သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပမႈေတြေၾကာင့္ Kenosha ၿမိဳ႕မွာ ညမထြက္ရအမိန္႔ထုတ္


Wisconsin ျပည္နယ္ Milwaukee ၿမိဳ႕က ဆႏၵျပတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု၊ Wisconsin ျပည္နယ္ Kenosha ၿမိဳ ႔မွာ လူမည္းတဦးကို ရဲတို႔ပစ္ခတ္မႈျဖစ္ပြားခဲ့တာေၾကာင့္ တနဂၤေႏြေန႔ေနွာင္းပိုင္းမွာ ဆႏၵျပပြဲေတြ ေပၚေပါက္လာပါတယ္။

လူမႈကြန္ယက္ေတြမွာေတြ႔ရတဲ့ ဗီဒီယိုပုံရိပ္ေတြထဲမွာေတာ့ ကားတစင္းေရွ ႔ကျဖတ္ေလ ွ်ာက္သြားတဲ့ လူမည္းတဦးေနာက္ကို ေသနတ္ေတြကိုင္ထားၾကတဲ့ ရဲအရာရွိ သံုး ဦး ကပ္လို္က္သြားတာကိုေတြ႔ရပါတယ္။ အဲဒီလူမည္းအမ်ိဳးသား ကားတံခါးကိုဖြင့္ၿပီး၀င္တဲ့အခ်ိန္မွာ ရဲအရာရွိတေယာက္က သူ႔အက်ၤီကိုေနာက္ကဆြဲၿပီး ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာပါ။ အဲဒီဗြီဒီယိုထဲမွာ ေသနတ္သံ ၇ ခ်က္ၾကားေပမဲ့ ရဲအရာရွိဘယ္ႏွစ္ေယာက္က ပစ္ခတ္ခ့ဲသလဲဆိုတာနဲ႔ ဘာေၾကာင့္ပစ္ခတ္မႈျဖစ္ခဲ့ရသလဲဆိုတာ ရွင္းရွင္းလင္းလင္းမေတြ႔ရပါဘူး။

Kenosha ရဲဌာန ထုတ္ျပန္ခ်က္မွာေတာ့ ပစ္ခတ္မႈျဖစ္ပါြးရတဲ့ အေၾကာင္းရင္းကိုေျပာမထားပဲ ဒဏ္ရာျပင္းထန္တဲ့အတြက္ အဲဒီလူကို ေဆးရုံတင္လိုက္ရတယ္လို႔သာေဖာ္ျပထားတာပါ။ ေသနတ္ပစ္ခတ္မႈ ျဖစ္ပါြးရတဲ့ အေၾကာင္းရင္းကို ျပည္နယ္တရားေရးဌာနက စုံစမ္းစစ္ေဆးမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး ဆႏၵျပပြဲေတြ ေပၚေပါက္လာတာေၾကာင့္ Kenosha ၿမိဳ ႔မွာ ညမထြက္ရအမိန္႔ထုတ္ျပန္ထားပါတယ္။ Kenosha ေကာင္တီ အစိုးရရုံးေတြရွိရာကို ခ်ိီတက္လာတဲ့ ဆႏၵျပသူေတြကို ရဲတို႔က ပလစ္စတစ္ဒိုင္းေတြ၊ လက္ကိုင္တုတ္ေတြသုံးၿပီး တားဆီးခ့ဲၾကပါတယ္။

ရဲအရာရွိေတြရဲ ႔ မဆင္မျခင္ပစ္ခတ္မႈနဲ႔ အေမရိကန္လူမည္းေတြႀကဳံေနရတာေၾကာင့္ တရာဥေပးစိုးမိုးေရးဌာန ျပဳျပင္ေျပာင္းလဲဖို႔နဲ႔ လူမ်ိဳးေရးခြဲျခားမႈကို တာ၀န္ရွိသူေတြ ကိုင္တြယ္ေဆာင္ရြက္ဖို႔ ေတာင္းဆိုဆႏၵျပပြဲေတြ ႏုိင္ငံတ၀ွမ္း ေပၚေပါက္လာေစတဲ့ေနာက္ဆုံးျဖစ္ရပ္လည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဆန္ဒပြမှုတွေကြောင့် Kenosha မြို့မှာ ညမထွက်ရအမိန့်ထုတ်

အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ် Kenosha မြို့မှာ လူမည်းတဦးကို ရဲတို့ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။

လူမှုကွန်ယက်တွေမှာတွေ့ရတဲ့ ဗီဒီယိုပုံရိပ်တွေထဲမှာတော့ ကားတစင်းရှေ့ကဖြတ်လေ ျှာက်သွားတဲ့ လူမည်းတဦးနောက်ကို သေနတ်တွေကိုင်ထားကြတဲ့ ရဲအရာရှိ သုံး ဦး ကပ်လိုက်သွားတာကိုတွေ့ရပါတယ်။ အဲဒီလူမည်းအမျိုးသား ကားတံခါးကိုဖွင့်ပြီး ဝင်ထိုင်မလို့ လုပ်တဲ့အချိန်မှာ ရဲအရာရှိတယောက်က သူ့ အင်္ကျီနောက်ကဆွဲပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီဗွီဒီယိုထဲမှာ သေနတ်သံ ၇ ချက်ကြားပေမဲ့ ရဲအရာရှိဘယ်နှစ်ယောက်က ပစ်ခတ်ခဲ့သလဲဆိုတာနဲ့ ဘာကြောင့်ပစ်ခတ်မှုဖြစ်ခဲ့ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းမတွေ့ရပါဘူး။

Kenosha ရဲဌာန ထုတ်ပြန်ချက်မှာတော့ ပစ်ခတ်မှုဖြစ်ပါွးရတဲ့ အကြောင်းရင်းကိုပြောမထားပဲ ဒဏ်ရာပြင်းထန်တဲ့အတွက် အဲဒီလူကို ဆေးရုံတင်လိုက်ရတယ်လို့သာဖော်ပြထားတာပါ။ သေနတ်ပစ်ခတ်မှု ဖြစ်ပါွးရတဲ့ အကြောင်းရင်းကို ပြည်နယ်တရားရေးဌာနက စုံစမ်းစစ်ဆေးမယ်လို့လည်း ဖော်ပြထားပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာကြောင့် Kenosha မြို့မှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။ Kenosha ကောင်တီ အစိုးရရုံးတွေရှိရာကို ချီတက်လာတဲ့ ဆန္ဒပြသူတွေကို ရဲတို့က ပလစ်စတစ်ဒိုင်းတွေ၊ လက်ကိုင်တုတ်တွေသုံးပြီး တားဆီးခဲ့ကြပါတယ်။

ရဲအရာရှိတွေရဲ့ မဆင်မခြင်ပစ်ခတ်မှုနဲ့ အမေရိကန်လူမည်းတွေကြုံနေရတာကြောင့် တရာဥပေးစိုးမိုးရေးဌာန ပြုပြင်ပြောင်းလဲဖို့နဲ့ လူမျိုးရေးခွဲခြားမှုကို တာဝန်ရှိသူတွေ ကိုင်တွယ်ဆောင်ရွက်ဖို့ တောင်းဆိုဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်း ပေါ်ပေါက်လာစေတဲ့နောက်ဆုံးဖြစ်ရပ်လည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG