သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Belarus မွာ ဆႏၵျပမႈေတြ အရွိန္ျမင့္ ဆက္ျဖစ္ေန


(Zawgyi/Unicode)

မဲမသမာမႈေတြ ရွိတယ္လို႔ ေစာင့္ၾကည့္သံုးသပ္သူေတြ ေဝဖန္ေနတဲ့ Belarus ႏိုင္ငံ ေရြးေကာက္ပြဲကေန ၂၆ ႏွစ္ အုပ္ခ်ဳပ္ၿပီးတဲ့ ေနာက ္သက္တမ္း ဆက္တိုးမယ့္ အာဏာရွင္ သမၼတ Alexander Lukashenko ႏုတ္ထြက္ေပးဖုိ႔ ဆႏၵျပမႈေတြတိုးလာခ်ိန္မွာ အဂၤါေန႔ က ေနာက္ထပ္ အလုပ္သမားေတြပါ ပူးေပါင္းလာၾကပါတယ္။

အစိုးရထိန္းခ်ဳပ္ထားတဲ့ လုပ္ငန္းေတြကေန ေထာင္နဲ႔ခ်ီတဲ့အလုပ္သမားေတြ အလုပ္မလုပ္ၾကေတာ့ပဲ ဆႏၵျပေနတဲ့ မင္းသားမင္းသမီး သရုပ္ေဆာင္ေတြ ရုပ္သံလႊင့္သမားေတြနဲ႔ ပူးေပါင္း ခဲ့ၾကတာပါ။ ၾသဂုတ္လ ၉ ရက္ ေရြးေကာက္ပြဲေနာက္ပိုင္း ရက္ဆက္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈကို ရဲေတြက ျပင္းျပင္းထန္ထန္ ေခ်မႈန္းခဲ့တဲ့ေနာက္ သမၼတ Lukashenko ႏုတ္ထြက္ ေပးဖို႔ ေတာင္းဆိုမႈေတြကို သမၼတက ျငင္းဆိုခဲ့ခ်ိန္က စၿပီး ဖန္ေနတဲ့ Belarus ႏိုင္ငံမွာ မၿငိမ္သက္မႈေတြ တုိးလာခဲ့ပါတယ္။

ဆႏၵျပမႈေတြတိုးလာေနခ်ိန္မွာပဲ သမၼတ Lukashenko က ရဲ အရာရွိ သံုးရာေက်ာ္ကို သူတို႔တာဝန္ ထမ္းေဆာင္မႈအတြက္ ဂုဏ္ၿပဳၿပီး သူ႔ကို သစၥာေစာင့္သိေစဖုိ႔ ႀကိဳးစားခဲ့တာပါ။ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို stun grenades လို႔ေခၚတဲ့ ေမ့ေဆးဗံုးေတြ ရာဘာက်ည္ဆံေတြ နဲ႔ ပစ္ခတ္ခဲ့တဲ့ ရဲေတြကို အခုလို ခ်ီးၾကဴး ဂုဏ္ျပဳတာအတြက္ အတိုက္အခံေတြက ရံႈ႕ခ်ၾကပါတယ္။ ရဲေတြရဲ့ ႏွိမ္နင္းမႈေၾကာင့္ ေသဆံုးရသူ အနည္းဆံုး ၂ ဦးရွိၿပီး လူေပါင္း ရာနဲ႔ခ်ီ ဒဏ္ရာ ရခဲ့သလို အဖမ္းခံရသူကလည္း ၇၀၀၀ ေလာက္ရွိေနပါတယ္။

အခု က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲကို လြတ္လပ္ၿပီး တရားမ ွ်တမႈ ရွိတဲ့ ေရြးေကာက္ပြဲအျဖစ္ အေနာက္ႏိုင္ငံေတြက လက္မခံပါဘူး။ ကုလသမဂၢ လံုၿခံဳေရး ေကာင္စီကလည္း အဂၤါေန႔မွာ Belarus အေရး တံခါးပိတ္ေဆြးေႏြးဖို႔လည္း ရွိပါတယ္။

Belarus မွာ ဆႏၵျပမႈေတြ အရွိန္ျမင့္ ဆက္ျဖစ္ေန
please wait

No media source currently available

0:00 0:01:13 0:00
တိုက္႐ိုက္ လင့္ခ္


..........

Belarus မှာ ဆန္ဒပြမှုတွေ အရှိန်မြင့် ဆက်ဖြစ်နေ


(Unicode)

မဲမသမာမှုတွေ ရှိတယ်လို့ စောင့်ကြည့်သုံးသပ်သူတွေ ဝေဖန်နေတဲ့ Belarus နိုင်ငံ ရွေးကောက်ပွဲကနေ ၂၆ နှစ် အုပ်ချုပ်ပြီးတဲ့ နောက ်သက်တမ်း ဆက်တိုးမယ့် အာဏာရှင် သမ္မတ Alexander Lukashenko နုတ်ထွက်ပေးဖို့ ဆန္ဒပြမှုတွေတိုးလာချိန်မှာ အင်္ဂါနေ့ က နောက်ထပ် အလုပ်သမားတွေပါ ပူးပေါင်းလာကြပါတယ်။

အစိုးရထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေကနေ ထောင်နဲ့ချီတဲ့အလုပ်သမားတွေ အလုပ်မလုပ်ကြတော့ပဲ ဆန္ဒပြနေတဲ့ မင်းသားမင်းသမီး သရုပ်ဆောင်တွေ ရုပ်သံလွှင့်သမားတွေနဲ့ ပူးပေါင်း ခဲ့ကြတာပါ။ သြဂုတ်လ ၉ ရက် ရွေးကောက်ပွဲနောက်ပိုင်း ရက်ဆက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ရဲတွေက ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့တဲ့နောက် သမ္မတ Lukashenko နုတ်ထွက် ပေးဖို့ တောင်းဆိုမှုတွေကို သမ္မတက ငြင်းဆိုခဲ့ချိန်က စပြီး ဖန်နေတဲ့ Belarus နိုင်ငံမှာ မငြိမ်သက်မှုတွေ တိုးလာခဲ့ပါတယ်။

ဆန္ဒပြမှုတွေတိုးလာနေချိန်မှာပဲ သမ္မတ Lukashenko က ရဲ အရာရှိ သုံးရာကျော်ကို သူတို့တာဝန် ထမ်းဆောင်မှုအတွက် ဂုဏ်ပြုပြီး သူ့ကို သစ္စာစောင့်သိစေဖို့ ကြိုးစားခဲ့တာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို stun grenades လို့ခေါ်တဲ့ မေ့ဆေးဗုံးတွေ ရာဘာကျည်ဆံတွေ နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတွေကို အခုလို ချီးကြူး ဂုဏ်ပြုတာအတွက် အတိုက်အခံတွေက ရှုံ့ချကြပါတယ်။ ရဲတွေရဲ့ နှိမ်နင်းမှုကြောင့် သေဆုံးရသူ အနည်းဆုံး ၂ ဦးရှိပြီး လူပေါင်း ရာနဲ့ချီ ဒဏ်ရာ ရခဲ့သလို အဖမ်းခံရသူကလည်း ၇၀၀၀ လောက်ရှိနေပါတယ်။

အခု ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမ ျှတမှု ရှိတဲ့ ရွေးကောက်ပွဲအဖြစ် အနောက်နိုင်ငံတွေက လက်မခံပါဘူး။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း အင်္ဂါနေ့မှာ Belarus အရေး တံခါးပိတ်ဆွေးနွေးဖို့လည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG