သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ ရုရှားလက်နက်ရောင်းချမှု တိုးမြှင့်


ရုရှားနိုင်ငံလုပ် လက်နက်များကို ကြည့်ရှုနေသည့် ရုရှားသမ္မတ ပူတင်နှင့် ကာကွယ်ရေးဝန်ကြီး Sergei Shoigu. (စက်တင်ဘာ ၁၉၊ ၂၀၁၈)
ရုရှားနိုင်ငံလုပ် လက်နက်များကို ကြည့်ရှုနေသည့် ရုရှားသမ္မတ ပူတင်နှင့် ကာကွယ်ရေးဝန်ကြီး Sergei Shoigu. (စက်တင်ဘာ ၁၉၊ ၂၀၁၈)

(Zawgyi / Unicode)

ရုရှားနိုင်ငံဟာ ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်ပနိုင်ငံတွေကို လက်နက်ရောင်းချမှုတွေ အလျှင်အမြန် တိုးချဲ့လုပ်ဆောင်လာနေတယ်လို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin က ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာပေါ်က နိုင်ငံ ၃၉ နိုင်ငံနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လု့ိ သူက ရုရှားစစ်တပ်က ထုတ်ဝေတဲ့ Krasaya Zvezda သတင်းစာကို ဒီဇင်ဘာ ၂၀ ရက်နေ့ အတည်ပြုခဲ့ပါတယ်။

အဲဒီနိုင်ငံတွေထဲမှာ အတော်များများက အရှေ့တောင်အာရှက နိုင်ငံတွေဖြစ်ပြီး လာအိုနိုင်ငံလည်း ပါဝင်တယ်လို့ ပြောပါတယ်။ လာအိုနိုင်ငံဟာ ရုရှားနိုင်ငံလုပ် လက်နက်တွေကို မဝယ်ခဲ့တာ ဆယ်စုနှစ်နဲ့ချီပြီး ရှိသွားခဲ့ပါပြီ။

ရုရှားနဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) တို့ကြား ဆက်ဆံရေးတွေ မပြေမလည် ဖြစ်နေချိန်မှာ အခုလို ရုရှားနိုင်ငံဘက်က ကမ္ဘာတဝှမ်းမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လက်နက်ရောင်းချမှုတွေ တိုးလာတာဖြစ်ပြီး အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းအခြေစိုက်တဲ့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနရဲ့ အဆိုအရတော့ ၂၀၀၀ ခုနှစ်ကစတင်ပြီး အရှေ့တောင်အာရှက လက်နက်ရောင်းဝယ်မှုရဲ့ ၂၅ ရာခိုင်နှုန်းဟာ ရုရှားနိုင်ငံကဖြစ်ပြီး ရုရှားအစိုးရဟာ ၂၀၁၀ ကနေ ၂၀၁၇ ခုနှစ်ကြား အရှေ့တောင်အာရှ နိုင်ငံတွေကို လက်နက်ရောင်းချမှုဟာ အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံ ရှိတယ်လို့ ပြောပါတယ်။

ဒါဟာ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံပေါင်းပြီး ဒီဒေသကို လက်နက်ရောင်းချတာထက် ပိုများတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၂၀၁၄ ကနေ ၂၀၁၈ အတွင်း အာရှတိုက်နဲ့ သမုဒ္ဒရာပိုင်းဒေသ နိုင်ငံတွေကို ရုရှားနိုင်ငံရဲ့ လက်နက်ရောင်းချမှုဟာ တကမ္ဘာလုံးရဲ့ ၆၀ ရာခိုင်နှုန်း ရှိတယ်လို့လည်း ပြောပါတယ်။

------------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG