သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Belarus ေရြးေကာက္ပြဲေနာက္ပုိင္း ႏုိင္ငံေရးတင္းမွာမႈ ႀကီးထြားေန


သမၼတ Alexander Lukashenko ကို မေက်နပ္တဲ့ ဆႏၵျပပြဲ

(Zawgyi/Unicode)

ေသာၾကာေန႔က Belarus ႏိုင္ငံမွာ ၾသဂုတ္လ ၉ ရက္ ေရြးေကာက္ပြဲအႏိုင္ရ သမၼတ Alexander Lukashenko ကို မေက်နပ္တဲ့ ဆႏၵျပပြဲေတြနဲ႔ မၿငိမ္မသက္ ျဖစ္ေနပါတယ္။

ဒီေရြးေကာက္ပြဲအတြင္း မဲမသမာမႈေတြ ရွိေနတယ္ ဆိုၿပီးသမၼတရဲ့ ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရခဲ့တယ္ဆိုတဲ့ ေၾကညာခ်က္ကို ေသာင္းနဲ႔ခ်ီတဲ့ ကန္႔ကြက္မႈေတြ ရွိေနသလို ဘာလက္နက္မွ မပါတဲ့ ဆႏၵျပသူေတြကုိ ၿဖိဳခြဲမႈ အတြက္ပါ မေက်မနပ္ ျဖစ္ေနၾကတာပါ။

Belarus ႏုိင္ငံတလႊား က လမ္းေတြ တေလ ွ်ာက္မွာ အမ်ိဳးသမီးေတြနဲ႔ ေဆးကုသေရးလုပ္သားေတြ လက္ခ်င္းခ်ိတ္ၿပီး အၾကမ္းဖက္မႈ အဆံုးသတ္ေရး ေတာင္းဆိုေနတဲ့ အတြက္ ဆႏၵျပသူေတြနဲ႔ ထိပ္တိုက္ေတြ႔ေနတဲ့ ရဲေတြလည္း ရန္လိုမႈေျပေလ်ာ့လာပံုရပါတယ္။ ပင္မစက္ရံုႀကီးေတြကလည္း သမၼတ လူရွန္ကို ႏုတ္ထြက္မေပးမခ်င္း အလုပ္ေတြ ရပ္နားထားမွာ ျဖစ္ေၾကာင္း ေၾကညာပါတယ္။

ေသာၾကာေန႔ ညေနပိုင္းမွာ အလုပ္သမားေတြဟာ အလုပ္ခြင္ကေန ထြက္လာၾကၿပီး Minsk က ပင္မ အစိုးရ အေဆာက္အဦးေရွ႕မွာ ထိုင္သပိတ္ေမွာက္ေနတဲ့ ဆႏၵျပသူေတြနဲ႔ ပူးေပါင္းခဲ့ၾကပါတယ္။ ကာလတာၾကာရွည္ အုပ္ခ်ဳပ္ေနတဲ့ အစိုးရကို မေက်နပ္ေၾကာင္း ျပသတဲ့ အေနနဲ႔ ကားဟြန္းတီး ဆႏၵျပေနတဲ့ Belarus ႏိုင္ငံသား ကားသမားေတြကိုလည္း ေနရာတိုင္းမွာ ေတြ႔ေနရပါတယ္။

သမၼတ Lukashenko ဟာ အလုပ္သမားေတြ ဆႏၵျပမႈအတြက္ ေတြ႔ဆံုေဆြးေႏြး မႈေတြ စတင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ႏိုင္ငံတြင္း အခုလို ဆန္႔က်င္ဆႏၵျပမႈေတြ တိုးလာတာဟာ ဥေရာပနဲ႔ ရုရွားအတိုက္အခံေတြ ေၾကာင့္ ျဖစ္ေၾကာင္း သမၼတက ထပ္ၿပီး ေျပာၾကားခဲ့တာပါ။

အာဏာရွင္ Alexander Lukashenko ကို ဆႏၵျပတဲ့ အတိုက္အခံေတြကို လံုၿခံဳေရးတပ္သားေတြ ေခ်မႈန္းခဲ့တဲ့ Belarus ႏိုင္ငံကို အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ ဥေရာပေကာ္မရွင္အႀကီးအကဲ Ursula von der Leyen က ေသာၾကာေန႔မွာ ေတာင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

Belarus ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးတင်းမှာမှုကြီးထွားနေ
(Unicode)

သောကြာနေ့က Belarus နိုင်ငံမှာ သြဂုတ်လ ၉ ရက် ရွေးကောက်ပွဲအနိုင်ရ သမ္မတ Alexander Lukashenko ကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက် ဖြစ်နေပါတယ်။

ဒီရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ရှိနေတယ် ဆိုပြီးသမ္မတရဲ့ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တယ်ဆိုတဲ့ ကြေညာချက်ကို သောင်းနဲ့ချီတဲ့ ကန့်ကွက်မှုတွေ ရှိနေသလို ဘာလက်နက်မှ မပါတဲ့ ဆန္ဒပြသူတွေကို ဖြိုခွဲမှု အတွက်ပါ မကျေမနပ် ဖြစ်နေကြတာပါ။

Belarusနိုင်ငံတလွှား က လမ်းတွေ တလေ ျှာက်မှာ အမျိုးသမီးတွေနဲ့ ဆေးကုသရေးလုပ်သားတွေ လက်ချင်းချိတ်ပြီး အကြမ်းဖက်မှု အဆုံးသတ်ရေး တောင်းဆိုနေတဲ့ အတွက် ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ ရဲတွေလည်း ရန်လိုမှုပြေလျော့လာပုံရပါတယ်။ ပင်မစက်ရုံကြီးတွေကလည်း သမ္မတ လူရှန်ကို နုတ်ထွက်မပေးမချင်း အလုပ်တွေ ရပ်နားထားမှာ ဖြစ်ကြောင်း ကြေညာပါတယ်။

သောကြာနေ့ ညနေပိုင်းမှာ အလုပ်သမားတွေဟာ အလုပ်ခွင်ကနေ ထွက်လာကြပြီး Minsk က ပင်မ အစိုးရ အဆောက်အဦးရှေ့မှာ ထိုင်သပိတ်မှောက်နေတဲ့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ကြပါတယ်။ ကာလတာကြာရှည် အုပ်ချုပ်နေတဲ့ အစိုးရကို မကျေနပ်ကြောင်း ပြသတဲ့ အနေနဲ့ ကားဟွန်းတီး ဆန္ဒပြနေတဲ့ Belarus နိုင်ငံသား ကားသမားတွေကိုလည်း နေရာတိုင်းမှာ တွေ့နေရပါတယ်။

သမ္မတ Lukashenko ဟာ အလုပ်သမားတွေ ဆန္ဒပြမှုအတွက် တွေ့ဆုံဆွေးနွေး မှုတွေ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံတွင်း အခုလို ဆန့်ကျင်ဆန္ဒပြမှုတွေ တိုးလာတာဟာ ဥရောပနဲ့ ရုရှားအတိုက်အခံတွေ ကြောင့် ဖြစ်ကြောင်း သမ္မတက ထပ်ပြီး ပြောကြားခဲ့တာပါ။

အာဏာရှင် Alexander Lukashenko ကို ဆန္ဒပြတဲ့ အတိုက်အခံတွေကို လုံခြုံရေးတပ်သားတွေ ချေမှုန်းခဲ့တဲ့ Belarus နိုင်ငံကို အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen က သောကြာနေ့မှာ တောင်းဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG