သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belarus ရွေးကောက်ပွဲရလဒ် အီးယူ အသိအမှတ်မပြု


(Zawgyi/Unicode)

Belarus နိုင်ငံမှာ သြဂုတ်လ ၉ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲ မဲရလဒ်ကို အသိမှတ်မပြုကြောင်း အီးယူ ဥရောပသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ၂၆ နှစ်အုပ်ချုပ်ခဲ့တဲ့ သမ္မတ Alexander Lukashenko ကို အာဏာဆက်မြဲစေမယ့် ဒီရွေးကောက်ပွဲ ဟာ မဲမသမာမှုတွေ ရှိနေတယ်လို့ သုံးသပ်သူတွေက ဝေဖန်နေကြတာပါ။

Belarus အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ လုပ်မှာ ဖြစ်ကြောင်းလည်း အီးယူက ပြောပါတယ်။ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်အောင် လုပ်ဆောင်မှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ် အတော်များများ အတွက် ဒဏ်ခတ် အရေးယူမှုတွေ မကြာခင်ချမှတ်တော့မှာ ဖြစ်ကြောင်း Belarus အရေးအခင်းဆိုင်ရာ အီးယူရဲ့ အရေးပေါ်အစည်းအဝေး အပြီးမှာ ဥရောပကောင်စီ အကြီးအကဲ Charles Michel က ပြောပါတယ်။

Belarus နိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြ သူတွေကို ပြင်းပြင်းထန်ထန် ခြေမှုန်းခဲ့တဲအတွက် အနည်းဆုံး ၂ ဦးသေဆုံးပြီး ရာနဲ့ချီဒဏ်ရာရတဲ့ အပြင် လူ ၇၀၀၀ လောက် အဖမ်းခံခဲ့ရတဲ့ နောက်ရက်ပိုင်းအတွင်းမှာပဲ မြို့တော် Minsk မှာ ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ သမ္မတ Lukashenko က ရဲတွေကို အမိန့်ပေးခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ကတော့ မငြိမ်မသက် ပိုဖြစ်လာခဲ့တာပါ။

စစ်ရေးအကူအညီ ပေးမယ်လို့ သမ္မတ Lukashenko ကို ကမ်းလှမ်းးခဲ့တဲ့ ရုရှားသမ္မတ Vladimir Putin က ဂျာမဏီဝန်ကြီးချုပ် Angela Merkel နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ကို Belarus အရေး ကြားဝင်မနှောက်ယှက်ဖို့ သတိပေးခဲ့ပါတယ်။

ရွေးကောက်ပွဲဟာ သမ္မတ Lukashenko အသာစီးရစေဖို့ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို လက်မခံဖို့ ဥရောပခေါင်းဆောင်တွေကို သမ္မတ Lukashenko ရဲ့ နိုင်ငံရေး အတိုက်အခံ Sviatlana Tsikhanouskaya က အီးယူအရေးပေါ် အစည်းဝေး မတိုင်ခင် တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............

Belarus ရှေးကောကျပှဲရလဒျ အီးယူ အသိအမှတျမပွု

(Unicode)

Belarus နိုငျငံမှာ သွဂုတျလ ၉ ရကျက ကငြျးပတဲ့ ရှေးကောကျပှဲ မဲရလဒျကို အသိမှတျမပွုကွောငျး အီးယူ ဥရောပသမဂ်ဂက ဗုဒ်ဓဟူးနေ့မှာ ပွောပါတယျ။ ၂၆ နှဈအုပျခြုပျခဲ့တဲ့ သမ်မတ Alexander Lukashenko ကို အာဏာဆကျမွဲစမေယ့ျ ဒီရှေးကောကျပှဲ ဟာ မဲမသမာမှုတှေ ရှိနတေယျလို့ သုံးသပျသူတှကေ ဝဖေနျနကွေတာပါ။





XS
SM
MD
LG