သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြကို သမၼတ Trump ေ၀ဖန္ျပစ္တင္


အေမရိကန္သမၼတ Donald Trump. (ဇူလုိင္ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္မွာ ဗုိင္းရပ္စ္ကူးစက္မႈနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြ ရွိေနတဲ့ၾကားကပဲ ၂၄၄ ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔ အခမ္းအနားကို ၀ါရွင္တန္ဒီစီၿမိဳ႕ေတာ္ အပါအ၀င္ အေမရိကန္ႏုိင္ငံတ၀န္းမွာ စေနေန႔က က်င္းပခဲ့ပါတယ္။

အေမရိကန္ကို အေလးအျမတ္ျပဳဖို႔ဆုိတဲ့ လြတ္လပ္ေရးေန႔ အခမ္းအနား အစီအစဥ္အတြင္း သမၼတ Trump က အိမ္ျဖဴေတာ္ကေန မိန္႔ခြန္းေျပာၾကားခဲ့ၿပီး အဲဒီမတုိင္ခင္ ေသာၾကာေန႔က Mount Rushmore မွာ ေျပာခဲ့သလိုမ်ိဳး ႏုိင္ငံတ၀န္း ဆႏၵျပေနတဲ့သူေတြကို ေ၀ဖန္လိုက္ပါတယ္။

သမၼတ Trump က “က်ေနာ္တုိ႔ဟာ လက္၀ဲစြန္းေရာက္ေတြ၊ မင္းမဲ့၀ါဒီေတြ၊ ေသြးထိုးလႈံ႔ေဆာ္သူေတြ၊ လုယက္သူေတြနဲ႔ ကိုယ့္ဘာသာကိုယ္ ဘာလုပ္လို႔လုပ္ေနမွန္း မသိတဲ့သူေတြကို ေအာင္ႏုိင္ဖို႔ လုပ္ေဆာင္ေနပါတယ္။ အဲဒီလူေတြအေနနဲ႔ က်ေနာ္တုိ႔ရဲ႕ ႐ုပ္တုေတြ ဖ်က္ဆီးတာနဲ႔ သမိုင္းေတြကို ေဖ်ာက္ဖ်က္တာနဲ႔ ကေလးေတြကို အယူ၀ါဒ သြတ္သြင္းတာေတြကို ခြင့္ျပဳသြားမွာ မဟုတ္ဘဲ အေမရိကန္ လူေနမႈပုံစံကို ကာကြယ္တားဆီးသြားမွာ ျဖစ္တယ္” လုိ႔ သမၼတ Trump က ေျပာလိုက္ပါတယ္။

စေနေန႔ အေစာပိုင္းတုန္းကေတာ့ ဒီမုိကရက္ပါတီက သမၼတေလာင္း ျဖစ္လာဖို႔ရွိတဲ့ Joe Biden ကလည္း မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။

၀ါရွင္တန္မွာက်င္းပတဲ့ လြတ္လပ္ေရးေန႔ အခမ္းအနားမွာေတာ့ မီး႐ွဴးမီးပန္းေတြ အေတာ္မ်ားမ်ား ပစ္ေဖာက္ခဲ့ၿပီး လူေတြလည္း အမ်ိဳးသားရင္ျပင္တေလွ်ာက္ကေန ပါ၀င္ဆင္ႏႊဲခဲ့ၾကပါတယ္။

ႏုိင္ငံတ၀န္းမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ ျမင့္တက္လာေနတာေၾကာင့္ ဒါနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ျဖစ္ေနခ်ိန္မွာ အခုလို လြတ္လပ္ေရးေန႔ အခမ္းအနား က်င္းပခဲ့တဲ့ အစီအစဥ္ေတြကုိ ၀ါရွင္တန္ဒီစီ ၿမိဳ႕ေတာ္၀န္က ေ၀ဖန္လိုက္ပါတယ္။

ဆႏၵျပသူေတြကို သမၼတ Trump ေ၀ဖန္ျပစ္တင္
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ဆန္ဒပြသူတွေကို သမ္မတ Trump ဝေဖန်ပြစ်တင်

အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ၂၄၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဝါရှင်တန်ဒီစီမြို့တော် အပါအဝင် အမေရိကန်နိုင်ငံတဝန်းမှာ စနေနေ့က ကျင်းပခဲ့ပါတယ်။

အမေရိကန်ကို အလေးအမြတ်ပြုဖို့ဆိုတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား အစီအစဉ်အတွင်း သမ္မတ Trump က အိမ်ဖြူတော်ကနေ မိန့်ခွန်းပြောကြားခဲ့ပြီး အဲဒီမတိုင်ခင် သောကြာနေ့က Mount Rushmore မှာ ပြောခဲ့သလိုမျိုး နိုင်ငံတဝန်း ဆန္ဒပြနေတဲ့သူတွေကို ဝေဖန်လိုက်ပါတယ်။

သမ္မတ Trump က “ကျနော်တို့ဟာ လက်ဝဲစွန်းရောက်တွေ၊ မင်းမဲ့ဝါဒီတွေ၊ သွေးထိုးလှုံ့ဆော်သူတွေ၊ လုယက်သူတွေနဲ့ ကိုယ့်ဘာသာကိုယ် ဘာလုပ်လို့လုပ်နေမှန်း မသိတဲ့သူတွေကို အောင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီလူတွေအနေနဲ့ ကျနော်တို့ရဲ့ ရုပ်တုတွေ ဖျက်ဆီးတာနဲ့ သမိုင်းတွေကို ဖျောက်ဖျက်တာနဲ့ ကလေးတွေကို အယူဝါဒ သွတ်သွင်းတာတွေကို ခွင့်ပြုသွားမှာ မဟုတ်ဘဲ အမေရိကန် လူနေမှုပုံစံကို ကာကွယ်တားဆီးသွားမှာ ဖြစ်တယ်” လို့ သမ္မတ Trump က ပြောလိုက်ပါတယ်။

စနေနေ့ အစောပိုင်းတုန်းကတော့ ဒီမိုကရက်ပါတီက သမ္မတလောင်း ဖြစ်လာဖို့ရှိတဲ့ Joe Biden ကလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဝါရှင်တန်မှာကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာတော့ မီးရှူးမီးပန်းတွေ အတော်များများ ပစ်ဖောက်ခဲ့ပြီး လူတွေလည်း အမျိုးသားရင်ပြင်တလျှောက်ကနေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

နိုင်ငံတဝန်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ဒါနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ဖြစ်နေချိန်မှာ အခုလို လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့တဲ့ အစီအစဉ်တွေကို ဝါရှင်တန်ဒီစီ မြို့တော်ဝန်က ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG