သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ်အစိုးရလုံခြုံရေးတပ်တွေပြန်ရုပ်ဖို့ ကန်မြို့တော်ဝန် ၁၅ ဦးတောင်းဆို


ဝါရှင်တန် ဒီစီ မြို့တော်ဝန် Muriel Bowser။ (ဇွန် ၀၅၊ ၂၀၂၀)
ဝါရှင်တန် ဒီစီ မြို့တော်ဝန် Muriel Bowser။ (ဇွန် ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်နယ်တွေက မြို့ကြီးတွေမှာ ဖက်ဒရယ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ချထားတာကို ပြန်ရုပ်သိမ်းဖို့နဲ့ ဖက်ဒရယ်အစိုးရ သဘောထားတခုထဲနဲ့ တပ်ဖွဲ့တွေ လွှတ်တာမျိုး ထပ်မလုပ်ဖို့ အဓိကမြို့ကြီး ၁၅ မြို့ရဲ့ မြို့တော်ဝန်တွေက ဗဟိုအစိုးရကို တောင်းဆိုထားပါတယ်။

ရှေ့နေချုပ် William Barr
ရှေ့နေချုပ် William Barr

ရှေ့နေချုပ် William Barr နဲ့ အမိမြေလုံခြုံရေးဌာန ယာယီဝန်ကြီး Chad Wolf တို့ဆီ အင်္ဂါနေ့က ပေးပို့တဲ့စာထဲမှာ မြို့တော်ဝန်တွေက အဲဒီလို တောင်းဆိုထားတာပါ။

အမေရိကန်မြို့ကြီးတွေမှာ တပ်ဖွဲ့တွေ ချထားဖို့ ဖက်ဒရယ်အစိုးရက ကိုယ့်ဖာသာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်တာဟာ ဘယ်တုန်းကမှ မရှိဘူးသလို ဖွဲ့စည်းပုံဥပဒေမှာပါရှိတဲ့ အရေးပါတဲ့ အကာအကွယ်ပေးမှုတွေကို ချိုးဖောက်နေတယ်လို့ မြို့တော်ဝန်တွေကပြောပါတယ်။

အဲဒီစာကို လက်မှတ်ထိုးထားသူတွေထဲမှာ ဝါရှင်တန် ဒီစီ မြို့တော်ဝန် Muriel Bowser, လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Eric Garcetti, အတ္တလန်တာမြို့တော်ဝန် Keisha Lance Bottoms, ရှီကာဂိုမြို့တော်ဝန် Lori Lightfoot နဲ့ ပို့တ်လန်းဒ်မြို့တော်ဝန် Ted Wheeler တို့ပါပါတယ်။

ဒီကိစ္စမှာ လက်ရှိ ထိပ်ဆုံးက ရှိနေတာကတော့ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းဒ်မြို့ဖြစ်ပြီး ဇူလိုင်လ အစောပိုင်းကတည်းက ဖက်ဒရယ်တပ်ဖွဲ့တွေ အဲဒီမြို့မှာ ချထားတာပါ။

ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး လုပ်ဆောင်ချက်တွေနဲ့ လူမျိုးရေး တရားမ ျှတမှုမရှိတဲ့အပေါ် ကန့်ကွက် ဆန္ဒပြပွဲလေးတွေဟာ အဲဒီလို တပ်ဖွဲ့တွေ ချလိုက်ပြီးနောက်ပိုင်းမှာတော့ ပိုကြီးလာပြီး ပိုပြီးတော့လည်း ပြင်းထန်လာတာပါ။

ဆန္ဒပြသူတွေနဲ့ ဖက်ဒရယ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ရှိလာပြီး ဆန္ဒပြသူတွေကို အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ ဖက်ဒရယ်တပ်ဖွဲ့တွေက ဘာ တံဆိပ်အမှတ်အသားမှ မပါတဲ့ကားတွေနဲ့ ခေါ်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ထားပါတယ်။

အဆောက်အဦးတွေကို ဖျက်ဆီးတာ၊ ပို့တ်လန်းဒ်မြို့ တရားရုံးက ဖက်ဒရယ်အရာရှိတွေအပေါ် ရုန်းရင်းဆန်ခတ် ပြုမူတာတွေကို ဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ဥပဒေထိန်းသိမ်းရေး တာဝန်ရှိသူတွေက မကိုင်တွယ်နိုင်တာကြောင့် ဖက်ဒရယ် လုံခြုံရေးတပ်ဖွဲ့တွေကို လွှတ်ဖို့ လိုအပ်တယ်ဆိုပြီး ဖက်ဒရယ်အစိုးရ တာဝန်ရှိသူတွေက ကာကွယ်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



အမိမြေလုံခြုံရေးဌာန ယာယီဝန်ကြီး Chad Wolf
အမိမြေလုံခြုံရေးဌာန ယာယီဝန်ကြီး Chad Wolf








XS
SM
MD
LG