သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အသံထက္ အဆေပါင္းမ်ားစြာျမန္တဲ့ ႐ုရွားလက္နက္သစ္ အဆင္သင့္ျဖစ္ၿပီ


ကြြန္ျပဴတာတြင္ နမူနာပံုေဖာ္ျပသသည့္ တြြန္းတင္ဒံုးယာဥ္မွေန၍ Avangard ဒံုးက်ည္တင္ယာဥ္ကို လႊတ္ထုတ္လိုက္ပံု။ (မတ္ ၁၊ ၂၀၁၈)

(Zawgyi/Unicode)

႐ုရွားႏုိင္ငံက ထုတ္လုပ္ထားတဲ့ အသံထက္ အဆေပါင္းမ်ားစြာျမန္တဲ့ Avangard ဒံုးက်ည္လႊတ္ယာဥ္သစ္ဟာ တိုက္ပြဲမွာ အသံုး ျပဳႏုိင္တဲ့အဆင့္ ေရာက္သြားၿပီလို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu က သမၼတ ဗလာဒီမီယာ ပူတင္ကို အစီရင္ခံလိုက္ တဲ့အေၾကာင္း AP သတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

အသံထက္ ၂၇ ဆ ပိုျမန္တဲ့ တိုက္ခ်င္းပစ္ ဒံုးလက္နက္သစ္ဟာ ေသာၾကာေန႔ကစၿပီး အသံုးျပဳႏုိင္တဲ့အဆင့္ကို ေရာက္သြားၿပီလို႔ ႐ုရွားကာကြယ္ေရးဌာနက သမၼတပူတင္ကို အစီရင္ခံလိုက္တာေၾကာင့္ ႐ုရွားရဲ႕ ႏ်ဴကလီးယားစြမ္းရည္ကို ပို အားေကာင္းသြားေစ ၿပီျဖစ္ပါတယ္။

“ဒီ သမိုင္းဝင္ျဖစ္ထြန္းမႈအေပၚ တႏုိင္ငံလံုးနဲ႔ စစ္ဘက္အတြက္ က်ေနာ္ ဂုဏ္ျပဳခ်ီးက်ဴးပါတယ္” လို႔ ထိပ္တန္း စစ္ဘက္ ေခါင္းေဆာင္ေတြနဲ႔ တယ္လီဖုန္းကေနတဆင့္ စည္းေဝးခ်ိန္အတြင္း ဝန္ႀကီး Shoigu က ေျပာပါတယ္။

Avangard ဒံုးက်ည္လႊတ္ယာဥ္ ထုတ္လုုပ္မႈကို ၁၉၅၇ ခုႏွစ္ ဆိုဗီယက္ျပည္ေထာင္စုေခတ္က ပထမဆံုးၿဂိဳဟ္တု လႊတ္တင္ႏို္င္ခဲ့ တဲ့အခ်ိန္နဲ႔ ႏိႈင္းယွဥ္ၿပီး နည္းပညာပိုင္း တိုးတက္ေအာင္ျမင္မႈတခုအျဖစ္ သမၼတပူတင္က ေျပာထားဖူးပါတယ္။

႐ုရွားရဲ႕ ဒီလက္နက္သစ္နဲ႔ တ႐ုတ္က ထုတ္လုပ္ေနတဲ့ အလားတူ လက္နက္စနစ္ေတြဟာ ကာကြယ္ေရးဆိုင္ရာ မဟာဗ်ဴဟာေတြ စဥ္းစားေရြးခ်ယ္ေနတဲ့ အေမရိကန္ျပည္ေထာင္စုအတြက္ေတာ့ ေခါင္းခဲစရာအေျခအေနေတြျဖစ္ပါတယ္။

-------------------------------------

(Unicode)

ရုရှား အဆင့်မြင့် ဒုံးလက်နက်သစ် တိုက်ပွဲဝင်ရန်အသင့်ဟု ကာကွယ်ရေးဌာနကြေညာ

ရုရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ အသံထက် အဆပေါင်းများစွာမြန်တဲ့ Avangard ဒုံးကျည်လွှတ်ယာဉ်သစ်ဟာ တိုက်ပွဲမှာ အသုံး ပြုနိုင်တဲ့အဆင့် ရောက်သွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က သမ္မတ ဗလာဒီမီယာ ပူတင်ကို အစီရင်ခံလိုက် တဲ့အကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အသံထက် ၂၇ ဆ ပိုမြန်တဲ့ တိုက်ချင်းပစ် ဒုံးလက်နက်သစ်ဟာ သောကြာနေ့ကစပြီး အသုံးပြုနိုင်တဲ့အဆင့်ကို ရောက်သွားပြီလို့ ရုရှားကာကွယ်ရေးဌာနက သမ္မတပူတင်ကို အစီရင်ခံလိုက်တာကြောင့် ရုရှားရဲ့ နျူကလီးယားစွမ်းရည်ကို ပို အားကောင်းသွားစေ ပြီဖြစ်ပါတယ်။

“ဒီ သမိုင်းဝင်ဖြစ်ထွန်းမှုအပေါ် တနိုင်ငံလုံးနဲ့ စစ်ဘက်အတွက် ကျနော် ဂုဏ်ပြုချီးကျူးပါတယ်” လို့ ထိပ်တန်း စစ်ဘက် ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းကနေတဆင့် စည်းဝေးချိန်အတွင်း ဝန်ကြီး Shoigu က ပြောပါတယ်။

Avangard ဒုံးကျည်လွှတ်ယာဉ် ထုတ်လုုပ်မှုကို ၁၉၅၇ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုခေတ်က ပထမဆုံးဂြိုဟ်တု လွှတ်တင်နို်င်ခဲ့ တဲ့အချိန်နဲ့ နှိုင်းယှဉ်ပြီး နည်းပညာပိုင်း တိုးတက်အောင်မြင်မှုတခုအဖြစ် သမ္မတပူတင်က ပြောထားဖူးပါတယ်။

ရုရှားရဲ့ ဒီလက်နက်သစ်နဲ့ တရုတ်က ထုတ်လုပ်နေတဲ့ အလားတူ လက်နက်စနစ်တွေဟာ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာတွေ စဉ်းစားရွေးချယ်နေတဲ့ အမေရိကန်ပြည်ထောင်စုအတွက်တော့ ခေါင်းခဲစရာအခြေအနေတွေဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG