သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားေရး၀န္ႀကီး Pompeo ခ်က္ႏိုင္ငံေရာက္ရွိ


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo နဲ႔ ဇနီးျဖစ္သူတို႔ကို ခ်က္သမၼတႏိုင္ငံ Prague ၿမိဳ႕ေလယာဥ္ကြင္းမွာေတြ႔ရ။ (ၾသဂုတ္ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ဟာ ခ်က္သမၼတႏိုင္ငံကို ဒီေန႔ေရာက္ရွိၿပီး၊ အဲဒီမွာ မိန္႔ခြန္းတရပ္ေျပာဖို႔ရွိသလို ခ်က္ႏိုင္ငံျခားေရး၀န္ႀကီး Tomas Petricek နဲ႔ ညစာ အတူစားမွာ ျဖစ္ပါတယ္။ ခ်က္ႏိုင္ငံမွာ ေရာက္ေနခ်ိန္မွာ ဝန္ႀကီး Pompeo က ေဘာ္လတစ္ပင္လယ္၊ ပင္လယ္နက္နဲ႔ ေအဒရီယက္တစ္ ပင္လယ္ေတြနဲ႔ ထိစပ္ေနတဲ့ ဥေရာပ အလယ္ပိုင္းနဲ႔ အေရွ႕ပိုင္း ႏိုင္ငံေတြအၾကား အေျခခံ အေဆာက္အအုံ၊ စြမ္းအင္နဲ႔ ဒီဂ်စ္တယ္ စီမံကိန္းေတြမွာ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ပူးေပါင္း ဆက္သြယ္မႈ တိုးျမႇင့္ေရး ကိစၥကို ေဆြးေႏြးမွာ ျဖစ္ပါတယ္။

အဲဒီေနာက္ ဒုတိယ ကမာၻစစ္အတြင္း ဥေရာပႏိုင္ငံေတြ နာဇီဂ်ာမနီလက္က လြတ္ေျမာက္ေရးမွာ ပါဝင္ခဲ့တဲ့ အေမရိကန္ ႏိုင္ငံရဲ႕ အခန္းက႑ကို ေမာ္ကြန္းတင္ထားတဲ့ ျပတိုက္ကို သြားေရာက္လည္ပတ္မွာ ျဖစ္ပါတယ္။ ၀န္ႀကီး Pompeo ဟာ ဥေရာပ အလယ္ပိုင္း ၄ ႏိုင္ငံကို ဩဂုတ္လ ၁၁ ရက္ေန႔က ၁၅ ရက္ေန႔အထိ သြားေရာက္ေနတာျဖစ္ပါတယ္။ ဥေရာပမွာ တ႐ုတ္နဲ႔ ႐ုရွားတို႔ စီးပြားေရးအရနဲ႔ ပထဝီ ႏိုင္ငံေရး အရ ဩဇာလႊမ္းမိုးဖို႔ ႀကိဳးပမ္းေနတာေတြကို တုံ႔ျပန္ ဟန္႔တားဖို႔အတြက္Pompeo ရဲ႕ ခရီးစဥ္ျဖစ္လတာပါ။

သူရဲ႕ တစ္ပတ္ၾကာ ခရီးစဥ္အတြင္း ခ်က္သမၼတႏိုင္ငံ၊ စလိုေဗးနီးယားႏိုင္ငံ၊ ဩစႀတီးယားႏိုင္ငံနဲ႔ ပိုလန္ႏိုင္ငံေတြကို သြားေရာက္မွာ ျဖစ္ၿပီး စလိုေဗးနီးယားႏိုင္ငံမွာ 5G နည္းပညာဆိုင္ရာ ပူးတြဲ ေၾကညာခ်က္ကို လက္မွတ္ေရးထိုး ထုတ္ျပန္မွာ ျဖစ္ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးရဲ႕ ခရီးစဥ္ဟာ ဥေရာပမွာ ရွိတဲ့ အေမရိကန္တပ္ ၁၂,၀၀၀ နီးပါးကို ဂ်ာမနီကေန ႐ုပ္သိမ္းၿပီး တပ္တခ်ိဳ႕ တစ္ဝက္ကို ပိုလန္ႏိုင္ငံကို ေ႐ႊ႕ေျပာင္းတပ္စြဲဖို႔ ျပင္ဆင္ေနခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။ ပိုလန္ႏိုင္ငံမွာေတာ့ ဝန္ႀကီး Pompeo က အၿပီးသတ္လုနီးပါးျဖစ္ေနတဲ့ အေမရိကန္-ပိုလန္ ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရး သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး ပိုလန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေဆြးေႏြးမွာ ျဖစ္ပါတယ္။ အဲဒီ သေဘာတူညီခ်က္အရ ပိုလန္ႏိုင္ငံထဲ အေမရိကန္ တပ္သား ၁၀၀၀ ကို တိုးျမႇင့္ ခ်ထားမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ အလွည့္က် တပ္စြဲေရး အစီအစဥ္အရ ပိုလန္ႏိုင္ငံမွာ အေမရိကန္ တပ္သား ၄,၅၀၀ တပ္စြဲထားပါတယ္။

ဩစႀတီးယားႏိုင္ငံမွာေတာ့ အေမရိကန္- ဩစႀတီးယား မဟာဗ်ဴဟာေျမာက္ လက္တြဲေဖာ္ အစီအစဥ္နဲ႔ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး ကုန္သြယ္ေရး ကိစၥေတြကို အဓိကထား ေဆြးေႏြးမွာ ျဖစ္ပါတယ္ ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံခြားရေးဝန်ကြီး Pompeo ချက်နိုင်ငံရောက်ရှိ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ချက်သမ္မတနိုင်ငံကို ဒီနေ့ရောက်ရှိပြီး၊ အဲဒီမှာ မိန့်ခွန်းတရပ်ပြောဖို့ရှိသလို ချက်နိုင်ငံခြားရေးဝန်ကြီး Tomas Petricek နဲ့ ညစာ အတူစားမှာ ဖြစ်ပါတယ်။ ချက်နိုင်ငံမှာ ရောက်နေချိန်မှာ ဝန်ကြီး Pompeo က ဘော်လတစ်ပင်လယ်၊ ပင်လယ်နက်နဲ့ အေဒရီယက်တစ် ပင်လယ်တွေနဲ့ ထိစပ်နေတဲ့ ဥရောပ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း နိုင်ငံတွေအကြား အခြေခံ အဆောက်အအုံ၊ စွမ်းအင်နဲ့ ဒီဂျစ်တယ် စီမံကိန်းတွေမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပူးပေါင်း ဆက်သွယ်မှု တိုးမြှင့်ရေး ကိစ္စကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

အဲဒီနောက် ဒုတိယ ကမ္ဘာစစ်အတွင်း ဥရောပနိုင်ငံတွေ နာဇီဂျာမနီလက်က လွတ်မြောက်ရေးမှာ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံရဲ့ အခန်းကဏ္ဍကို မော်ကွန်းတင်ထားတဲ့ ပြတိုက်ကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဝန်ကြီး Pompeo ဟာ ဥရောပ အလယ်ပိုင်း ၄ နိုင်ငံကို ဩဂုတ်လ ၁၁ ရက်နေ့က ၁၅ ရက်နေ့အထိ သွားရောက်နေတာဖြစ်ပါတယ်။ ဥရောပမှာ တရုတ်နဲ့ ရုရှားတို့ စီးပွားရေးအရနဲ့ ပထဝီ နိုင်ငံရေး အရ ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတာတွေကို တုံ့ပြန် ဟန့်တားဖို့အတွက်Pompeo ရဲ့ ခရီးစဉ်ဖြစ်လတာပါ။

သူရဲ့ တစ်ပတ်ကြာ ခရီးစဉ်အတွင်း ချက်သမ္မတနိုင်ငံ၊ စလိုဗေးနီးယားနိုင်ငံ၊ ဩစတြီးယားနိုင်ငံနဲ့ ပိုလန်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပြီး စလိုဗေးနီးယားနိုင်ငံမှာ 5G နည်းပညာဆိုင်ရာ ပူးတွဲ ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်မှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်ဟာ ဥရောပမှာ ရှိတဲ့ အမေရိကန်တပ် ၁၂,၀၀၀ နီးပါးကို ဂျာမနီကနေ ရုပ်သိမ်းပြီး တပ်တချို့ တစ်ဝက်ကို ပိုလန်နိုင်ငံကို ရွှေ့ပြောင်းတပ်စွဲဖို့ ပြင်ဆင်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ပိုလန်နိုင်ငံမှာတော့ ဝန်ကြီး Pompeo က အပြီးသတ်လုနီးပါးဖြစ်နေတဲ့ အမေရိကန်-ပိုလန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက်နဲ့ပတ်သက်ပြီး ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီ သဘောတူညီချက်အရ ပိုလန်နိုင်ငံထဲ အမေရိကန် တပ်သား ၁၀၀၀ ကို တိုးမြှင့် ချထားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အလှည့်ကျ တပ်စွဲရေး အစီအစဉ်အရ ပိုလန်နိုင်ငံမှာ အမေရိကန် တပ်သား ၄,၅၀၀ တပ်စွဲထားပါတယ်။

ဩစတြီးယားနိုင်ငံမှာတော့ အမေရိကန်- ဩစတြီးယား မဟာဗျူဟာမြောက် လက်တွဲဖော် အစီအစဉ်နဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ကုန်သွယ်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ် ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG