သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆးေက်ာင္းသားဦးေရတုိးမယ့္အစီအစဥ္ကုိ ေတာင္ကုိရီးယားဆရာ၀န္ေတြ ကန္႔ကြက္ ဆႏၵျပ


ေဆးေက်ာင္းသားဦးေရတုိးမယ့္အစီအစဥ္ကုိ ေတာင္ကုိရီးယားဆရာ၀န္ေတြ ကန္႔ကြက္ ဆႏၵျပ

(Zawgyi/Unicode)

ဆရာဝန္အသစ္ေတြ အေျမာက္အျမား ေလ့က်င့္သင္ၾကားေပးမယ့္ ေတာင္ကိုရီးယားအစိုးရရဲ႕ အစီအစဥ္ကို သပိတ္ေမွာက္ ဆႏၵျပ တဲ့အေနနဲ႔ ေတာင္ကိုရီးယားနိုင္ငံ အတြင္းက ေဆးခန္း စုစုေပါင္းရဲ့ ၄ ပုံ ၁ ပုံ မေန႔ ေသာၾကာေန႔က တစ္ရက္ၾကာ ပိတ္ထားခဲ့ၾက ပါတယ္။ ေတာင္ ကိုရီးယားနိုင္ငံထဲ မတ္လေနာက္ပိုင္း ကိုရိုနာ ဗိုင္းရပ္စ္ ျပည္တြင္း ကူးစက္မႈ အမ်ားဆုံး ျဖစ္ပြားေနခ်ိန္မွာ အခုလို ဆႏၵျပခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ေတာင္ကိုရီးယား အစိုးရက ကိုရိုနာဗိုင္းရပ္စ္လို လူထု က်န္းမာေရးဆိုင္ရာ ကူးစက္ေရာဂါေတြအတြက္ အဆင္သင့္ ျပင္ဆင္ထားနိုင္ဖို႔ လာမယ့္ ၁၀ ႏွစ္အတြင္း ေဆးေက်ာင္းသား ၄၀၀၀ ေက်ာ္အထိ တိုးျမႇင့္ သင္ၾကားေပးဖို႔ စီစဥ္ ထားတာပါ။

ဒါေပမဲ့ ဆႏၵျပပြဲကို ဦးေဆာင္ စီစဥ္ခဲ့သူ ကိုရီးယား ေဆးပညာ အစည္းအ႐ုံး (KMA) က နိုင္ငံထဲ ဆရာဝန္ေတြ လိုအပ္တာထက္ေတာင္ ပိုေနတယ္လို႔ ေျပာပါတယ္။

လြန္ခဲတဲ့ ၁၀ႏွစ္အတြင္း လူ ၁၀၀၀ အတြက္ ရွိရမယ့္ ဆရာဝန္ အေရအတြက္ ၃.၁ ရာခိုင္ႏႈန္း ႏွစ္စဥ္ တိုးတက္ေနတာ ျဖစ္လို႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္ေရးနဲ႔ ဖြံ့ၿဖိဳးတိုးတက္ေရးအဖြဲ႕ (OECD) ရဲ့ ေယဘုယ်ႏႈန္းထက္ ၆ ဆျမင့္တယ္လည္း ကိုရီးယားေဆးပညာအစည္း အ႐ုံးရဲ့ ေၾကညာခ်က္မွာ ေထာက္ျပထားပါတယ္။

ေသာၾကာေန႔က ဆႏၵျပသူေတြထဲ တစ္နိုင္ငံလုံးက ဆရာဝန္နဲ႔ ေဆးေက်ာင္းသား ၂၈,၀၀၀ ဝန္းက်င္ပါဝင္ခဲ့ၾကၿပီး အဲဒီအထဲ ၂၀,၀၀၀ က ၿမိဳ႕ေတာ္ ဆိုးလ္းၿမိဳ႕က ျဖစ္တယ္လို႔ (KMA) က ေျပာပါတယ္။ ပုဂၢလိေဆးခန္းေတြအပါအဝင္ တစ္နိုင္ငံလုံးက ေဆး႐ုံေဆးခန္း ၃၄,၀၀၀ နီးပါးထဲက ၁၀, ၀၀၀ ေက်ာ္ ပါဝင္ ဆႏၵျပခဲ့ၾကတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနကတာဝန္ရွိသူတစ္ဦးက ရိုက္တာသတင္းကို ေျပာပါတယ္။

အစိုးရရဲ့ တဖက္သတ္ ဆုံးျဖတ္တဲ့ အစီအစဥ္ဟာ COVID 19 ကို တုန္႔ျပန္ေနတဲ့ ဆရာဝန္ေတြကို ေနာက္ေက်ာက ဓါးနဲ႔ ထိုးတာ လို႔လည္း ကိုရီးယား ေဆးပညာ အစည္းအ႐ုံးက ေျပာပါတယ္။

ဆရာဝန္ေတြ သပိတ္ေမွာက္ခဲ့တဲ့ ေသာၾကာေန႔မွာ ေတာင္ကိုရီးယား နိုင္ငံထဲ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မႈအသစ္ ၁၀၃ ရွိခဲ့ပါတယ္။ အဲဒီအထဲ ကူးစက္မႈ ၈၅ ခုက ျပည္တြင္းမွာ ျဖစ္ပြားခဲ့တာပါ။ ဒါဟာ မတ္လ ၃၁ ရက္ေန႔ကစလို႔ ျပည္တြင္း ကူးစက္မႈ အေရအတြက္ အမ်ားဆုံး လို႔လည္း ကိုရီးယား ကူးစက္ေရာဂါ ကာကြယ္ေရး ဌာန CDC က ေျပာပါတယ္။

ကိုရီးယားနိုင္ငံမွာ အခုအခ်ိန္အထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၁၄၈၇၃ ခု ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ ၃၀၅ ဦး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ဆေးကျောင်းသားဦးရေတိုးမယ့်အစီအစဉ်ကို တောင်ကိုရီးယားဆရာဝန်တွေ ကန့်ကွက် ဆန္ဒပြ
(Unicode)

ဆရာဝန်အသစ်တွေ အမြောက်အမြား လေ့ကျင့်သင်ကြားပေးမယ့် တောင်ကိုရီးယားအစိုးရရဲ့ အစီအစဉ်ကို သပိတ်မှောက် ဆန္ဒပြ တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံ အတွင်းက ဆေးခန်း စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံ မနေ့ သောကြာနေ့က တစ်ရက်ကြာ ပိတ်ထားခဲ့ကြ ပါတယ်။ တောင် ကိုရီးယားနိုင်ငံထဲ မတ်လနောက်ပိုင်း ကိုရိုနာ ဗိုင်းရပ်စ် ပြည်တွင်း ကူးစက်မှု အများဆုံး ဖြစ်ပွားနေချိန်မှာ အခုလို ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရက ကိုရိုနာဗိုင်းရပ်စ်လို လူထု ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါတွေအတွက် အဆင်သင့် ပြင်ဆင်ထားနိုင်ဖို့ လာမယ့် ၁၀ နှစ်အတွင်း ဆေးကျောင်းသား ၄၀၀၀ ကျော်အထိ တိုးမြှင့် သင်ကြားပေးဖို့ စီစဉ် ထားတာပါ။

ဒါပေမဲ့ ဆန္ဒပြပွဲကို ဦးဆောင် စီစဉ်ခဲ့သူ ကိုရီးယား ဆေးပညာ အစည်းအရုံး (KMA) က နိုင်ငံထဲ ဆရာဝန်တွေ လိုအပ်တာထက်တောင် ပိုနေတယ်လို့ ပြောပါတယ်။

လွန်ခဲတဲ့ ၁၀နှစ်အတွင်း လူ ၁၀၀၀ အတွက် ရှိရမယ့် ဆရာဝန် အရေအတွက် ၃.၁ ရာခိုင်နှုန်း နှစ်စဉ် တိုးတက်နေတာ ဖြစ်လို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ရဲ့ ယေဘုယျနှုန်းထက် ၆ ဆမြင့်တယ်လည်း ကိုရီးယားဆေးပညာအစည်း အရုံးရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

သောကြာနေ့က ဆန္ဒပြသူတွေထဲ တစ်နိုင်ငံလုံးက ဆရာဝန်နဲ့ ဆေးကျောင်းသား ၂၈,၀၀၀ ဝန်းကျင်ပါဝင်ခဲ့ကြပြီး အဲဒီအထဲ ၂၀,၀၀၀ က မြို့တော် ဆိုးလ်းမြို့က ဖြစ်တယ်လို့ (KMA) က ပြောပါတယ်။ ပုဂ္ဂလိဆေးခန်းတွေအပါအဝင် တစ်နိုင်ငံလုံးက ဆေးရုံဆေးခန်း ၃၄,၀၀၀ နီးပါးထဲက ၁၀, ၀၀၀ ကျော် ပါဝင် ဆန္ဒပြခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကတာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းကို ပြောပါတယ်။

အစိုးရရဲ့ တဖက်သတ် ဆုံးဖြတ်တဲ့ အစီအစဉ်ဟာ COVID 19 ကို တုန့်ပြန်နေတဲ့ ဆရာဝန်တွေကို နောက်ကျောက ဓါးနဲ့ ထိုးတာ လို့လည်း ကိုရီးယား ဆေးပညာ အစည်းအရုံးက ပြောပါတယ်။

ဆရာဝန်တွေ သပိတ်မှောက်ခဲ့တဲ့ သောကြာနေ့မှာ တောင်ကိုရီးယား နိုင်ငံထဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအသစ် ၁၀၃ ရှိခဲ့ပါတယ်။ အဲဒီအထဲ ကူးစက်မှု ၈၅ ခုက ပြည်တွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒါဟာ မတ်လ ၃၁ ရက်နေ့ကစလို့ ပြည်တွင်း ကူးစက်မှု အရေအတွက် အများဆုံး လို့လည်း ကိုရီးယား ကူးစက်ရောဂါ ကာကွယ်ရေး ဌာန CDC က ပြောပါတယ်။

ကိုရီးယားနိုင်ငံမှာ အခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁၄၈၇၃ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၀၅ ဦး ရှိပါတယ်။

XS
SM
MD
LG