(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု Oregon ျပည္နယ္ Portland ၿမိဳ႕မွာ လူမ်ိဳးေရး ဆႏၵျပပြဲေတြ ဆက္တိုက္ ေပၚေပါက္ေနတာမွာ မေန႔ စေနေန႔ညပိုင္းက Black Lives Matter ဆႏၵျပသူေတြနဲ႔ သမၼတ Trump ကို ေထာက္ခံတဲ့ ဆႏၵျပသူေတြၾကား ပဋိပကၡေတြ ျဖစ္ခဲ့တဲ့အတြက္ လူ ၁ ဦး ေသဆုံးခဲ့ပါတယ္။
ၿမိဳ႕တြင္း ၃ လမ္းနဲ႔ Alder လမ္းေထာင့္မွာ ဆႏၵျပသူေတြ အခ်င္းခ်င္း ပဋိပကၡေတြၾကား ေသနတ္နဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ လူ ၁ ဦး ရင္ဘတ္ေသနတ္ထိမွန္ ဒဏ္ရာရၿပီး ေသဆုံးခဲ့တာျဖစ္ေၾကာင္း Portland ၿမိဳ႕ ရဲတပ္ဖြဲ႔က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
ေသဆုံးခဲ့သူက လူျဖဴအမ်ိဳးသားတဦးျဖစ္ေၾကာင္း အေစာပိုင္း သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။
သမၼတ Trump ကို ေထာက္ခံတဲ့ ဆႏၵျပသူ ၆၀၀ ေလာက္ ၿမိဳ႕တြင္းမွာ စေနေန႔တိုင္း စုေဝးခဲ့တာ သီတင္း ၃ ပတ္ဆက္တိုက္ရွိေနၿပီ ျဖစ္ပါတယ္။ သူတို႔လိုက္ပါလာတဲ့ယာဥ္ကို လူမ်ိဳးေရး ဆႏၵျပသူေတြက ေရွ႕ကပိတ္ၿပီး တားဆီးခဲ့တာကေန ပဋိပကၡေတြ ျဖစ္ခဲ့တာပါ။
ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က က်င္းပၿပီးစီးခဲ့တဲ့ ရီပတ္ဘလစ္ကန္ပါတီ ညီလာခံမွာ သမၼတ Trump က Portland ၿမိဳ႕ကို လြတ္လပ္တဲ့ အစြန္းမေရာက္သူေတြ ေနထိုင္တဲ့ ၿမိဳ႕တၿမိဳ႕အျဖစ္ ေဖာ္ၫႊန္းခဲ့ၿပီး အၾကမ္းဖက္သူတစုေၾကာင့္ ၿမိဳ႕တြင္း ဆႏၵျပပြဲေတြ ျဖစ္ေပၚေနရေၾကာင္း ေျပာဆိုခဲ့တာပါ။
ဒုတိယအႀကိမ္ သမၼတသက္တမ္း ေရြးေကာက္ခံတဲ့ ညီလာခံမွာ ေျပာၾကားခဲ့တဲ့ သူ႔မိန္႔ခြန္းထဲမွာလည္း သမၼတ Trump က တရားဥပေဒ စိုးမိုးေရးနဲ႔ အမိန္႔အာဏာ တည္ၿမဲေရးကို အဓိက ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။
၃ လေလာက္ၾကာေအာင္ ျဖစ္ပြားေနခဲ့တဲ့ Portland ၿမိဳ႕ ညစဥ္ရက္ဆက္ လူမ်ိဳးေရး ဆႏၵျပပြဲေတြအတြင္း လူေပါင္းရာနဲ႔ခ်ီကို ျပည္နယ္နဲ႔ အစိုးရ အာဏာပိုင္ေတြက ဖမ္းဆီးေနတဲ့ၾကားကပဲ ဆႏၵျပပြဲေတြက ဆက္ၿပီး ျဖစ္ပြားေနတာပါ။
ၿပီးခဲ့တဲ့ ေမလေႏွာင္းပိုင္းက Minnesota ျပည္နယ္ Minneapolis ၿမိဳ႕မွာ လူမည္းအမ်ိဳးသား George Floyd ဆိုသူကို ရဲက ဖမ္းဆီးတဲ့အခ်ိန္မွာ ေသဆုံးခဲ့ရတဲ့အတြက္ ႏိုင္ငံတဝန္း အခုလို ဆႏၵျပပြဲေတြ ေပၚေပါက္ေနတာလည္း ျဖစ္ပါတယ္။
------------------------
(Unicode)
Portland ဆန္ဒပြမှု ထိပ်တိုက်တွေ့ရင်း တဦးသေဆုံး
အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ် Portland မြို့မှာ လူမျိုးရေး ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေတာမှာ မနေ့ စနေနေ့ညပိုင်းက Black Lives Matter ဆန္ဒပြသူတွေနဲ့ သမ္မတ Trump ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးခဲ့ပါတယ်။
မြို့တွင်း ၃ လမ်းနဲ့ Alder လမ်းထောင့်မှာ ဆန္ဒပြသူတွေ အချင်းချင်း ပဋိပက္ခတွေကြား သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁ ဦး ရင်ဘတ်သေနတ်ထိမှန် ဒဏ်ရာရပြီး သေဆုံးခဲ့တာဖြစ်ကြောင်း Portland မြို့ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့သူက လူဖြူအမျိုးသားတဦးဖြစ်ကြောင်း အစောပိုင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
သမ္မတ Trump ကို ထောက်ခံတဲ့ ဆန္ဒပြသူ ၆၀၀ လောက် မြို့တွင်းမှာ စနေနေ့တိုင်း စုဝေးခဲ့တာ သီတင်း ၃ ပတ်ဆက်တိုက်ရှိနေပြီ ဖြစ်ပါတယ်။ သူတို့လိုက်ပါလာတဲ့ယာဉ်ကို လူမျိုးရေး ဆန္ဒပြသူတွေက ရှေ့ကပိတ်ပြီး တားဆီးခဲ့တာကနေ ပဋိပက္ခတွေ ဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပပြီးစီးခဲ့တဲ့ ရီပတ်ဘလစ်ကန်ပါတီ ညီလာခံမှာ သမ္မတ Trump က Portland မြို့ကို လွတ်လပ်တဲ့ အစွန်းမရောက်သူတွေ နေထိုင်တဲ့ မြို့တမြို့အဖြစ် ဖော်ညွှန်းခဲ့ပြီး အကြမ်းဖက်သူတစုကြောင့် မြို့တွင်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေရကြောင်း ပြောဆိုခဲ့တာပါ။
ဒုတိယအကြိမ် သမ္မတသက်တမ်း ရွေးကောက်ခံတဲ့ ညီလာခံမှာ ပြောကြားခဲ့တဲ့ သူ့မိန့်ခွန်းထဲမှာလည်း သမ္မတ Trump က တရားဥပဒေ စိုးမိုးရေးနဲ့ အမိန့်အာဏာ တည်မြဲရေးကို အဓိက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
၃ လလောက်ကြာအောင် ဖြစ်ပွားနေခဲ့တဲ့ Portland မြို့ ညစဉ်ရက်ဆက် လူမျိုးရေး ဆန္ဒပြပွဲတွေအတွင်း လူပေါင်းရာနဲ့ချီကို ပြည်နယ်နဲ့ အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးနေတဲ့ကြားကပဲ ဆန္ဒပြပွဲတွေက ဆက်ပြီး ဖြစ်ပွားနေတာပါ။
ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက Minnesota ပြည်နယ် Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd ဆိုသူကို ရဲက ဖမ်းဆီးတဲ့အချိန်မှာ သေဆုံးခဲ့ရတဲ့အတွက် နိုင်ငံတဝန်း အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာလည်း ဖြစ်ပါတယ်။