သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာကွယ်ဆေးအပေါ် Trump နဲ့ Biden အပြန်အလှန်စကားစစ်ထိုး


Trump and Biden
Trump and Biden

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုတွေဟာ တနင်္လာနေ့ ကျရောက်တဲ့ အလုပ်သမားနေ့ အားလပ်ရက်မှာတော့ အမေရိကန် အလုပ်သမားတွေအရေး အပါအဝင် ပြည်တွင်းရေးတွေမှာ ဦးစားပေး ပြောဆိုလာကြပါတယ်။

ဒီမိုကရက်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင်နဲ့ Kamala Harris တို့ အနေနဲ့ ကာကွယ်ဆေးဆိုင်ရာ ဆန့်ကျင်တဲ့ မဆင်မခြင်ပြောဆိုမှုတွေ အတွက် ချက်ချင်းတောင်းပန်သင့်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြီး တနင်္လာနေ့မှာ ထိုးနှက်တိုက်ခိုက်မှု တွေ ဆက်လုပ်ခဲ့တာပါ။

ဂျိုးဘိုင်ဒင်ကလည်း သူ့အနေနဲ့ ကာကွယ်ဆေးကို မနက်ဖြန်ခါလောက်မှာတောင် ရစေချင်ကြောင်းနဲ့ တကယ်လို့ ရလာတဲ့ ကာကွယ်ဆေးက တကယ်ပဲ ကောင်းနေသည့်တိုင် သမ္မတရဲ့ လုပ်ရပ်တွေကြောင့် လူတွေက သုံးဖို့ တုန့်ဆိုင်းနေမှာ ဖြစ်ကြောင်း တနင်္လာနေ့မှာပဲ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ဌာန CDC ရဲ့ ထုတ်ပြန်ချက်အရ COVID-19 ကြောင့် အမေရိကန်နိုင်ငံမှာ တနေ့ကို လူပေါင်း တထောင်လောက် သေဆုံး နေတာဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ ပါတီကြီး ၂ ရပ်စလုံးက ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး အပြိုင် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ဂျိုးဘိုင်ဒင်ဟာ နိုင်ငံရေး အရ အရေးပါတဲ့ ပြည်နယ်တခုဖြစ်တဲ့ Pennsylvania ပြည်နယ်ကို သွားရောက်ပြီး ပြည်နယ်ရဲ့ မြို့တော် Harrisburg မြို့မှာ အမေရိကန်အလုပ်သမား အဖွဲ့စည်း တွေထဲက အကြီးဆုံး ဖြစ်တဲ့ AFL-CIO အဖွဲ့ ဥက္ကဌ Richard Trumka နဲ့ အတူ အွန်လိုင်း လူထုဆွေးနွေးပွဲကျင်းပဖို့ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ အတွက် သမ္မတထရမ့်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို ဝေဖန်နေတဲ့ ဂျိုးဘိုင်ဒင်ဟာ အမေရိကန် အလုပ်သမား သမဂ္ဂကြီး ၃ ခု ရဲ့ ထောက်ခံမှု ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

COVID-19 ကာကွယ်ဆေးအပေါ် Trump နဲ့ Biden အပြန်အလှန်စကားစစ်ထိုး
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်


...........


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG