သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရွ႕ဥေရာပမွာ တ႐ုတ္ၿခိမ္းေျခာက္မႈ ကန္ ႏုိင္ငံျခားေရး၀န္ႀကီး သတိေပး


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo. (ၾသဂုတ္ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ျပည္ ကြန္ျမဴနစ္ပါတီဟာ ယခင္ ဆိုဗီယက္ျပည္ေထာင္စုထက္ ႀကီးမားတဲ့ လုံၿခဳံေရးၿခိမ္းေျခာက္မႈတရပ္ ျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ခ်က္၊ စလိုေဗးနီးယား၊ ၾသစႀတီးယားႏိုင္ငံတုိ႔ကို သတိေပး ေျပာၾကားလိုက္ပါတယ္။ ဝန္ႀကီး Pompeo ရဲ႕ ဒီ အေရွ႕ဥေရာပ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ဗြီအုိေအသတင္းေထာက္ Cindy Saine ေပးပို႔တဲ့ သတင္းလႊာကို ဦးေက်ာ္ဇံသာ တင္ျပေပးထားပါတယ္။

ဝန္ႀကီး Pompeo ရဲ႕ ဒီခရီးစဥ္ဟာ အေရွ႕ဥေရာပ ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ ေတာ္ေတာ္မ်ားမ်ားကို ပိုမိုခိုင္မာေစဖို႔ ရည္ရြယ္သလို ဘယ္လာ႐ုစ္ႏိုင္ငံမွာ ေရြးေကာက္ပဲြအၿပီး ျဖစ္ပ်က္ေနတဲ့ မၿငိမ္မသက္မႈနဲ႔ အီရန္အေပၚ လက္နက္ပိတ္ဆုိ႔ေရး ကိစၥတုိ႔ကိုလည္း အေလးထားပါတယ္။

ဒါေပမယ့္ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ အေဝးဆက္သြယ္ေရး အေျခခံ အေဆာက္အဦေတြ တည္ေဆာက္ေရး ကိစၥကေတာ့ သူ ေရာက္ေလရာမွာ အဓိကထားတဲ့ကိစၥ ျဖစ္ပါတယ္။

“ဒီ အေဝးဆက္သြယ္ေရး လုပ္ငန္းအေပၚ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ ရည္ရြယ္ခ်က္ဟာ ကမၻာေပၚက အျခား ဆက္သြယ္ေရးစနစ္ေတြ အားလုံးရဲ႕ ရည္ရြယ္ခ်က္နဲ႔ မတူဘူးဆိုတာ တကမၻာလုံးက ရွင္းရွင္းလင္းလင္း ျမင္ေတြ႔ေနရၿပီလို႔ ထင္ပါတယ္။ ဒါကို သူတို႔ရဲ႕ အမ်ဳိးသားလုံၿခဳံေရး ယႏၱရားေတြ၊ ေထာက္လွမ္းေရးေတြနဲ႔ စစ္အင္အားအတြက္ အသုံးခ်မွာ ျဖစ္ပါတယ္။”

တ႐ုတ္ဘက္ကေတာ့ Pompeo ဟာ သြားေလရာမွာ ႏုိင္ငံေရး ဗိုင္းရပ္စ္ပိုးေတြ မမွန္မကန္တဲ့ အခ်က္အလက္ေတြ ေျပာေနတယ္ဆိုၿပီး သူ႔ရဲ႕ သတိေပးခ်က္ကို ပယ္ခ်ပါတယ္။

ဒါေပမယ့္ Huawei နဲ႔ တျခားကုမၸဏီေတြအေပၚ သတိထားဖို႔ ေျပာတဲ့ကိစၥကေတာ့ အျမတ္ထြက္ေနပါၿပီ။ 5G နဲ႔ ပတ္သက္ၿပီး မယုံၾကည္ရတဲ့ လုပ္ငန္းတခ်ဳိ႕ကို လက္မခံဖို႔ စလုိေဗးနီးယားနဲ႔ အေမရိကန္တို႔ သေဘာတူႏိုင္ခဲ့ၾကၿပီ ျဖစ္ပါတယ္။ Pompeo ရဲ႕ တ႐ုတ္ကိစၥ ရည္မွန္းခ်က္ဟာ အက်ဳိးသက္ေရာက္မႈ ရွိေစမယ္လို႔ ကၽြမ္းက်င္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။ Daniel Kochis ဟာ Heritage ေဖာင္ေဒးရွင္း အဖြဲ႔ဝင္တဦး ျဖစ္ပါတယ္။

“အထူးသျဖင့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕ ဦးစီးလုပ္ေဆာင္မႈဟာ အေျခအေနကို ေျပာင္းျပန္ ျဖစ္သြားေစတယ္လို႔ ထင္ပါတယ္။ ေနာက္ထပ္ တျခားေသာ ႏိုင္ငံေတြကလည္း အေဝးဆက္သြယ္ေရးနဲ႔ ပတ္သက္ၿပီး ေနာင္အခါျဖစ္လာမယ့္ ပုံစံသစ္ေတြအေပၚ တ႐ုတ္ပါဝင္လာမယ္ဆိုရင္ ဒီအတုိင္းပဲ သေဘာထားလာၾကလိမ့္မယ္လို႔ ထင္ပါတယ္။” လုိ႔ Daniel Kochis က Skype ကတဆင့္ ေျပာသြားတာပါ။

သုိ႔ေပမယ့္လည္း အေရွ႕ဥေရာပအတြက္ဆုိရင္ ႐ုရွားဟာ တ႐ုတ္ထက္ပိုၿပီး အနီးကပ္ၿခိမ္းေျခာက္မႈ ျဖစ္တယ္လို႔လည္း သူက ယူဆပါတယ္။

“ဒါေပမယ့္ ဒီေဒသအတြက္ဆုိရင္ တ႐ုတ္ဟာ ခပ္လွမ္းလွမ္းက ၿခိမ္းေျခာက္မႈ ျဖစ္ေနၿပီး ႐ုရွားကေတာ့ စစ္ေရးၿခိမ္းေျခာက္မႈနဲ႔ ဝါဒျဖန္႔ခ်ိေရးတို႔ ရွိေနတဲ့အတြက္ အေရးႀကီးတဲ့ အနီးကပ္အႏၱရာယ္ ျဖစ္တယ္လို႔ ထင္ပါတယ္။”

မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာ ေလ့လာေရးဌာနက Heather Conlay ကလည္း ဥေရာပမွာ တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈထက္ အနီးကပ္နဲ႔ အေရးႀကီးတဲ့ ၿခိမ္းေျခာက္မႈေတြ ရွိေနၿပီး ဒါကို မွ်မွ်တတ လုပ္ေဆာင္ဖို႔လိုတယ္လို႔ ဆုိပါတယ္။

“တ႐ုတ္ဟာ က်မတို႔ ႏိုင္ငံျခားေရးမူဝါဒရဲ႕ အေရးႀကီး အစိတ္အပိုင္းတရပ္ ျဖစ္ေနသည့္တိုင္ ဒါတခုတည္းကိုပဲ ဦးစားမေပးဘဲ အေရွ႕ဥေရာပ ႏိုင္ငံေတြနဲ႔ ပတ္သက္ရင္ ပိုမိုပါးနပ္ၿပီး က်ယ္ျပန္႔တဲ့ ခ်ဥ္းကပ္မႈမ်ဳိး ထားရွိဖို႔ လုိအပ္ပါတယ္။”

ဝန္ႀကီး Pompeo ဟာ ဒီခရီးစဥ္အတြင္း ဘယ္လာ႐ုစ္ႏိုင္ငံမွာ ျဖစ္ပ်က္ေနတာေတြကိုလည္း သူ႔ခရီးစဥ္တေလွ်ာက္ ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးခဲ့ပါတယ္။

“ခ်က္သမၼတႏိုင္ငံမွာ က်ေနာ္ေျပာခဲ့သလုိပါပဲ ဘယ္လာ႐ုစ္ ျပည္သူေတြ သူတို႔ေတာင္းဆိုေနတဲ့ လြတ္လပ္မႈကို ရရွိေစခ်င္ပါတယ္။ သူတို႔အက်ဳိးစီးပြားလို႔ သူတို႔ထင္တဲ့ အရာေတြကုိလည္း ျဖစ္လာေစခ်င္ပါတယ္။ ကန္႔ကြက္မႈေတြကို က်ေနာ္တို႔ ေစာင့္ၾကည့္ေနပါတယ္။ အၾကမ္းမဖက္တဲ့ ဆႏၵျပမႈေတြကို အကာအကြယ္ေပးဖို႔နဲ႔ အႏၱရာယ္မျဖစ္ေစဖို႔ တိုက္တြန္းပါတယ္။”

ဘယ္လာ႐ုစ္ ေရြးေကာက္ပဲြေတြဟာ လြတ္လပ္ တရားမွ်တမႈ မရွိဘူးဆိုၿပီး အေမရိကန္နဲ႔ ဥေရာပသမဂၢတို႔ သေဘာတူထားတယ္လို႔ ၾသစႀတီးယား ႏုိင္ငံျခားေရးဝန္ႀကီး Schallenberg က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ ဘယ္လာ႐ုစ္ေခါင္းေဆာင္ Alexander Lukashenko အေနနဲ႔ အၾကမ္းဖက္မႈနဲ႔ ႏိုင္ထက္စီးနင္းမႈေတြကို အျမန္ဆုံးရပ္ဆုိင္းဖို႔၊ က်န္ေနေသးတဲ့ အက်ဥ္းသားေတြကို လႊတ္ေပးဖို႔ ဥေရာပႏိုင္ငံေတြက ျပတ္ျပတ္သားသား ေတာင္းဆုိေစခ်င္တယ္လို႔လည္း ေျပာသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

အရှေ့ဥရောပမှာ တရုတ်ခြိမ်းခြောက်မှု ကန် နိုင်ငံခြားရေးဝန်ကြီး သတိပေး

တရုတ်ပြည် ကွန်မြူနစ်ပါတီဟာ ယခင် ဆိုဗီယက်ပြည်ထောင်စုထက် ကြီးမားတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတရပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ချက်၊ စလိုဗေးနီးယား၊ သြစတြီးယားနိုင်ငံတို့ကို သတိပေး ပြောကြားလိုက်ပါတယ်။ ဝန်ကြီး Pompeo ရဲ့ ဒီ အရှေ့ဥရောပ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Cindy Saine ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာ တင်ပြပေးထားပါတယ်။

ဝန်ကြီး Pompeo ရဲ့ ဒီခရီးစဉ်ဟာ အရှေ့ဥရောပ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တော်တော်များများကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်သလို ဘယ်လာရုစ်နိုင်ငံမှာ ရွေးကောက်ပွဲအပြီး ဖြစ်ပျက်နေတဲ့ မငြိမ်မသက်မှုနဲ့အီရန်အပေါ် လက်နက်ပိတ်ဆို့ရေး ကိစ္စတို့ကိုလည်း အလေးထားပါတယ်။

ဒါပေမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ အဝေးဆက်သွယ်ရေး အခြေခံ အဆောက်အဦတွေ တည်ဆောက်ရေး ကိစ္စကတော့ သူ ရောက်လေရာမှာ အဓိကထားတဲ့ကိစ္စ ဖြစ်ပါတယ်။

“ဒီ အဝေးဆက်သွယ်ရေး လုပ်ငန်းအပေါ် တရုတ်ကွန်မြူနစ်ပါတီရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာပေါ်က အခြား ဆက်သွယ်ရေးစနစ်တွေ အားလုံးရဲ့ ရည်ရွယ်ချက်နဲ့ မတူဘူးဆိုတာ တကမ္ဘာလုံးက ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီလို့ ထင်ပါတယ်။ ဒါကို သူတို့ရဲ့ အမျိုးသားလုံခြုံရေး ယန္တရားတွေ၊ ထောက်လှမ်းရေးတွေနဲ့ စစ်အင်အားအတွက် အသုံးချမှာ ဖြစ်ပါတယ်။”

တရုတ်ဘက်ကတော့ Pompeo ဟာ သွားလေရာမှာ နိုင်ငံရေး ဗိုင်းရပ်စ်ပိုးတွေ မမှန်မကန်တဲ့ အချက်အလက်တွေ ပြောနေတယ်ဆိုပြီး သူ့ရဲ့ သတိပေးချက်ကို ပယ်ချပါတယ်။

ဒါပေမယ့် Huawei နဲ့ တခြားကုမ္ပဏီတွေအပေါ် သတိထားဖို့ ပြောတဲ့ကိစ္စကတော့ အမြတ်ထွက်နေပါပြီ။ 5G နဲ့ ပတ်သက်ပြီး မယုံကြည်ရတဲ့ လုပ်ငန်းတချို့ကို လက်မခံဖို့ စလိုဗေးနီးယားနဲ့ အမေရိကန်တို့ သဘောတူနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ Pompeo ရဲ့ တရုတ်ကိစ္စ ရည်မှန်းချက်ဟာ အကျိုးသက်ရောက်မှု ရှိစေမယ်လို့ ကျွမ်းကျင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ Daniel Kochis ဟာ Heritage ဖောင်ဒေးရှင်း အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။

“အထူးသဖြင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ဦးစီးလုပ်ဆောင်မှုဟာ အခြေအနေကို ပြောင်းပြန် ဖြစ်သွားစေတယ်လို့ ထင်ပါတယ်။ နောက်ထပ် တခြားသော နိုင်ငံတွေကလည်း အဝေးဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး နောင်အခါဖြစ်လာမယ့် ပုံစံသစ်တွေအပေါ် တရုတ်ပါဝင်လာမယ်ဆိုရင် ဒီအတိုင်းပဲ သဘောထားလာကြလိမ့်မယ်လို့ ထင်ပါတယ်။” လို့ Daniel Kochis က Skype ကတဆင့် ပြောသွားတာပါ။

သို့ပေမယ့်လည်း အရှေ့ဥရောပအတွက်ဆိုရင် ရုရှားဟာ တရုတ်ထက်ပိုပြီး အနီးကပ်ခြိမ်းခြောက်မှု ဖြစ်တယ်လို့လည်း သူက ယူဆပါတယ်။

“ဒါပေမယ့် ဒီဒေသအတွက်ဆိုရင် တရုတ်ဟာ ခပ်လှမ်းလှမ်းက ခြိမ်းခြောက်မှု ဖြစ်နေပြီး ရုရှားကတော့ စစ်ရေးခြိမ်းခြောက်မှုနဲ့ ဝါဒဖြန့်ချိရေးတို့ ရှိနေတဲ့အတွက် အရေးကြီးတဲ့ အနီးကပ်အန္တရာယ် ဖြစ်တယ်လို့ ထင်ပါတယ်။”

မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက Heather Conlay ကလည်း ဥရောပမှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုထက် အနီးကပ်နဲ့ အရေးကြီးတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပြီး ဒါကို မျှမျှတတ လုပ်ဆောင်ဖို့လိုတယ်လို့ ဆိုပါတယ်။

“တရုတ်ဟာ ကျမတို့ နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီး အစိတ်အပိုင်းတရပ် ဖြစ်နေသည့်တိုင် ဒါတခုတည်းကိုပဲ ဦးစားမပေးဘဲ အရှေ့ဥရောပ နိုင်ငံတွေနဲ့ ပတ်သက်ရင် ပိုမိုပါးနပ်ပြီး ကျယ်ပြန့်တဲ့ ချဉ်းကပ်မှုမျိုး ထားရှိဖို့ လိုအပ်ပါတယ်။”

ဝန်ကြီး Pompeo ဟာ ဒီခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံမှာ ဖြစ်ပျက်နေတာတွေကိုလည်း သူ့ခရီးစဉ်တလျှောက် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

“ချက်သမ္မတနိုင်ငံမှာ ကျနော်ပြောခဲ့သလိုပါပဲ ဘယ်လာရုစ် ပြည်သူတွေ သူတို့တောင်းဆိုနေတဲ့ လွတ်လပ်မှုကို ရရှိစေချင်ပါတယ်။ သူတို့အကျိုးစီးပွားလို့ သူတို့ထင်တဲ့ အရာတွေကိုလည်း ဖြစ်လာစေချင်ပါတယ်။ ကန့်ကွက်မှုတွေကို ကျနော်တို့ စောင့်ကြည့်နေပါတယ်။ အကြမ်းမဖက်တဲ့ ဆန္ဒပြမှုတွေကို အကာအကွယ်ပေးဖို့နဲ့ အန္တရာယ်မဖြစ်စေဖို့ တိုက်တွန်းပါတယ်။”

ဘယ်လာရုစ် ရွေးကောက်ပွဲတွေဟာ လွတ်လပ် တရားမျှတမှု မရှိဘူးဆိုပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ သဘောတူထားတယ်လို့ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီး Schallenberg က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဘယ်လာရုစ်ခေါင်းဆောင် Alexander Lukashenko အနေနဲ့ အကြမ်းဖက်မှုနဲ့ နိုင်ထက်စီးနင်းမှုတွေကို အမြန်ဆုံးရပ်ဆိုင်းဖို့၊ ကျန်နေသေးတဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဥရောပနိုင်ငံတွေက ပြတ်ပြတ်သားသား တောင်းဆိုစေချင်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG