(Zawgyi / Unicode)
ဘယ္လာ႐ုစ္ႏိုင္ငံမွာ သမၼတသက္တမ္း ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ Alexander Lukashenko ကုိ ေနာက္ထပ္ သမၼတသက္တမ္း ထပ္တိုးေပးလိုက္တဲ့ အျငင္းပြားဖြယ္ရာ ေရြးေကာက္ပဲြအၿပီး ဆန္႔က်င္ဆႏၵျပပဲြေတြ ျဖစ္ပြားေနရာမွာ တနဂၤေႏြေန႔က ၿမိဳ႕ေတာ္ Minsk မွာ လူေပါင္း အနည္းဆံုး တသိန္းေလာက္ ဆႏၵျပခဲ့ၾကပါတယ္။
အတိုက္အခံေခါင္းေဆာင္ Sviatlana Tsikhanouskaya က ဦးေဆာင္ျပဳလုပ္တဲ့ Freedom for March ဒီလူထုဆႏၵျပပဲြႀကီးမွာ လူေပါင္း တသိန္းနဲ႔ ႏွစ္သိန္းၾကား ပါ၀င္ခဲ့ၾကတာျဖစ္ၿပီး မၾကာေသးခင္က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြရဲ႕ တရား၀င္မႈကို ေမးခြန္းထုတ္ခဲ့ၾကပါတယ္။
တခ်ိန္တည္းမွာပဲ သမၼတ Lukashenko ကို ေထာက္ခံသူေတြ ေထာင္နဲ႔ခ်ီၿပီး တန္ျပန္ အင္အားျပခဲ့ၾကပါတယ္။ သမၼတ Lukashenko ကေတာ့ ေရြးေကာက္ပဲြအသစ္ကို က်င္းပေပးမွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
တနဂၤေႏြေန႔က သူ႔ကိုေထာက္ခံသူေတြကို သမၼတ Lukashenko က မိန္႔ခြန္းေျပာၾကားရာမွာ ေရြးေကာက္ပဲြမွာ မသမာမႈေတြ ရွိခဲ့တယ္ဆိုတဲ့ စြပ္စဲြခ်က္ေတြကို ျငင္းဆိုခဲ့ၿပီး မၿငိမ္မသက္ ျဖစ္ရတာဟာ ႏိုင္ငံျခား ၀င္ေရာက္စြက္ဖက္မႈေၾကာင့္ ျဖစ္တယ္လို႔ အျပစ္တင္ခဲ့ၿပီး ဘယ္လာ႐ုစ္နယ္စပ္ ၁၅ မိုင္အကြာမွာ ေနတိုးတပ္ဖဲြ႔ဟာ လက္နက္ေတြ စုေဆာင္းေနတယ္လို႔လည္း သူက စြပ္စဲြခဲ့ပါတယ္။
ၾသဂုတ္လ ၉ ရက္ေန႔က က်င္းပတဲ့ ေရြးေကာက္ပဲြမွာ သမၼတသက္တမ္း ၂၆ ႏွစ္ရွိေနၿပီျဖစ္တဲ့ Lukashenko အႏိုင္ရေၾကာင္း ေရြးေကာက္ပဲြ တာ၀န္ရွိသူေတြ ေၾကညာၿပီးကတည္းက Minsk ၿမိဳ႕ေတာ္နဲ႔ အျခားၿမိဳ႕ေတြမွာ ဘယ္လာ႐ုစ္ ျပည္သူေတြ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။
ေရြးေကာက္ပဲြေၾကညာခ်က္မွာ အတိုက္အခံေခါင္းေဆာင္ Sviatlana Tsikhanouskaya ကိုေပးတဲ့ မဲအေရအတြက္ ၉.၉ ရာခုိင္ႏႈန္းသာရွိၿပီး ဆန္႔က်င္မဲအေရအတြက္ ၈၀ ရာခုိင္ႏႈန္းေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။
--------------------------------
(Unicode)
ဘယ်လာရုစ်နိုင်ငံက လွတ်မြောက်ရေးချီတက်ပွဲ သိန်းချီပါဝင်လှုပ်ရှား
ဘယ်လာရုစ်နိုင်ငံမှာ သမ္မတသက်တမ်း ၂၆ နှစ်ရှိပြီဖြစ်တဲ့ Alexander Lukashenko ကို နောက်ထပ် သမ္မတသက်တမ်း ထပ်တိုးပေးလိုက်တဲ့ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပွားနေရာမှာ တနင်္ဂနွေနေ့က မြို့တော် Minsk မှာ လူပေါင်း အနည်းဆုံး တသိန်းလောက် ဆန္ဒပြခဲ့ကြပါတယ်။
အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya က ဦးဆောင်ပြုလုပ်တဲ့ Freedom for March ဒီလူထုဆန္ဒပြပွဲကြီးမှာ လူပေါင်း တသိန်းနဲ့ နှစ်သိန်းကြား ပါဝင်ခဲ့ကြတာဖြစ်ပြီး မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ တရားဝင်မှုကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ သမ္မတ Lukashenko ကို ထောက်ခံသူတွေ ထောင်နဲ့ချီပြီး တန်ပြန် အင်အားပြခဲ့ကြပါတယ်။ သမ္မတ Lukashenko ကတော့ ရွေးကောက်ပွဲအသစ်ကို ကျင်းပပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က သူ့ကိုထောက်ခံသူတွေကို သမ္မတ Lukashenko က မိန့်ခွန်းပြောကြားရာမှာ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး မငြိမ်မသက် ဖြစ်ရတာဟာ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကြောင့် ဖြစ်တယ်လို့ အပြစ်တင်ခဲ့ပြီး ဘယ်လာရုစ်နယ်စပ် ၁၅ မိုင်အကွာမှာ နေတိုးတပ်ဖွဲ့ဟာ လက်နက်တွေ စုဆောင်းနေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။
သြဂုတ်လ ၉ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတသက်တမ်း ၂၆ နှစ်ရှိနေပြီဖြစ်တဲ့ Lukashenko အနိုင်ရကြောင်း ရွေးကောက်ပွဲ တာဝန်ရှိသူတွေ ကြေညာပြီးကတည်းက Minsk မြို့တော်နဲ့ အခြားမြို့တွေမှာ ဘယ်လာရုစ် ပြည်သူတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကြေညာချက်မှာ အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya ကိုပေးတဲ့ မဲအရေအတွက် ၉.၉ ရာခိုင်နှုန်းသာရှိပြီး ဆန့်ကျင်မဲအရေအတွက် ၈၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။