သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Portland ဆန္ဒပြမှု ထိပ်တိုက်တွေ့ရင်း တဦးသေဆုံး


သမ္မတ Trump ကို ထောက်ခံသူများ။ (သြဂုတ် ၂၉၊ ၂၀၂၀)
သမ္မတ Trump ကို ထောက်ခံသူများ။ (သြဂုတ် ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ် Portland မြို့မှာ လူမျိုးရေး ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေတာမှာ မနေ့ စနေနေ့ညပိုင်းက Black Lives Matter ဆန္ဒပြသူတွေနဲ့ သမ္မတ Trump ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

မြို့တွင်း ၃ လမ်းနဲ့ Alder လမ်းထောင့်မှာ ဆန္ဒပြသူတွေ အချင်းချင်း ပဋိပက္ခတွေကြား သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁ ဦး ရင်ဘတ်သေနတ်ထိမှန် ဒဏ်ရာရပြီး သေဆုံးခဲ့တာဖြစ်ကြောင်း Portland မြို့ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့သူက လူဖြူအမျိုးသားတဦးဖြစ်ကြောင်း အစောပိုင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

သမ္မတ Trump ကို ထောက်ခံတဲ့ ဆန္ဒပြသူ ၆၀၀ လောက် မြို့တွင်းမှာ စနေနေ့တိုင်း စုဝေးခဲ့တာ သီတင်း ၃ ပတ်ဆက်တိုက်ရှိနေပြီ ဖြစ်ပါတယ်။ သူတို့လိုက်ပါလာတဲ့ယာဉ်ကို လူမျိုးရေး ဆန္ဒပြသူတွေက ရှေ့ကပိတ်ပြီး တားဆီးခဲ့တာကနေ ပဋိပက္ခတွေ ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပပြီးစီးခဲ့တဲ့ ရီပတ်ဘလစ်ကန်ပါတီ ညီလာခံမှာ သမ္မတ Trump က Portland မြို့ကို လွတ်လပ်တဲ့ အစွန်းမရောက်သူတွေ နေထိုင်တဲ့ မြို့တမြို့အဖြစ် ဖော်ညွှန်းခဲ့ပြီး အကြမ်းဖက်သူတစုကြောင့် မြို့တွင်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေရကြောင်း ပြောဆိုခဲ့တာပါ။

ဒုတိယအကြိမ် သမ္မတသက်တမ်း ရွေးကောက်ခံတဲ့ ညီလာခံမှာ ပြောကြားခဲ့တဲ့ သူ့မိန့်ခွန်းထဲမှာလည်း သမ္မတ Trump က တရားဥပဒေ စိုးမိုးရေးနဲ့ အမိန့်အာဏာ တည်မြဲရေးကို အဓိက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

၃ လလောက်ကြာအောင် ဖြစ်ပွားနေခဲ့တဲ့ Portland မြို့ ညစဉ်ရက်ဆက် လူမျိုးရေး ဆန္ဒပြပွဲတွေအတွင်း လူပေါင်းရာနဲ့ချီကို ပြည်နယ်နဲ့ အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးနေတဲ့ကြားကပဲ ဆန္ဒပြပွဲတွေက ဆက်ပြီး ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက Minnesota ပြည်နယ် Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd ဆိုသူကို ရဲက ဖမ်းဆီးတဲ့အချိန်မှာ သေဆုံးခဲ့ရတဲ့အတွက် နိုင်ငံတဝန်း အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)

Portland ဆန်ဒပွမှု ထိပျတိုကျတှေ့ရငျး တဦးသဆေုံး

အမရေိကနျပွညျထောငျစု Oregon ပွညျနယျ Portland မွို့မှာ လူမြိုးရေး ဆန်ဒပွပှဲတှေ ဆကျတိုကျ ပေါျပေါကျနတောမှာ မနေ့ စနနေေ့ညပိုငျးက Black Lives Matter ဆန်ဒပွသူတှနေဲ့ သမ်မတ Trump ကို ထောကျခံတဲ့ ဆန်ဒပွသူတှကွေား ပဋိပက်ခတှေ ဖွဈခဲ့တဲ့အတှကျ လူ ၁ ဦး သဆေုံးခဲ့ပါတယျ။



သမ်မတ Trump ကို ထောကျခံတဲ့ ဆန်ဒပွသူ ၆၀၀ လောကျ မွို့တှငျးမှာ စနနေေ့တိုငျး စုဝေးခဲ့တာ သီတငျး ၃ ပတျဆကျတိုကျရှိနပွေီ ဖွဈပါတယျ။ သူတို့လိုကျပါလာတဲ့ယာဉျကို လူမြိုးရေး ဆန်ဒပွသူတှကေ ရှေ့ကပိတျပွီး တားဆီးခဲ့တာကနေ ပဋိပက်ခတှေ ဖွဈခဲ့တာပါ။





XS
SM
MD
LG