သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Wisconsin ျပည္နယ္မွာ လူမည္းအမ်ဳိးသားဒဏ္ရာရတဲ့ပစ္ခတ္မႈ တရားေရးဌာန စံုစမ္းစစ္ေဆးမယ္


Wisconsin ျပည္နယ္ Kenosha ၿမိဳ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ၾသဂုတ္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု Wisconsin ျပည္နယ္ Kenosha ၿမိဳ႕မွာ လူမည္းအမ်ိဳးသားတဦးကို ရဲက ေသနတ္နဲ႔ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး ႏုိင္ငံသားအခြင့္အေရးဆုိင္ရာ စုံစမ္းစစ္ေဆးမႈေတြ လုပ္သြားမယ္လို႔ အေမရိကန္တရားေရးဌာနက ဗုဒၶဟူးေန႔က ေၾကျငာပါတယ္။

Wisconsin ျပည္နယ္ Kenosha ၿမိဳ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ၾသဂုတ္ ၂၆၊ ၂၀၂၀)
Wisconsin ျပည္နယ္ Kenosha ၿမိဳ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ၾသဂုတ္ ၂၆၊ ၂၀၂၀)

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ရဲကပစ္ခတ္မႈေၾကာင့္ Jacob Blake ဆုိတဲ့ လူမည္းအမ်ိဳးသားဟာ ေက်ာမွာေရာ ကိုယ္တြင္းအဂၤါေတြမွာပါ အႀကီးအက်ယ္ဒဏ္ရာရသြားၿပီး ေအာက္ပိုင္းတခုလုံးလည္း ေသသလိုျဖစ္သြားခဲ့ပါတယ္။

ဒီစုံစမ္းစစ္ေဆးမႈကိုေတာ့ ျပည္ေထာင္စုစုံစမ္းစစ္ေဆးေရးဗ်ဴ႐ုိ (FBI) က Wisconsin ျပည္နယ္ ဥပေဒစိုးမုိးေရး တာ၀န္ရွိသူေတြ တျခားျပည္နယ္အာဏာပိုင္ေတြနဲ႔ အတူ ပူးေပါင္းေဆာင္ရြက္ၿပီး ကိုင္တြယ္သြားမွာျဖစ္တယ္လို႔ အေမရိကန္တရားေရးဌာနက ေၾကျငာခ်က္ ထုတ္ျပန္ပါတယ္။ Kenosha ၿမိဳ႕မွာ ၄ ရက္ဆက္တုိက္ ဆႏၵျပပဲြေတြကို ျဖစ္ေစခဲ့တဲ့ ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး ကင္မရာေတြနဲ႔ ႐ုိက္ထားတဲ့ တရား၀င္ဗီဒီယိုေတြကို Wisconsin တရားေရးဌာနက ဗုဒၶဟူးေန႔က ထုတ္ျပန္ခဲ့ပါတယ္။

အစီရင္ခံစာအရေတာ့ အမ်ိဳးသမီးတဦးက သူ႔ရဲ႕ ရည္းစားဟာ သူအိမ္ပရ၀ဏ္ထဲမွာ မရွိသင့္ဘဲ ရွိေနတဲ့အတြက္ ရဲတပ္ဖဲြ႔ကိုအေၾကာင္းၾကားၿပီး Kenosha ရဲတပ္ဖဲြ႔ကို အဲဒီအိမ္ကိုလာဖို႔ ေခၚခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။ ရဲတပ္ဖဲြ႔က အဲဒီအိမ္ေရွ႕မွာ Blake ကို ဖမ္းဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာ Taser ဆုိတဲ့ လွွ်ပ္စစ္နဲ႔တို႔ဖမ္းတဲ့ ကိရိယာကို သုံးခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ဘဲ Blake က သူ႔ကားဆီကိုသြားၿပီး ကားတံခါးဖြင့္တဲ့အခ်ိန္မွာ Rusken Sheskey ဆုိတဲ့ ရဲ၀န္ထမ္းက Blake ရဲ႕ အက်ႌကိုဆဲြၿပီး ေနာက္ကေန ေသနတ္နဲ႔ ၇ ခ်က္ပစ္ခဲ့ၿပီး အဲဒီမွာရွိတဲ့ က်န္တဲ့ ရဲေတြကေတာ့ မပစ္ဘူးလို႔ Wisconsin ျပည္နယ္တရားေရးဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Wisconsin ပြည်နယ်မှာ လူမည်းအမျိုးသားဒဏ်ရာရတဲ့ပစ်ခတ်မှု တရားရေးဌာန စုံစမ်းစစ်ဆေးမယ်

အမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ် Kenosha မြို့မှာ လူမည်းအမျိုးသားတဦးကို ရဲက သေနတ်နဲ့ပစ်ခတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံသားအခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ အမေရိကန်တရားရေးဌာနက ဗုဒ္ဓဟူးနေ့က ကြေငြာပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရဲကပစ်ခတ်မှုကြောင့် Jacob Blake ဆိုတဲ့ လူမည်းအမျိုးသားဟာ ကျောမှာရော ကိုယ်တွင်းအင်္ဂါတွေမှာပါ အကြီးအကျယ်ဒဏ်ရာရသွားပြီး အောက်ပိုင်းတခုလုံးလည်း သေသလိုဖြစ်သွားခဲ့ပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုကိုတော့ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က Wisconsin ပြည်နယ် ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ တခြားပြည်နယ်အာဏာပိုင်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ပြီး ကိုင်တွယ်သွားမှာဖြစ်တယ်လို့ အမေရိကန်တရားရေးဌာနက ကြေငြာချက် ထုတ်ပြန်ပါတယ်။ Kenosha မြို့မှာ ၄ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေကို ဖြစ်စေခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကင်မရာတွေနဲ့ ရိုက်ထားတဲ့ တရားဝင်ဗီဒီယိုတွေကို Wisconsin တရားရေးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာအရတော့ အမျိုးသမီးတဦးက သူ့ရဲ့ ရည်းစားဟာ သူအိမ်ပရဝဏ်ထဲမှာ မရှိသင့်ဘဲ ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့ကိုအကြောင်းကြားပြီး Kenosha ရဲတပ်ဖွဲ့ကို အဲဒီအိမ်ကိုလာဖို့ ခေါ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့က အဲဒီအိမ်ရှေ့မှာ Blake ကို ဖမ်းဖို့ ကြိုးစားတဲ့အချိန်မှာ Taser ဆိုတဲ့ လျှပ်စစ်နဲ့တို့ဖမ်းတဲ့ ကိရိယာကို သုံးခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ Blake က သူ့ကားဆီကိုသွားပြီး ကားတံခါးဖွင့်တဲ့အချိန်မှာ Rusken Sheskey ဆိုတဲ့ ရဲဝန်ထမ်းက Blake ရဲ့ အင်္ကျီကိုဆွဲပြီး နောက်ကနေ သေနတ်နဲ့ ၇ ချက်ပစ်ခဲ့ပြီး အဲဒီမှာရှိတဲ့ ကျန်တဲ့ ရဲတွေကတော့ မပစ်ဘူးလို့ Wisconsin ပြည်နယ်တရားရေးဌာနက ပြောပါတယ်။

XS
SM
MD
LG