(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စုရဲ႕ တရားဥပေဒစိုးမုိးေရး အဖဲြ႔ေတြအတြင္းမွာ ပုံစံတက်ရွိေနတဲ့ လူမ်ိဳးေရးခဲြျခားမႈေတြကို ရွင္းလင္းဖယ္ရွားဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီး႐ုံး (OHCHR) ေျပာခြင့္ရ Rupert Coleville က ေသာၾကာေန႔က တုိက္တြန္းလိုက္ပါတယ္။
“Jacob Blake ကို ပစ္ခတ္မႈဟာ အေမရိကန္ႏုိင္ငံမွာ အာဖရိကန္-အေမရိကန္ေတြ ဥပေဒစိုးမုိးေရး အာဏာပိုင္ေတြနဲ႔ ရင္ဆုိင္ေျဖရွင္းရတဲ့အခါမွာ ဘယ္ေလာက္အထိ ခဲြျခားဆက္ဆံခံေနရၿပီး အႏၱရာယ္ေတြ မ်ားေနသလဲ ဆုိတာကို သတိေပးလိုက္တာ ျဖစ္ပါတယ္။ ဒီလို ေၾကကဲြ၀မ္းနည္းစရာျဖစ္ရပ္က ပုံစံတက်ရွိေနတဲ့ လူမ်ိဳးေရးခဲြျခားမႈနဲ႔ ရဲတပ္ဖဲြ႔လုပ္ငန္းေတြၾကား ရွိေနတဲ့ ဆက္စပ္မႈေတြကို အျမန္ဆုံး ဖယ္ရွားပစ္ဖို႔လိုတယ္ ဆုိတာကို ထပ္ေလာင္းအတည္ျပဳလိုက္တာ ျဖစ္တယ္” လုိ႔ Rupert Coleville က ေျပာပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၃ ရက္ေန႔က အသက္ ၂၉ ႏွစ္အရြယ္ Jacob Blake ဟာ သူ႔ရဲ႕ကားေပၚကို တက္ဖို႔လုပ္ေနစဥ္မွာ ရဲက ေနာက္ကေနလိုက္လာၿပီး ေသနတ္နဲ႔ အနီးကပ္ ၇ ခ်က္ ပစ္ခဲ့ၿပီးတဲ့ေနာက္ သူက အဲဒီလို ေျပာၾကားလိုက္တာပါ။ ရဲတပ္ဖဲြ႔က အဲဒီလို ပစ္ခတ္မႈေၾကာင့္ ႏုိင္ငံတဝန္းမွာ ဆႏၵျပပဲြေတြလည္း ျဖစ္ေပၚလာခဲ့ပါတယ္။
ဗီြဒီယိုေတြမွာ ေတြ႔ရတာအရေတာ့ ရဲတပ္ဖဲြ႔ဟာ Blake ကို အင္အားသုံး ႏွိမ္နင္းခဲ့ၿပီး အဲဒီလို အင္အားသုံးတဲ့ေနရာမွာလည္း အင္အားအလြန္အကံၽြ သုံးခဲ့ပုံရၿပီး ေသေစႏုိင္တဲ့ လက္နက္ကိုင္ေဆာင္ အသုံးျပဳတဲ့ေနရာမွာ ႏုိင္ငံတကာက သတ္မွတ္ထားတဲ့ စံႏႈန္းေတြအတိုင္း လိုက္နာျခင္းမရွိတဲ့ပံု ေတြ႔ရတယ္လို႔ OHCHR ေျပာခြင့္ရက ေျပာတယ္။
ဒါ့အျပင္ Blake ကို အင္အားသုံး ႏွိမ္နင္းခဲ့တာဟာ လူမ်ိဳးေရးခဲြျခားတဲ့ သေဘာသဘာ၀မ်ိဳးရွိတာ အမ်ားႀကီးျဖစ္ႏုိင္တယ္လို႔လည္း ေျပာပါတယ္။
---------------------------
(Unicode)
အမေရိကန်ရဲတပ်ဖွဲ့တွင်း လူမျိုးရေးခွဲခြားမှု ပျောက်အောင်လုပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း
အမေရိကန်ပြည်ထောင်စုရဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေအတွင်းမှာ ပုံစံတကျရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ရှင်းလင်းဖယ်ရှားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြောခွင့်ရ Rupert Coleville က သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။
“Jacob Blake ကို ပစ်ခတ်မှုဟာ အမေရိကန်နိုင်ငံမှာ အာဖရိကန်-အမေရိကန်တွေ ဥပဒေစိုးမိုးရေး အာဏာပိုင်တွေနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အခါမှာ ဘယ်လောက်အထိ ခွဲခြားဆက်ဆံခံနေရပြီး အန္တရာယ်တွေ များနေသလဲ ဆိုတာကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို ကြေကွဲဝမ်းနည်းစရာဖြစ်ရပ်က ပုံစံတကျရှိနေတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့လုပ်ငန်းတွေကြား ရှိနေတဲ့ ဆက်စပ်မှုတွေကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့လိုတယ် ဆိုတာကို ထပ်လောင်းအတည်ပြုလိုက်တာ ဖြစ်တယ်” လို့ Rupert Coleville က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က အသက် ၂၉ နှစ်အရွယ် Jacob Blake ဟာ သူ့ရဲ့ကားပေါ်ကို တက်ဖို့လုပ်နေစဉ်မှာ ရဲက နောက်ကနေလိုက်လာပြီး သေနတ်နဲ့ အနီးကပ် ၇ ချက် ပစ်ခဲ့ပြီးတဲ့နောက် သူက အဲဒီလို ပြောကြားလိုက်တာပါ။ ရဲတပ်ဖွဲ့က အဲဒီလို ပစ်ခတ်မှုကြောင့် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။
ဗွီဒီယိုတွေမှာ တွေ့ရတာအရတော့ ရဲတပ်ဖွဲ့ဟာ Blake ကို အင်အားသုံး နှိမ်နင်းခဲ့ပြီး အဲဒီလို အင်အားသုံးတဲ့နေရာမှာလည်း အင်အားအလွန်အကံျွ သုံးခဲ့ပုံရပြီး သေစေနိုင်တဲ့ လက်နက်ကိုင်ဆောင် အသုံးပြုတဲ့နေရာမှာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း လိုက်နာခြင်းမရှိတဲ့ပုံ တွေ့ရတယ်လို့ OHCHR ပြောခွင့်ရက ပြောတယ်။
ဒါ့အပြင် Blake ကို အင်အားသုံး နှိမ်နင်းခဲ့တာဟာ လူမျိုးရေးခွဲခြားတဲ့ သဘောသဘာဝမျိုးရှိတာ အများကြီးဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။