(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု အေနာက္ဘက္ျခမ္းက Oregon ျပည္နယ္ Portland ၿမိဳ႕မွာ မေန႔ ေသာၾကာေန႔ညက လူေတြ ေထာင္နဲ႔ခ်ီၿပီး ေနာက္ထပ္ ဆႏၵျပခဲ့ၾကပါတယ္။
သမၼတ Trump အစိုးရအေပၚ ဆန္႔က်င္ဆႏၵျပသူေတြကို ဖက္ဒရယ္ အစိုးရလုံၿခံဳေရးေတြက ဖမ္းဆီးတဲ့အခါ လုံၿခံဳေရးအဖဲြ႔ေတြရဲ႕ လုပ္ရပ္ေတြကို ကန္႔သတ္ဖို႔ Oregon ျပည္နယ္က ေလွ်ာက္ထားတာကို အေမရိကန္ ဖက္ဒရယ္တရားသူႀကီးတဦးက ပယ္ခ်လိုက္တဲ့ တရက္တည္းမွာပဲ အဲဒီလို လူေတြ ေထာင္နဲ႔ခ်ီ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။
ဆႏၵျပတဲ့သူေတြဟာ တေယာက္နဲ႔တေယာက္ ပုခုံးခ်င္းယွဥ္ ရင္ေဘာင္တန္းၿပီး လူမည္းေတြရဲ႕အသက္ကို တန္ဖိုးထားဖို႔၊ ဖက္ဒရယ္လုံၿခံဳေရးတပ္ဖဲြ႔ေတြ ကိုယ့္ေနရာ ကိုယ္ျပန္ၾကဖိုိ႔ ေႂကြးေၾကာ္သံေတြေအာ္၊ ပိုစတာေတြ ကိုင္ၿပီးေတာ့ တရား႐ုံးကို ခ်ီတက္ ဆႏၵျပခဲ့ၾကတာပါ။
ဖက္ဒရယ္တရားသူႀကီး Michael Mosman ကေတာ့ ျပည္နယ္အစိုးရအေနနဲ႔ ဆႏၵျပသူေတြကိုယ္စား ေလွ်ာက္ထားပိုင္ခြင့္ မရွိဘူးလို႔ မေန႔က ဆုံးျဖတ္ခဲ့ပါတယ္။ ဒီစီရင္ခ်က္ရဲ႕ ဂယက္ဟာ အလြန္ကို ျပႆနာျဖစ္ေစတယ္လို႔ ျပည္နယ္ေရွ႕ေနခ်ဳပ္က ေျပာပါတယ္။
Oregon ျပည္နယ္ေရွ႕ေနခ်ဳပ္ Ellen Rosenblum ရဲ႕ ေလွ်ာက္ထားခ်က္ထဲမွာေတာ့ ဖက္ဒရယ္လုံၿခံဳေရးေတြဟာ ဆႏၵျပသူေတြကို အေၾကာင္းအရာ ခုိင္ခုိင္လုံလုံမရွိဘဲ ဖမ္းဆီးခဲ့ၿပီး အင္အားအလြန္အကၽြံ သုံးတယ္လို႔ စြပ္စဲြထားပါတယ္။
Oregon မွာရွိတဲ့ ဒီမုိကရက္ေခါင္းေဆာင္ေတြက ကန္႔ကြက္ေနတဲ့ၾကားကပဲ သမၼတ Trump က Portland ၿမိဳ႕ လူထုဆႏၵျပပဲြေတြကို ႏွိမ္နင္းဖို႔အတြက္ ဖက္ဒရယ္လုံၿခံဳေရးေတြကို Portland ၿမိဳ႕မွာ ခ်ခဲ့တာျဖစ္ပါတယ္။ အဲဒီလို ဖက္ဒရယ္အစိုးရ လုံၿခံဳေရးေတြကို ခ်လိုက္တဲ့အတြက္ တင္းမာမႈေတြ ပိုမ်ားလာၿပီး ဖက္ဒရယ္အစိုးရအာဏာကို ကန္႔သတ္ဖို႔ရာမွာလည္း အက်ပ္အတည္း ျဖစ္လာပါတယ္။
----------------------------------
(Unicode)
အမေရိကန် Portland မြို့မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေ
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက Oregon ပြည်နယ် Portland မြို့မှာ မနေ့ သောကြာနေ့ညက လူတွေ ထောင်နဲ့ချီပြီး နောက်ထပ် ဆန္ဒပြခဲ့ကြပါတယ်။
သမ္မတ Trump အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကို ဖက်ဒရယ် အစိုးရလုံခြုံရေးတွေက ဖမ်းဆီးတဲ့အခါ လုံခြုံရေးအဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ကန့်သတ်ဖို့ Oregon ပြည်နယ်က လျှောက်ထားတာကို အမေရိကန် ဖက်ဒရယ်တရားသူကြီးတဦးက ပယ်ချလိုက်တဲ့ တရက်တည်းမှာပဲ အဲဒီလို လူတွေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြတဲ့သူတွေဟာ တယောက်နဲ့တယောက် ပုခုံးချင်းယှဉ် ရင်ဘောင်တန်းပြီး လူမည်းတွေရဲ့အသက်ကို တန်ဖိုးထားဖို့၊ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့တွေ ကိုယ့်နေရာ ကိုယ်ပြန်ကြဖို့ ကြွေးကြော်သံတွေအော်၊ ပိုစတာတွေ ကိုင်ပြီးတော့ တရားရုံးကို ချီတက် ဆန္ဒပြခဲ့ကြတာပါ။
ဖက်ဒရယ်တရားသူကြီး Michael Mosman ကတော့ ပြည်နယ်အစိုးရအနေနဲ့ဆန္ဒပြသူတွေကိုယ်စား လျှောက်ထားပိုင်ခွင့် မရှိဘူးလို့ မနေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒီစီရင်ချက်ရဲ့ ဂယက်ဟာ အလွန်ကို ပြဿနာဖြစ်စေတယ်လို့ ပြည်နယ်ရှေ့နေချုပ်က ပြောပါတယ်။
Oregon ပြည်နယ်ရှေ့နေချုပ် Ellen Rosenblum ရဲ့ လျှောက်ထားချက်ထဲမှာတော့ ဖက်ဒရယ်လုံခြုံရေးတွေဟာ ဆန္ဒပြသူတွေကို အကြောင်းအရာ ခိုင်ခိုင်လုံလုံမရှိဘဲ ဖမ်းဆီးခဲ့ပြီး အင်အားအလွန်အကျွံ သုံးတယ်လို့ စွပ်စွဲထားပါတယ်။
Oregon မှာရှိတဲ့ ဒီမိုကရက်ခေါင်းဆောင်တွေက ကန့်ကွက်နေတဲ့ကြားကပဲ သမ္မတ Trump က Portland မြို့ လူထုဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် ဖက်ဒရယ်လုံခြုံရေးတွေကို Portland မြို့မှာ ချခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဖက်ဒရယ်အစိုးရ လုံခြုံရေးတွေကို ချလိုက်တဲ့အတွက် တင်းမာမှုတွေ ပိုများလာပြီး ဖက်ဒရယ်အစိုးရအာဏာကို ကန့်သတ်ဖို့ရာမှာလည်း အကျပ်အတည်း ဖြစ်လာပါတယ်။