သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူမည္းတေယာက္ကို ရဲေတြပစ္ခတ္ခဲ့တဲ့ Wisconsin ျပည္နယ္မွာ ဆႏၵျပပြဲေတြျဖစ္ေန


Wisconsin ျပည္နယ္ Kenosha ၿမိဳ႕က ဆႏၵျပမႈျမင္ကြင္း။ (ၾသဂုတ္ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

Wisconsin ျပည္နယ္ Kenosha ၿမိဳ႕က ဆႏၵျပမႈျမင္ကြင္း။ (ၾသဂုတ္ ၂၅၊ ၂၀၂၀)
Wisconsin ျပည္နယ္ Kenosha ၿမိဳ႕က ဆႏၵျပမႈျမင္ကြင္း။ (ၾသဂုတ္ ၂၅၊ ၂၀၂၀)

အေမရိကန္ျပည္ေထာင္စု Wisconsin ျပည္နယ္ Kenosha ၿမိဳ႕မွာ လူမည္းတေယာက္ကို ရဲက ပစ္ခတ္ခဲ့တဲ့အေပၚမေက်နပ္လို႔ သံုးညဆက္တိုက္ ဆႏၵျပမႈအတြင္း လူတေယာက္ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးခဲ့ပါတယ္။

အဂၤါေန႔ညပိုင္းကေန ဗုဒၶဟူးေန႔ကူးတဲ့အထိ ဆႏၵျပမႈေတြအတြင္း တျခားသူတခ်ဳိ႕လည္း ေသနတ္နဲ႔ ပစ္ခတ္ခံရလို႔ ဒဏ္ရာရခဲ့ၾကပါတယ္။ Kenosha ၿမိဳ႕တရား႐ံုးနားမွာ ဆႏၵျပသူေတြန႔ဲ ေဘးက ရပ္ၾကည့္ေနသူေတြၾကား ထိပ္တိုက္ေတြ႔မႈေတြျဖစ္ခဲ့စဥ္ ခုလို ပစ္ခတ္မႈျဖစ္တာလို႔ သတင္းဌာနတခ်ဳိ႕က ေျပာပါတယ္။ ေျပာင္း႐ွည္ေသနတ္နဲ႔ လူတေယာက္ကို ရဲက လိုက္႐ွာေနတယ္လို႔ သတင္းတခုက ေဖာ္ျပပါတယ္။

ေျမႀကီးေပၚလဲက်သြားသူ တေယာက္က လူအုပ္ထဲကို ေသနတ္နဲ႔ ပစ္ခတ္ေနတယ္ဆိုတဲ့ လက္ကိုင္ဖုန္းနဲ႔႐ုိက္ထားတဲ့ ဗီြဒီယိုတခုလည္း လူမႈကြန္ယက္ေပၚမွာ ေတ႔ြရပါတယ္။

ခုလိုပစ္ခတ္မႈေတြ မျဖစ္ခင္က တရား႐ံုးေ႐ွ႕မွာ ဆႏၵျပေနသူေတြကုိ လူစုခဲြဖို႔ႀကိဳးစားတဲ့ ရဲေတြနဲ႔ ဆႏၵျပသူေတြၾကား ပဋိပကၡျဖစ္ခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ Jacob Blake ဆိုတဲ့ လူမည္းအမ်ဳိးသားကို တနဂၤေႏြေန႔က ရဲေတြက အနီးကပ္ ေသနတ္နဲ႔ ၇ ခ်က္ ပစ္ခတ္ခဲ့မႈအေပၚ မေက်နပ္လို႔ ခုလိုဆႏၵျပမႈေတြျဖစ္ေနတာပါ။ Jacob Blake ဟာ ခါးေအာက္ပိုင္းကစၿပီး ေအာက္ပိုင္းေသသြားတယ္လို႔ သူ႔ရဲ႕ ဖခင္က ေျပာပါတယ္။ ယာယီျဖစ္တာလား တသက္လံုး ေအာက္ပိုင္းေသသြားသလားဆိုတာ ဆရာဝန္ေတြက မေျပာႏိုင္ေသးဘူးလို႔ ဖခင္ျဖစ္သူက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူမည်းတယောက်ကို ရဲတွေပစ်ခတ်ခဲ့တဲ့ Wisconsin ပြည်နယ်မှာ ဆန္ဒပြပွဲတွေဖြစ်နေ

အမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ် Kenosha မြို့မှာ လူမည်းတယောက်ကို ရဲက ပစ်ခတ်ခဲ့တဲ့အပေါ်မကျေနပ်လို့ သုံးညဆက်တိုက် ဆန္ဒပြမှုအတွင်း လူတယောက်သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

အင်္ဂါနေ့ညပိုင်းကနေ ဗုဒ္ဓဟူးနေ့ကူးတဲ့အထိ ဆန္ဒပြမှုတွေအတွင်း တခြားသူတချို့လည်း သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရခဲ့ကြပါတယ်။ Kenosha မြို့တရားရုံးနားမှာ ဆန္ဒပြသူတွေနဲ့ ဘေးက ရပ်ကြည့်နေသူတွေကြား ထိပ်တိုက်တွေ့မှုတွေဖြစ်ခဲ့စဉ် ခုလို ပစ်ခတ်မှုဖြစ်တာလို့ သတင်းဌာနတချို့က ပြောပါတယ်။ ပြောင်းရှည်သေနတ်နဲ့ လူတယောက်ကို ရဲက လိုက်ရှာနေတယ်လို့ သတင်းတခုက ဖော်ပြပါတယ်။

မြေကြီးပေါ်လဲကျသွားသူ တယောက်က လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ လက်ကိုင်ဖုန်းနဲ့ရိုက်ထားတဲ့ ဗွီဒီယိုတခုလည်း လူမှုကွန်ယက်ပေါ်မှာ တေ့ွရပါတယ်။

ခုလိုပစ်ခတ်မှုတွေ မဖြစ်ခင်က တရားရုံးရှေ့မှာ ဆန္ဒပြနေသူတွေကို လူစုခွဲဖို့ကြိုးစားတဲ့ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခဖြစ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် Jacob Blake ဆိုတဲ့ လူမည်းအမျိုးသားကို တနင်္ဂနွေနေ့က ရဲတွေက အနီးကပ် သေနတ်နဲ့ ၇ ချက် ပစ်ခတ်ခဲ့မှုအပေါ် မကျေနပ်လို့ ခုလိုဆန္ဒပြမှုတွေဖြစ်နေတာပါ။ Jacob Blake ဟာ ခါးအောက်ပိုင်းကစပြီး အောက်ပိုင်းသေသွားတယ်လို့ သူ့ရဲ့ ဖခင်က ပြောပါတယ်။ ယာယီဖြစ်တာလား တသက်လုံး အောက်ပိုင်းသေသွားသလားဆိုတာ ဆရာဝန်တွေက မပြောနိုင်သေးဘူးလို့ ဖခင်ဖြစ်သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG