သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀ါရွင္တန္ ဒီစီမွာ လူထုခ်ီတက္ ဆႏၵျပပြဲျပဳလုပ္


ခရစ္ယာန္ သင္းအုပ္ဆရာ Al Sharpton က မိန္႔ခြန္းေျပာ

(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီ ၿမိဳ႕ေတာ္မွာ ေသာၾကာေန႔က ေထာင္ေပါင္းမ်ားစြာ လာေရာက္ စုေဝးတဲ့ March on Washington လူထုခ်ီတက္ဆႏၵျပပြဲမွာ လူ႔အခြင့္ေရးလႈပ္ရွားသူ ခရစ္ယာန္ သင္းအုပ္ဆရာAl Sharpton က မိန္႔ခြန္းေျပာခဲ့ပါတယ္။

ရဲေတြရဲ့ ရက္စက္တဲ့ ဆက္ဆံမႈေတြ အဆံုးသတ္ေရးနဲ႔ တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲေရး လုပ္ဖို႔ ေတာင္းဆိုဆႏၵျပၾကတာပါ။

ဒီေသာၾကာ ဝါရွင္တန္ ဒီစီက ခ်ီတက္ဆႏၵျပပြဲ ကေတာ့ လူ႔အခြင့္ေရးေခါင္းေဆာင္ Martin Luther King Jr. ရဲ့ နာမည္ေက်ာ္ I Have A Dream” မိန္႔ခြန္းေျပာၾကားခဲ့တဲ့ ၅၇ ႏွစ္ေျမာက္ March on Washington ခ်ီတက္ဆႏၵျပပြဲနဲ႔ တိုက္ဆိုင္ေနတာ ျဖစ္ပါတယ္။ ၁၉ ၆၃ ခုႏွစ္ ၾသဂုတ္လ ၂၈ ရက္ေန႔က Martin Luther King Jr. က အလုပ္အကိုင္နဲ႔ လြတ္လပ္မႈ ဆိုင္ရာ လူ႔အခြင့္ေရးေတြ ရဖို႔ အတြက္ ဝါရွင္တန္မွာ မိန္႔ခြန္းေျပာၾကားခဲ့တာပါ။

အေမရိကန္ႏိုင္ငံမွာ စနစ္တက် ခြဲျခားဆက္ဆံမႈေတြ အခုထိ ဆက္ရွိေနတဲ့အတြက္ ဒီကိစၥနဲ႔ပတ္သက္တဲ့ ေဆြးေႏြးမႈအသစ္ ေတြ လုပ္ဖို႔ လိုေနၿပီလို႔ Al Sharpton ကေျပာပါတယ္။

အာဖရိကန္အေမရိကန္ လူမည္းအမ်ိဳးသား George Floyd ေမလတုန္းက လူျဖဴရဲဖမ္းထားစဥ္ ေသဆံုးခဲ့ရတဲ့ ေနာက္ အေမရိကန္ ႏိုင္ငံ တဝွမ္း တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲဖို႔နဲ႔ ခြဲျခားဆက္ဆံမႈေတြ အဆံုးသတ္ဖို႔ ဆႏၵျပ ေတာင္းဆိုမႈေတြ ဆက္လက္ ေပၚေပါက္ေနတာပါ။

တိုက္႐ိုက္ လင့္ခ္


...............

ဝါရှင်တန် ဒီစီမှာ လူထုချီတက် ဆန္ဒပြပွဲပြုလုပ်

(Unicode)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်မှာ သောကြာနေ့က ထောင်ပေါင်းများစွာ လာရောက် စုဝေးတဲ့ March on Washington လူထုချီတက်ဆန္ဒပြပွဲမှာ လူ့အခွင့်ရေးလှုပ်ရှားသူ ခရစ်ယာန် သင်းအုပ်ဆရာAl Sharpton က မိန့်ခွန်းပြောခဲ့ပါတယ်။

ရဲတွေရဲ့ ရက်စက်တဲ့ ဆက်ဆံမှုတွေ အဆုံးသတ်ရေးနဲ့ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုဆန္ဒပြကြတာပါ။

ဒီသောကြာ ဝါရှင်တန် ဒီစီက ချီတက်ဆန္ဒပြပွဲ ကတော့ လူ့အခွင့်ရေးခေါင်းဆောင် Martin Luther King Jr. ရဲ့ နာမည်ကျော် I Have A Dream” မိန့်ခွန်းပြောကြားခဲ့တဲ့ ၅၇ နှစ်မြောက် March on Washington ချီတက်ဆန္ဒပြပွဲနဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။ ၁၉ ၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က Martin Luther King Jr. က အလုပ်အကိုင်နဲ့ လွတ်လပ်မှု ဆိုင်ရာ လူ့အခွင့်ရေးတွေ ရဖို့ အတွက် ဝါရှင်တန်မှာ မိန့်ခွန်းပြောကြားခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ စနစ်တကျ ခွဲခြားဆက်ဆံမှုတွေ အခုထိ ဆက်ရှိနေတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုအသစ် တွေ လုပ်ဖို့ လိုနေပြီလို့ Al Sharpton ကပြောပါတယ်။

အာဖရိကန်အမေရိကန် လူမည်းအမျိုးသား George Floyd မေလတုန်းက လူဖြူရဲဖမ်းထားစဉ် သေဆုံးခဲ့ရတဲ့ နောက် အမေရိကန် နိုင်ငံ တဝှမ်း တရားရေးစနစ် ပြုပြင်ပြောင်းလဲဖို့နဲ့ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ဆက်လက် ပေါ်ပေါက်နေတာပါ။

XS
SM
MD
LG