သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belarus ဆန္ဒပြသူတွေကို ကန် ထောက်ခံ


Belarus ဆန္ဒပြသူများ
Belarus ဆန္ဒပြသူများ

(Zawgyi/Unicode)

Belarus နိုင်ငံမှာ သမ္မတ Alexander Lukashenko ကို ၆ ကြိမ်မြောက် သမ္မတ သက်တမ်း ဆက်လက် ထမ်းဆောင်ခွင့် ရသွားစေတဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲအတွက် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ကြိုးစားမှု နဲ့ Belarus က ဆန္ဒပြသူတွေကို အမေရိကန်နိုင်ငံက ထောက်ခံကြောင်း ပြောပါတယ်။

Belarus ပြည်သူတွေ ကိုယ့်အနာဂတ်အတွက့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုကို အမေရိကန်ပြည်ထောင်စု လေးစား အားကျကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် Belarus နိုင်ငံ အချုပ်အခြာအာဏာတည်မြဲရေးအတွက် အမေရိကန်က ထောက်ခံပံ့ပိုးပေးမယ် ဆိုတဲ့ ရပ်တည်ချက်အတိုင်း ဆက်လက်ကျင့်သုံးမှာ ဖြစ်ကြောင်း လည်း ပြောပါတယ်။

Belarus နိုင်ငံမှာ ၂၆ နှစ်ကြာ အုပ်ချုပ်နေတဲ့ သမ္မတ Lukashenko က သြဂုတ်လ ၉ ရက်ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၈၀ % သူရကြောင်း ပြောကြားခဲ့ပါတယ်။ အတိုက်အခံ Svetlana Tikhanovskaya ကတော့ ၁၀ % ပဲ ရခဲ့တာပါ။ ဒီရွေးကောက်ပွဲမှာ မဲမသမာမှု တွေရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို အမေရိကန်၊ အီးယူ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေကလည်း မဲရလဒ်ကို လက်မခံကြပါဘူး။

သြဂုတ်လ ၉ ရက် ရွေးကောက်ပွဲဟာ စံချိန်မမှီကြောင်း နဲ့ အမေရိကန်နိုင်ငံ အနေနဲ့ Belarus ပြည်သူတွေရဲ ဆန္ဒနဲ့အညီ လွတ်လပ်ပြီး တရားမ ျှတတဲ့ ရွေးကောက်ပွဲကို ဖြစ်ဖို့ ထောက်ခံကြောင်းလည်း ဝန်ကြီး Pompeo ကပြောပါတယ်။

အီးယူ ဥရောပ သမဂ္ဂ ကလည်း ဒီရွေးကောက်ပွဲမှာ မဲမသမာမှု တွေနဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုမှာ ပါဝင် ပတ်သက်နေတဲ့ တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ် အရေးယူမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်ပွါးခဲ့တဲ ဆန္ဒပြပွဲ တွေကို အကြမ်းဖက် နှိမ်နင်းမှုကနေ ဆန္ဒပြသူ ၇၀၀၀ လောက် အဖမ်းခံခဲ့ရတာပါ။

Belarus ဆန္ဒပြသူတွေကို ကန် ထောက်ခံ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်


.............

Belarus ဆန်ဒပွသူတှကေို ကနျ ထောကျခံ
(Unicode)








XS
SM
MD
LG