစုက အရင္ဆုံး ကာကြယ္ေဆး အထိုးခံသြားမွာ ျဖစ္ေၾကာင္း" အေမရိကန္ လူထုက်န္းမာေရး ဝန္ေဆာင္မႈ ဌာန အႀကီးအကဲ Surgeon General Adams က အထက္ လႊတ္ေတာ္ အမတ္ေတြကို အာမခံ ေျပာၾကား သြားတာ ျဖစ္ပါတယ္။
သိပၸံနည္းက အလုပ္ျဖစ္တာမို႔ သိပၸံနည္းအတိုင္းသာ လိုက္နာ သြားမွာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ က်န္းမာေရး ဝန္ထမ္းေတြလို ကာကြယ္ေဆး ဦးစားေပးထိုးႏွံေပးဖို႔ လိုအပ္ေနသူေတြအတြက္ က်ယ္က်ယ္ ျပန္႔ျပန္႔ စမ္းသပ္ေနတဲ့ ကာကြယ္ေဆး ၆ မ်ိဳးရဲ့ စမ္းသပ္ခ်က္ ရလဒ္ေတြကိုလည္း မၾကာခင္ သိရွိရဖို႔ ရွိတယ္လို႔လည္း တျခား အေမရိကန္ ထိပ္တန္း က်န္းမာေရး ပညာရွင္ေတြ ဗုဒၶဟူးေန႔ အထက္လႊတ္ေတာ္ ၾကားနာပြဲမွာ ေျပာပါတယ္။
ေလာေလာဆယ္ ကာကြယ္ေဆး ထုတ္လုပ္ေနတာကို အေမရိကန္ ေရြးေကာက္ပြဲမွာ ေဆြးေႏြးျငင္းခုံစရာ ကိစၥႀကီး ျဖစ္လာေအာင္ သမၼတ ေဒၚနယ္ထရမ့္က ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး သူ႔အစိုးရရဲ့ အားထုတ္မႈေၾကာင့္ ေအာက္တိုဘာလ အေရာက္မွာ ကာကြယ္ေဆး စမ္းသပ္ခ်က္ ရလဒ္ေတြကို ျမင့္ေတြ႕ရမယ္လို႔ ေျပာထားခဲ့ပါတယ္။ တကယ္သာ ဒီလို ျဖစ္လာမယ္ဆိုရင္ အခ်ိန္တိုအတြင္း အျမန္ဆုံး ထုတ္လုပ္နိုင္တဲ့ ကာကြယ္ေဆးေတြ ျဖစ္လာမွာပါ။
သူ႔အစိုးရရဲ့ Warp Speed စစ္ဆင္ေရးေအာက္မွာ ကာကြယ္ေဆးကို စံခ်ိန္တင္ အျမန္ဆုံး ထုတ္လုပ္ေနၿပီး သိပ္ မၾကာခင္မွာပဲ ဒီ ကာကြယ္ေဆး ကို ရေတာ့မွာ ျဖစ္ေၾကာင္းနဲ႔ တျခား သမၼတေတြ လက္ထက္မွာဆိုရင္ ၂ ႏွစ္ ၃ ႏွစ္ ၾကာေၾကာင္းလည္း သမၼတ ထရမ့္က အဂၤါေန႔ က ေျပာခဲ့ပါတယ္။
ဒီမိုကရက္ အမတ္ေတြကေတာ့ သမၼတ ထရမ့္ဟာ သူ ျပန္ေရြးေကာက္ခံရေရး ကာကြယ္ေဆး စမ္းသပ္တဲ့ ျဖစ္စဥ္ကို အသုံးခ်ေနတယ္လို႔ စြပ္စြဲလိုက္ပါတယ္။ အထက္လႊတ္ေတာ္ ဒီမိုကရက္ အမတ္ Elizabeth Warren က သမၼတ ထရမ့္ရဲ့ ေျပာစကားေတြဟာ အေမရိကန္ လူထု ကာကြယ္ေဆးေပၚမွာ အယုံအၾကည္ ရွိေအာင္ လုပ္ရာမွာ ဘာ အေထာက္အကူမွ မျဖစ္ေစဘူးလို႔ေျပာပါတယ္။
အဂၤါေန႔တုန္းကပဲ COVID-19 ကာကြယ္ေဆး ထုတ္လုပ္မႈကို သိပၸံနည္းက် ေဘးကင္းေရး စံခ်ိန္စံညႊန္းေတြ နဲ႔ အညီ ထုတ္လုပ္သြားမွာဆိုၿပီး ကာကြယ္ေဆး ထုတ္လုပ္ရာမွာ ေရွ႕က ေျပးေနတဲ့ အေမရိကန္နဲ႔ ဥေရာပက ေဆးကုမၸဏီႀကီးေတြရဲ့ အမႈေဆာင္ အရာရွိခ်ဳပ္ ၉ ဦးက ကတိေပး ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ရပါေသးတယ္။
..............
ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုမှာ နိုင်ငံရေးမပါဝင်ဖို့ ကန် ကျန်းမာရေးပညာရှင်တွေ ကတိပြု
(Unicode)
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်နေတဲ့ ဖြစ်စဉ်ထဲ နိုင်ငံရေး ပယောဂတွေ မပါဝင် စေရဘူးလို့ အမေရိကန် ကျန်းမာရေး ပညာရှင်တွေက အမေရိကန် လွှတ်တော်အမတ်တွေ ရှေ့မှောက်မှာ အာမခံပြောကြားခဲ့ပါတယ်။ ကာကွယ်ဆေး ထုတ်လုပ်မှုကို သိပ္ပံနည်းကျ ဖြစ်စဉ်အတိုင်း ထုတ်လုပ်သွားမယ်လို့လည်း အမေရိကန် လူထုကျန်းမာရေး ဝန်ဆောင်မှု ဌာန အကြီးအကဲ Surgeon General Jarome Adams က ပြောပါတယ်။
"ကာကွယ်ဆေးတွေကို ဖြတ်လမ်းကနေ ထုတ်လုပ်နေတာ မဟုတ်ကြောင်း၊ ကာကွယ်ဆေးတွေဟာ ဘေးကင်းပြီး စိတ်ချရမယ့်ဆေး တွေဖြစ်ပြီး အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ဌာန (FDA) က အတည်ပြု ခွင့်ပြုပြီးတာနဲ့ သူနဲ့ သူ့ရဲ့ မိသားစုက အရင်ဆုံး ကာကွယ်ဆေး အထိုးခံသွားမှာ ဖြစ်ကြောင်း" အမေရိကန် လူထုကျန်းမာရေး ဝန်ဆောင်မှု ဌာန အကြီးအကဲ Surgeon General Adams က အထက် လွှတ်တော် အမတ်တွေကို အာမခံ ပြောကြား သွားတာ ဖြစ်ပါတယ်။
သိပ္ပံနည်းက အလုပ်ဖြစ်တာမို့ သိပ္ပံနည်းအတိုင်းသာ လိုက်နာ သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေလို ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးဖို့ လိုအပ်နေသူတွေအတွက် ကျယ်ကျယ် ပြန့်ပြန့် စမ်းသပ်နေတဲ့ ကာကွယ်ဆေး ၆ မျိုးရဲ့ စမ်းသပ်ချက် ရလဒ်တွေကိုလည်း မကြာခင် သိရှိရဖို့ ရှိတယ်လို့လည်း တခြား အမေရိကန် ထိပ်တန်း ကျန်းမာရေး ပညာရှင်တွေ ဗုဒ္ဓဟူးနေ့ အထက်လွှတ်တော် ကြားနာပွဲမှာ ပြောပါတယ်။
လောလောဆယ် ကာကွယ်ဆေး ထုတ်လုပ်နေတာကို အမေရိကန် ရွေးကောက်ပွဲမှာ ဆွေးနွေးငြင်းခုံစရာ ကိစ္စကြီး ဖြစ်လာအောင် သမ္မတ ဒေါ်နယ်ထရမ့်က ပြုလုပ်ခဲ့တာ ဖြစ်ပြီး သူ့အစိုးရရဲ့ အားထုတ်မှုကြောင့် အောက်တိုဘာလ အရောက်မှာ ကာကွယ်ဆေး စမ်းသပ်ချက် ရလဒ်တွေကို မြင့်တွေ့ရမယ်လို့ ပြောထားခဲ့ပါတယ်။ တကယ်သာ ဒီလို ဖြစ်လာမယ်ဆိုရင် အချိန်တိုအတွင်း အမြန်ဆုံး ထုတ်လုပ်နိုင်တဲ့ ကာကွယ်ဆေးတွေ ဖြစ်လာမှာပါ။
သူ့အစိုးရရဲ့ Warp Speed စစ်ဆင်ရေးအောက်မှာ ကာကွယ်ဆေးကို စံချိန်တင် အမြန်ဆုံး ထုတ်လုပ်နေပြီး သိပ် မကြာခင်မှာပဲ ဒီ ကာကွယ်ဆေး ကို ရတော့မှာ ဖြစ်ကြောင်းနဲ့ တခြား သမ္မတတွေ လက်ထက်မှာဆိုရင် ၂ နှစ် ၃ နှစ် ကြာကြောင်းလည်း သမ္မတ ထရမ့်က အင်္ဂါနေ့ က ပြောခဲ့ပါတယ်။
ဒီမိုကရက် အမတ်တွေကတော့ သမ္မတ ထရမ့်ဟာ သူ ပြန်ရွေးကောက်ခံရရေး ကာကွယ်ဆေး စမ်းသပ်တဲ့ ဖြစ်စဉ်ကို အသုံးချနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ အထက်လွှတ်တော် ဒီမိုကရက် အမတ် Elizabeth Warrenက သမ္မတ ထရမ့်ရဲ့ ပြောစကားတွေဟာ အမေရိကန် လူထု ကာကွယ်ဆေးပေါ်မှာ အယုံအကြည် ရှိအောင် လုပ်ရာမှာ ဘာ အထောက်အကူမှ မဖြစ်စေဘူးလို့ပြောပါတယ်။
အင်္ဂါနေ့တုန်းကပဲ COVID-19 ကာကွယ်ဆေး ထုတ်လုပ်မှုကို သိပ္ပံနည်းကျ ဘေးကင်းရေး စံချိန်စံညွှန်းတွေ နဲ့ အညီ ထုတ်လုပ်သွားမှာဆိုပြီး ကာကွယ်ဆေး ထုတ်လုပ်ရာမှာ ရှေ့က ပြေးနေတဲ့ အမေရိကန်နဲ့ ဥရောပက ဆေးကုမ္ပဏီကြီးတွေရဲ့ အမှုဆောင် အရာရှိချုပ် ၉ ဦးက ကတိပေး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရပါသေးတယ်။