သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

BLM ဆႏၵျပမႈမ်ား ကန္ ၿမိဳ႕ႀကီးတခ်ိဳ႕မွာ အရွိန္ျမင့္


Portland ၿမိဳ႕ ဆႏၵျပပြဲအတြင္း ရဲတပ္ဖြဲ႔နဲ႔ ဆႏၵျပသူမ်ား ထိပ္တုိက္ေတြ႔ေနတဲ့ျမင္ကြင္း။ (ဇူလုိင္ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ၿပီးခဲ့တဲ့ ေမလ ၂၅ ရက္ေန႔တုန္းက အေမရိကန္ႏုိင္ငံ Minnesota ျပည္နယ္ Minneapolis ၿမိဳ႕မွာ လူမည္းအမ်ိဳးသား George Floyd ကို ရဲက ဖမ္းဆီးတဲ့အခ်ိန္ ေသဆုံးခဲ့ရတဲ့ျဖစ္ရပ္ ေနာက္ဆက္တြဲ ႏိုင္ငံတြင္း ၿမိဳ႕အေတာ္မ်ားမ်ားမွာ လူမ်ိဳးေရး ဆႏၵျပပြဲေတြ ဆက္တိုက္ျဖစ္ပြားေနခဲ့ပါတယ္။

ဆႏၵျပပြဲေတြျဖစ္ေနတာ ၂ လေက်ာ္ ၾကာေနၿပီျဖစ္တဲ့ Oregon ျပည္နယ္ Portland ၿမိဳ႕ကို သမၼတ Trump က အစိုးရ လုံၿခဳံေရးတပ္ဖြဲ႔ေတြကို ေစလႊတ္ခဲ့တဲ့အတြက္ မေက်နပ္မႈေၾကာင့္ ျပည္နယ္တြင္း ဆႏၵျပပြဲေတြ ပိုၿပီး အရွိန္ျမင့္လာခဲ့ပါတယ္။

နယူးေယာက္ၿမိဳ႕က ဆႏၵျပပြဲကို ၿဖဳိခြင္းေနတဲ့ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇူလုိင္ ၂၅၊ ၂၀၂၀)
နယူးေယာက္ၿမိဳ႕က ဆႏၵျပပြဲကို ၿဖဳိခြင္းေနတဲ့ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇူလုိင္ ၂၅၊ ၂၀၂၀)


Seattle ၿမိဳ႕မွာလည္း ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႔က မီးခိုးဗုံးေတြ၊ မ်က္ရည္ယိုဗုံးေတြ သုံးၿပီး ႏွိမ္နင္းခဲ့တာပါ။

စေနေန႔က ဆႏၵျပသူ ၄၅ ေယာက္ကို ရဲက ဖမ္းဆီးခဲ့ၿပီး တပ္ဖြဲ႔ဝင္ ၂၀ ေလာက္လည္း ဒဏ္ရာရခဲ့ေၾကာင္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။

တကၠဆက္ျပည္နယ္ Austin ၿမိဳ႕မွာေတာ့ မေန႔ညပိုင္းတုန္းက Black Lives Matter လူမ်ိဳးေရး ဆႏၵျပပြဲေတြၾကား ေသနတ္သမားတဦးက ကားတစီးထဲကို ပစ္ခတ္ခဲ့တဲ့အတြက္ လူ ၁ ေယာက္ ေသဆုံးခဲ့ပါတယ္။

ဆႏၵျပပြဲအတြင္း အခုလို လူေသဆုံးရတာဟာ ဝမ္းနည္း ထိတ္လန္႔စရာ ျဖစ္တယ္လို႔ Austin ၿမိဳ႕ေတာ္ဝန္ Steve Adler က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

Kentucky ျပည္နယ္ Louisville မွာလည္း လူမည္းအမ်ိဳးသမီးတဦးျဖစ္တဲ့ Breonna Taylor ရဲ႕အိမ္ကို ရဲက အတင္းဝင္ေရာက္ခဲ့ရာက အဲဒီအမ်ိဳးသမီး ေသဆုံးခဲ့ရတဲ့ ျဖစ္ရပ္အတြက္ တရားမွ်တမႈ ေတာင္းဆို ဆႏၵျပေနၾကပါတယ္။ ဒီအမ်ိဳးသမီးရဲ႕ အတူေနမိတ္ေဆြက ရဲေတြကို က်ဴးေက်ာ္ဝင္ေရာက္သူေတြလို႔ ထင္ၿပီး ပစ္ခတ္တာကေန ရဲက ျပန္ၿပီးပစ္ခတ္တာေၾကာင့္ Taylor ေသဆုံးခဲ့တာပါ။

ဒီျဖစ္ရပ္မွာ ရဲအရာရွိတဦး ဒဏ္ရာရခဲ့ပါတယ္။ တျခားရဲအရာရွိေတြကို အေရးယူခဲ့တာ မရွိပါဘူး။

ဒီျဖစ္ရပ္အတြက္ ပြင့္လင္းျမင္သာတဲ့ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေပးဖို႔ ဆႏၵျပပြဲေတြမွာ ပါဝင္ၿပီး လက္နက္ကိုင္ေဆာင္ ဆႏၵျပေနတဲ့ NFAC အဖြဲ႔ ေခါင္းေဆာင္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

BLM ဆန္ဒပြမှုများ ကန် မြို့ကြီးတချို့မှာ အရှိန်မြင့်

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ Minnesota ပြည်နယ် Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd ကို ရဲက ဖမ်းဆီးတဲ့အချိန် သေဆုံးခဲ့ရတဲ့ဖြစ်ရပ် နောက်ဆက်တွဲ နိုင်ငံတွင်း မြို့အတော်များများမှာ လူမျိုးရေး ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။

ဆန္ဒပြပွဲတွေဖြစ်နေတာ ၂ လကျော် ကြာနေပြီဖြစ်တဲ့ Oregon ပြည်နယ် Portland မြို့ကို သမ္မတ Trump က အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေကို စေလွှတ်ခဲ့တဲ့အတွက် မကျေနပ်မှုကြောင့် ပြည်နယ်တွင်း ဆန္ဒပြပွဲတွေ ပိုပြီး အရှိန်မြင့်လာခဲ့ပါတယ်။

Seattle မြို့မှာလည်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မီးခိုးဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နင်းခဲ့တာပါ။

စနေနေ့က ဆန္ဒပြသူ ၄၅ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပြီး တပ်ဖွဲ့ဝင် ၂၀ လောက်လည်း ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တက္ကဆက်ပြည်နယ် Austin မြို့မှာတော့ မနေ့ညပိုင်းတုန်းက Black Lives Matter လူမျိုးရေး ဆန္ဒပြပွဲတွေကြား သေနတ်သမားတဦးက ကားတစီးထဲကို ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁ ယောက် သေဆုံးခဲ့ပါတယ်။

ဆန္ဒပြပွဲအတွင်း အခုလို လူသေဆုံးရတာဟာ ဝမ်းနည်း ထိတ်လန့်စရာ ဖြစ်တယ်လို့ Austin မြို့တော်ဝန် Steve Adler က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Kentucky ပြည်နယ် Louisville မှာလည်း လူမည်းအမျိုးသမီးတဦးဖြစ်တဲ့ Breonna Taylor ရဲ့အိမ်ကို ရဲက အတင်းဝင်ရောက်ခဲ့ရာက အဲဒီအမျိုးသမီး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် တရားမျှတမှု တောင်းဆို ဆန္ဒပြနေကြပါတယ်။ ဒီအမျိုးသမီးရဲ့ အတူနေမိတ်ဆွေက ရဲတွေကို ကျူးကျော်ဝင်ရောက်သူတွေလို့ ထင်ပြီး ပစ်ခတ်တာကနေ ရဲက ပြန်ပြီးပစ်ခတ်တာကြောင့် Taylor သေဆုံးခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ရဲအရာရှိတဦး ဒဏ်ရာရခဲ့ပါတယ်။ တခြားရဲအရာရှိတွေကို အရေးယူခဲ့တာ မရှိပါဘူး။

ဒီဖြစ်ရပ်အတွက် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ ဆန္ဒပြပွဲတွေမှာ ပါဝင်ပြီး လက်နက်ကိုင်ဆောင် ဆန္ဒပြနေတဲ့ NFAC အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

XS
SM
MD
LG