[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စုမွာ ရဲလက္ခ်က္နဲ႔ George Floyd ေသဆံုးခဲ့မႈအေပၚ မေက်နပ္တဲ့ ဆႏၵျပမႈေတြအတြင္း အိမ္ျဖဴေတာ္နားမွာ ဆႏၵျပသူေတြအေပၚ ကိုင္တြယ္ခဲ့တာအပါအဝင္ အျငင္းပြားစရာ ကိစၥေတြနဲ႔ပတ္သက္လို႔ ကာကြယ္ေရးဝန္ႀကီးနဲ႔ ပူးတဲြစစ္ဦးစီးခ်ဳပ္မ်ားဥကၠ႒တို႔ လႊတ္ေတာ္မွာ ဒီေန႔ ထြက္ဆိုၾကရမွာျဖစ္ပါတယ္။
ေအာက္လႊတ္ေတာ္မွာျပဳလုပ္မယ့္ ၾကားနာပြဲအတြင္း ဝန္ႀကီး Mark Esper နဲ႔ ဗိုလ္ခ်ဳပ္ႀကီး Mark Milley တို႔ကို လႊတ္ေတာ္အမတ္ေတြက ေမးခြန္းထုတ္ၾကမွာပါ။
ဇြန္လ ၁ ရက္ေန႔က အိမ္ျဖဴေတာ္နား ၿငိမ္းၿငိ္မ္းခ်မ္းခ်မ္း ဆႏၵျပသူေတြကို မ်က္ရည္ယိုဗံုးေတြသံုး ၿဖိဳခဲြခဲ့သလုိ အဲဒီေန႔ ညမွာပဲ ဝါ႐ွင္တန္ၿမိဳ႕ေတာ္ထဲက ဆႏၵျပသူေတြကို ၿဖိဳခြဲဖုိ႔ အမ်ဳိးသားလံုျခံဳေရးအရန္တပ္ဖဲြ႔ ရဟတ္ယာဥ္တစင္း နိမ့္နိမ့္ေလး ပ်ံသန္းခဲ့တာေၾကာင့္ စစ္တပ္အရင္းအျမစ္ေတြကို ခုလိုသံုးတာ သင့္ေတာ္ရဲ႕လားဆိုတာကို Pentagon စစ္ဌာနခ်ဳပ္မွာလည္း စံုစမ္းစစ္ေဆးေနပါတယ္။
ႏိုင္ငံတြင္း မၿငိမ္သက္မႈေတြကို ႏွိမ္ႏွင္းဖုိ႔ စစ္တပ္ကို အသံုးျပဳတဲ့ဥပေဒကို သမၼတ Trump ထုတ္ျပန္အသံုးခ်တဲ့အေပၚ သူဆန္႔က်င္တယ္လို႔ ကာကြယ္ေရးဝန္ႀကီး Esper က Pentagon စစ္ဌာနခ်ဳပ္သတင္းစာ႐ွင္းပြဲတခုမွာ ေျပာခဲ့ပါတယ္။
ဆႏၵျပသူေတြကို ၿဖိဳခြင္းခဲ့ၿပီးမၾကာခင္မွာပဲ အိမ္ျဖဴေတာ္နားက ဘုရားေက်ာင္းမွာ သမၼတ ဓာတ္ပံုအ႐ိုက္ခံဖို႔ သြားခဲ့တုန္းက သမၼတေနာက္ ပါသြားခဲ့တဲ့အေပၚေနာင္တရတယ္လို႔ ပူးတဲြစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔ဥကၠ႒ Milley ကေျပာၾကားခဲ့ပါတယ္။
[Unicode Version]
ကန်ဆန္ဒပြပွဲတွေအတွင်း စစ်တပ်အခန်းကဏ္ဍ လွှတ်တော်မှာ ရှင်းလင်းတင်ပြမယ်
အမေရိကန်ပြည်ထောင်စုမှာ ရဲလက်ချက်နဲ့ George Floyd သေဆုံးခဲ့မှုအပေါ် မကျေနပ်တဲ့ ဆန္ဒပြမှုတွေအတွင်း အိမ်ဖြူတော်နားမှာ ဆန္ဒပြသူတွေအပေါ် ကိုင်တွယ်ခဲ့တာအပါအဝင် အငြင်းပွားစရာ ကိစ္စတွေနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌတို့ လွှတ်တော်မှာ ဒီနေ့ ထွက်ဆိုကြရမှာဖြစ်ပါတယ်။
အောက်လွှတ်တော်မှာပြုလုပ်မယ့် ကြားနာပွဲအတွင်း ဝန်ကြီး Mark Esper နဲ့ ဗိုလ်ချုပ်ကြီး Mark Milley တို့ကို လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ကြမှာပါ။
ဇွန်လ ၁ ရက်နေ့က အိမ်ဖြူတော်နား ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေသုံး ဖြိုခွဲခဲ့သလို အဲဒီနေ့ ညမှာပဲ ဝါရှင်တန်မြို့တော်ထဲက ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ အမျိုးသားလုံခြုံရေးအရန်တပ်ဖွဲ့ ရဟတ်ယာဉ်တစင်း နိမ့်နိမ့်လေး ပျံသန်းခဲ့တာကြောင့် စစ်တပ်အရင်းအမြစ်တွေကို ခုလိုသုံးတာ သင့်တော်ရဲ့လားဆိုတာကို Pentagon စစ်ဌာနချုပ်မှာလည်း စုံစမ်းစစ်ဆေးနေပါတယ်။
နိုင်ငံတွင်း မငြိမ်သက်မှုတွေကို နှိမ်နှင်းဖို့ စစ်တပ်ကို အသုံးပြုတဲ့ဥပဒေကို သမ္မတ Trump ထုတ်ပြန်အသုံးချတဲ့အပေါ် သူဆန့်ကျင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Esper က Pentagon စစ်ဌာနချုပ်သတင်းစာရှင်းပွဲတခုမှာ ပြောခဲ့ပါတယ်။
ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပြီးမကြာခင်မှာပဲ အိမ်ဖြူတော်နားက ဘုရားကျောင်းမှာ သမ္မတ ဓာတ်ပုံအရိုက်ခံဖို့ သွားခဲ့တုန်းက သမ္မတနောက် ပါသွားခဲ့တဲ့အပေါ်နောင်တရတယ်လို့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ Milley ကပြောကြားခဲ့ပါတယ်။