(Zawgyi/Unicode)
အာဖဂန္နစၥတန္က အေမရိကန္ စစ္သားေတြကို သုတ္သင္ႏုိင္ေရး ရုရွား စစ္ေထာက္လွမ္းေရး တပ္ဖြဲ႔က တာလီဘန္ကို ဆုေငြ ကမ္းလွမ္းတယ္ဆိုတဲ႔ သတင္းေတြနဲ႔ ပတ္သက္ၿပီး သမၼတ Donald Trump ကို အစီရင္ခံ တင္ျပခ်က္ မရွိဘူးဆိုတဲ႔ အေပၚ အိမ္ျဖဴေတာ္က ကာကြယ္ ေျပာဆိုေနပါတယ္။
ဒီသတင္းအခ်က္အလက္ေတြကို သမၼတထံ ဘာေၾကာင့္ မတင္ျပသလဲ ဆိုၿပီး သတင္းေထာက္ေတြက တနလာၤေန႔မွာ ေမးခြန္းထုတ္တာမွာေတာ့ အိမ္ျဖဴေတာ္ ျပန္ၾကားေရး တာ၀န္ရွိသူ Kayleigh McEnany က အတည္မျပဳရေသးတာေၾကာင့္ ျဖစ္ေၾကာင္း၊ ေထာက္လွမ္းေရး အ၀န္းအ၀ိုင္းတြင္း ဒီ အေပၚမွာ သေဘာထား ကြဲလြဲေနခဲ႔ၾကတယ္လို႔ ေျပာဆိုသြားပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈ ရွိဖို႔ ပါတီႀကီး ၂ ရပ္လံုးက လႊတ္ေတာ္အမတ္ေတြက ေတာင္းဆိုေနၾကခ်ိန္မွာဘဲ တနလာၤေန႔ ေန႔ခင္းပိုင္းမွာေတာ့ ေအာက္လႊတ္ေတာ္ ရီပတ္ပလီကန္ လႊတ္ေတာ္အမတ္ ၈ ဦးကို အိမ္ျဖဴေတာ္က ဒီကိစၥ ရွင္းလင္းခဲ႔ပါတယ္။
အေမရိကန္ ဗဟိုေထာက္လွမ္းေရး ေအဂ်င္စီ CID ညႊန္ၾကားေရးမွဴး Gina Haspel နဲ႔ အမ်ိဳးသား ေထာက္လွမ္းေရး ညႊန္ၾကားေရးမွဴး John Ratcliffee တို႔ အေနနဲ႔ အမတ္ ၄၅၃ ဦးပါ ေအာက္လႊတ္ေတာ္ေရွ႕ေမွာက္မွာ ထြက္ဆိုဖို႔ ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi က လိုလားေနတာပါ။
အထက္လႊတ္ေတာ္မွာလည္း အလားတူ ၾကားနာပြဲ လုပ္ဖို႔ အထက္လႊတ္ေတာ္ အမတ္အနည္းစု ေခါင္းေဆာင္ Chuck Schumer က ေျပာဆိုထားပါတယ္။ အေမရိကန္ တပ္ဖြဲ႔ေတြနဲ႔ အေမရိကန္ရဲ႕ မဟာမိတ္ေတြ အတြက္ အေရးႀကီးလွတဲ႔ ၿခိမ္းေျခာက္မႈ အေၾကာင္းကို ေထာက္လွမ္းေရး အ၀န္းအ၀ိုင္းက ဘာေတြ သိရွိထားလဲ ဆိုတာနဲ႔ ရုရွားဘက္က ဘယ္လို တာ၀န္ယူမႈ တာ၀န္ခံမႈ ရွိေရး ဘာလုပ္လို႔ ရမလဲ ဆိုတာကို လႊတ္ေတာ္က သိဖို႔ လိုအပ္တယ္လို႔ ေအာက္လႊတ္ေတာ္ ဥကၠဌ Pelosi က ေၾကညာခ်က္ထုတ္ ေျပာဆုိထားပါတယ္။
ကာကြယ္ေရး ဌာနဘက္က ဒီကိစၥ ရွင္းလင္း တင္ျပဖု႔ိလည္း ေတာင္းဆိုထားေၾကာင္း ေအာက္လႊတ္ေတာ္ လက္နက္ကိုင္ တပ္ဖြဲ႔မ်ားဆိုင္ရာ ေကာ္မတီက ထိပ္တန္း ရီပတ္ပလီကန္ အမတ္ Mac Thornberry က တနလာၤေန႔မွာဘဲ သတင္းေထာက္ေတြကို ေျပာပါတယ္။ သမၼတ Trump ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး သူ႔ကို အစီရင္ခံ တင္ျပတာ မရွိဘူးလို႔ တနဂၤေႏြေန႔က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ႔တာ ျဖစ္ပါတယ္။
.................
ကန် စစ်သားတွေသုတ်သင်ရေး ရုရှားငွေပေးခိုင်းမှု သမ္မတ Trump ကို အစီရင်မခံတဲ့ကိစ္စ အိမ်ဖြူတော်ခုခံပြောကြား
(Unicode)
အာဖဂန်နစ္စတန်က အမေရိကန် စစ်သားတွေကို သုတ်သင်နိုင်ရေး ရုရှား စစ်ထောက်လှမ်းရေး တပ်ဖွဲ့က တာလီဘန်ကို ဆုငွေ ကမ်းလှမ်းတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သမ္မတ Donald Trump ကို အစီရင်ခံ တင်ပြချက် မရှိဘူးဆိုတဲ့ အပေါ် အိမ်ဖြူတော်က ကာကွယ် ပြောဆိုနေပါတယ်။ ဒီသတင်းအချက်အလက်တွေကို သမ္မတထံ ဘာကြောင့် မတင်ပြသလဲ ဆိုပြီး သတင်းထောက်တွေက တနလာၤနေ့မှာ မေးခွန်းထုတ်တာမှာတော့ အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ရှိသူ Kayleigh McEnany က အတည်မပြုရသေးတာကြောင့် ဖြစ်ကြောင်း၊ ထောက်လှမ်းရေး အဝန်းအဝိုင်းတွင်း ဒီ အပေါ်မှာ သဘောထား ကွဲလွဲနေခဲ့ကြတယ်လို့ ပြောဆိုသွားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့ ပါတီကြီး ၂ ရပ်လုံးက လွှတ်တော်အမတ်တွေက တောင်းဆိုနေကြချိန်မှာဘဲ တနလာၤနေ့ နေ့ခင်းပိုင်းမှာတော့ အောက်လွှတ်တော် ရီပတ်ပလီကန် လွှတ်တော်အမတ် ၈ ဦးကို အိမ်ဖြူတော်က ဒီကိစ္စ ရှင်းလင်းခဲ့ပါတယ်။
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CID ညွှန်ကြားရေးမှူး Gina Haspel နဲ့ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး John Ratcliffee တို့ အနေနဲ့ အမတ် ၄၅၃ ဦးပါ အောက်လွှတ်တော်ရှေ့မှောက်မှာ ထွက်ဆိုဖို့ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က လိုလားနေတာပါ။ အထက်လွှတ်တော်မှာလည်း အလားတူ ကြားနာပွဲ လုပ်ဖို့ အထက်လွှတ်တော် အမတ်အနည်းစု ခေါင်းဆောင် Chuck Schumer က ပြောဆိုထားပါတယ်။ အမေရိကန် တပ်ဖွဲ့တွေနဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေ အတွက် အရေးကြီးလှတဲ့ ခြိမ်းခြောက်မှု အကြောင်းကို ထောက်လှမ်းရေး အဝန်းအဝိုင်းက ဘာတွေ သိရှိထားလဲ ဆိုတာနဲ့ ရုရှားဘက်က ဘယ်လို တာဝန်ယူမှု တာဝန်ခံမှု ရှိရေး ဘာလုပ်လို့ ရမလဲ ဆိုတာကို လွှတ်တော်က သိဖို့ လိုအပ်တယ်လို့ အောက်လွှတ်တော် ဥက္ကဌ Pelosi က ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။ ကာကွယ်ရေး ဌာနဘက်က ဒီကိစ္စ ရှင်းလင်း တင်ပြဖု့ိလည်း တောင်းဆိုထားကြောင်း အောက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီက ထိပ်တန်း ရီပတ်ပလီကန် အမတ် Mac Thornberry က တနလာၤနေ့မှာဘဲ သတင်းထောက်တွေကို ပြောပါတယ်။ သမ္မတ Trump ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို အစီရင်ခံ တင်ပြတာ မရှိဘူးလို့ တနင်္ဂနွေနေ့က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။