(Zawgyi / Unicode)
ေသာတရွင္မ်ားရွင္။ အပတ္စဥ္ စီးပြားေရး အစီအစဥ္ကို တင္ျပပါမယ္။ က်မ သိဂၤ ီထိုက္ပါ။
အေမရိကန္ ျပည္ေထာင္စုမွာ ရဲတပ္ဖြဲ႔က ဖမ္းဆီးမႈ အတြင္း လူမည္း အမ်ိဳးသား George Floyd ေသဆံုးခဲ႔ရမႈ ေနာက္ပိုင္း Black Lives Matter လူမည္းေတြရဲ႕ အသက္ဟာလည္း တန္္ဖိုးရွိပါတယ္ဆိုတဲ႔ ဆႏၵျပ လႈပ္ရွားမႈေတြ ထြက္ေပၚလာတာနဲ႔ အတူဘဲ အာဖရိကန္ အေမရိကန္ လူမည္းေတြရဲ႕ စီးပြားေရး လုပ္ငန္းေတြ ပိုၿပီး ေကာင္းလာတာကို ေတြ႔ရတဲ႔ အေၾကာင္း ရိုက္တာရဲ႕ စီးပြားေရး သတင္းေဆာင္းပါးကို ေျပာျပေပးမွာပါ။
အေမရိကန္ ျပည္ေထာင္စု မင္နီဆိုးတား ျပည္နယ္ မီနီးယားပုလိစ္႔ၿမိဳ႕မွာ ရဲတပ္ဖြဲ႔ ဖမ္းဆီးမႈ အတြင္း George Floyd ေသဆံုးရမႈေၾကာင့္ ဆႏၵျပပြဲေတြ ႏုိင္ငံတ၀န္း ေပၚေပါက္ခဲ႔သလို လူမႈကြန္ယက္ အြန္လိုင္းေတြေပၚက ေရးသားခ်က္ေတြေၾကာင့္ လူမည္းပိုင္ စီးပြားေရး လုပ္ငန္းေတြမွာ စားသံုးသူေတြ ပိုၿပီးမ်ားလာေစခဲ႔တာပါ။ သိသိသာသာ အေရာင္းတက္လာတဲ႔ တိုးတက္လာတဲ႔ စီးပြားေရး လုပ္ငန္းေတြ ထဲက တခုကေတာ့ ကယ္လီဖိုးနီးယား ျပည္နယ္ ေလာ႔စ္အိန္းဂ်လိစ္ၿမိဳ႕လယ္က Comfort LA စားေသာက္ဆိုင္လည္း တခု အပါအ၀င္ပါ။
Comfort LA စားေသာက္ဆိုင္ဟာဆိုရင္ အေမရိကန္ ေတာင္ပိုင္းက အာဖရိကန္ အေမရိကန္ေတြရဲ႕ ရိုးရာ အစားအေသာက္ပံုစံခ်က္ျပဳတ္ ျပင္ဆင္တဲ႔ Soul Food အေရာင္းဆိုင္ပါ။ ဆိုင္ပိုင္ရွင္ တဦး ျဖစ္တဲ႔ Mark Walker ကေတာ့ ဒီရက္ပိုင္းမွာ သိသိသာသာ ေရာင္းအားတက္လာတယ္လို႔ ေျပာပါတယ္။
" ေရာင္းအား ထက္၀က္ကေန ထက္၀က္ေက်ာ္ေလာက္ တက္လာတယ္လို႔ ေျပာလို႔ ရပါတယ္။ ေရာင္းအားမရွိတဲ႔ အေျခအေနကေန မထင္မွတ္ဘဲ ေရာင္းအား တက္လာတာပါ။ ကပ္ေဘးကာလနဲ႔ အသြားအလာ ပိတ္ပင္ ကန္႔သတ္ခ်က္ေတြေၾကာင့္ အလုပ္မျဖစ္တာကေန ပံုမွန္ ေရာင္းအားထက္ကို ထက္၀က္ ေက်ာ္ေလာက္ ေရာင္းအား တက္လာတာပါ။ "
ေဖာက္သည္ အသစ္ေတြ ရလာသလို အိမ္တိုင္ရာေရာက္ ၀န္ေဆာင္မႈေတြကလည္း အမွာေတြ တိုးလာတာ ျဖစ္တယ္လို႔ ဆိုင္ရွင္ တဦး ျဖစ္တဲ႔ Mark Walker က ဆက္ၿပီး ေျပာပါတယ္။
" ၀ယ္ေနက် မဟုတ္တဲ႔ လူသစ္ေတြလည္း ေတြ႔ရပါတယ္။ ေနာက္ အိမ္အေရာက္ပို႔ေပးရတဲ႔ အမွာေတြလည္း ရလာပါတယ္။ အိမ္အေရာင္ပို႔ေပးတဲ႔ ၀န္ေဆာင္မႈေတြ ျဖစ္တဲ႔ Uber Eats ၊ Postmates ၊ Chow Now ၊ Grubhub တို႔လို ၀န္ေဆာင္မႈေတြကေနေရာ ေနာက္ က်ေနာ္တို႔ ဆုိင္ App ကို ေဒါင္းလုဒ္လုပ္တဲ႔ အြန္လိုင္းကေန မွာတဲ႔ လူေတြေရာ မ်ားလာပါတယ္။ "
အေမရိကန္ ျပည္ေထာင္စုမွာ COVID 19 ကူးစက္ ပ်ံ႔ႏွံ႔မႈေတြေၾကာင့္ အသြားအလာ ကန္႔သတ္ပိတ္ပင္မႈေတြ၊ ေနာက္ မရွိမျဖစ္ ဖြင့္လွစ္ဖို႔ မလိုတဲ႔ စီးပြားေရး လုပ္ငန္းေတြကို ပိတ္ခဲ႔တာပါ။ COVID 19 ကူးစက္ပ်ံ႔ႏွံ႔မႈ အႏၱရာယ္ေၾကာင့္ ရပ္ဆိုင္းထားရတဲ႔ လုပ္ငန္းေတြမွာ ၀န္ထမ္းေတြလည္း အလုပ္နားခဲ႔ရတာပါ။ ဒါေပမယ့္လည္း အခု Mark Walker ပူးတြဲ ပိုင္ဆိုင္တဲ႔ COMFORT LA စားေသာက္ဆိုင္ကေတာ့ အေရာင္းက ပံုမွန္ထက္ သိသိသာသာ တိုးလာတာေၾကာင့္ အလုပ္အကိုင္ေတြလည္း ဖန္တီးေပးလာႏုိ္င္ပါတယ္။
" စီးပြားေရး လုပ္တာဆိုေတာ့ အခုလို အခြင့္အလမ္းအတြက္ ေက်းဇူးတင္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ၀န္ထမ္းေတြ ပိုၿပီး အလုပ္ေပးႏုိင္လာတယ္၊ ေနာက္ အလုပ္နားလိုက္ရသူ တခ်ိဳ႕လည္း ျပန္ေခၚႏုိင္တယ္ဆိုေတာ့ ဒီအခြင့္အလမ္းအတြက္ တကယ္ကို ေက်းဇူးတင္ပါတယ္။ "
COMFORT LA ဆိုင္မွာလာၿပီး အစားအေသာက္ မွာယူတဲ႔ သားအမိႏွစ္ဦးျဖစ္တဲ႔ Jami Carrington နဲ႔ Ashley Meachem တို႔ကေတာ့ ရည္ရြယ္ခ်က္ရွိရွိနဲ႔ လာၿပီး ၀ယ္ယူၾကတာပါ။ မိခင္ျဖစ္သူ Jami Carrington က အခုလုိ ေျပာပါတယ္။
" ကိုယ့္အေနနဲ႔ ဘာေတြမ်ား လုပ္ႏုိင္မလဲ ဆိုၿပီး စဥ္းစားတာကေန အခုလို လာၿပီး အားေပးတာပါ။ ဒါက တကမၻာလံုးမွာ ျဖစ္ေနတာပါ။ အဲဒါအျပင္ကို ကိုယ့္ လူမႈအသိုင္းအ၀ိုင္းကို ေထာက္ပံ႔ေပးရင္ ဘာေတြ ရိုက္ခတ္ သက္ေရာက္မႈရွိမလဲ၊ ပိုၿပီး ေကာင္းေအာင္ ဘာေတြ လုပ္ႏုိင္မလဲ၊ တျခား နည္းလမ္း တခုခုနဲ႔ ဘာေတြ လုပ္ႏုိင္မလဲ ဆိုတာမ်ိဳး စဥ္းစားတာပါ။ ဆိုေတာ့ ဒါက စီးပြားေရး အရ ဒါက ပံ႔ပိုးေပးတာ ျဖစ္ပါတယ္။ "
သမီးျဖစ္သူ Ashley ကလည္း ဒီဆိုင္ကို လာၿပီး ၀ယ္ယူဖို႔ အေတာ္ေလး စဥ္းစားခဲ႔တာပါတဲ႔။
" ဒါက အေရးႀကီးတယ္လို႔ ထင္ပါတယ္။ စီးပြားေရး လုပ္ငန္းေတြကေန ၀ယ္ယူအားေပးတာမွာ ရည္ရြယ္ခ်က္နဲ႔ ေသခ်ာ စိစစ္အားေပးသင့္တယ္လို႔ ထင္ပါတယ္။ ဘာေၾကာင့္လည္း ဆိုေတာ့ သူတို႔က ကိုယ့္လူမႈအသိုင္းအ၀ိုင္းထဲမွာ အျပန္အလွန္ အားေပး ေထာက္ပံ႔ေနတဲ႔သူေတြ ျဖစ္လုိ႔ပါ။ "
အေမရိကန္ ျပည္ေထာင္စု ေတာင္ပိုင္းေန အာဖရိကန္ အေမရိကန္ေတြရဲ႕ ရိုးရာ ပံုစံ စားေသာက္ဆိုင္ COMFORT LA မွာ လာေရာက္ မွာယူ စားသံုးသူေတြက အာဖရိကန္ အေမရိကန္ လူမည္းေတြတင္ မဟုတ္ပါဘူး။ လက္တင္ႏြယ္ဖြား တဦးျဖစ္တဲ႔ Veronica Alonso လည္း စားေသာက္ဆိုင္မွာ ေရာက္ေနပါတယ္။
လက္တင္ႏြယ္ဖြား တဦး ျဖစ္တဲ႔ သူ႔အတြက္ေတာ့ ဒီအစားအေသာက္ေတြက သူစားေနက်ပံုစံမ်ိဳး မဟုတ္ဘူးဆိုတာ မွန္းၾကည့္ႏုိင္ပါတယ္တဲ႔။ ေနာက္ ဆိုင္ထဲကို စၿပီး ေျခခ်တာကေန အိမ္သာခန္းကို ၀င္တာ အဆံုး အားလံုးက တမူကြဲျပားေနေပမယ့္ ဒါေတြအားလံုးက အေတြ႔အႀကံဳေကာင္းေတြပါလို႔ ေျပာသြားပါတယ္။
ဒီစားေသာက္ဆိုင္မွာက လူမည္း အႏုပညာရွင္ေတြရဲ႕ ဓာတ္ျပားေတြနဲ႔ အလွဆင္ထားပါတယ္။ ေနာက္ အိမ္သာခန္းထဲမွာ ဆိုရင္လည္း ၁၉၆၀ နဲ႔ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြက ဂီတပြဲေတာ္ ပို႔စတာေတြ ကပ္ထားပါတယ္။
ယဥ္ေက်းမႈ ထံုးတမ္းစဥ္လာေတြ ေျပာင္းလဲလာတာနဲ႔ အတူဘဲ ဆိုင္မွာလာၿပီး အာဖရိကန္ အေမရိကန္ေတြရဲ႕ ဓေလ႔ထံုးတမ္းေတြကို လူေတြ ပိုၿပီး လာေရာက္ျမည္းစမ္းေစခ်င္တယ္လို႔ ဆိုင္ရွင္ Walker က ေျပာပါတယ္။
မင္နီဆိုးတား ျပည္နယ္ မီနီးယား ပုလိစ္ၿမိဳ႕မွာ လူမည္း အမ်ိဳးသား George Floyd ရဲဖမ္းဆီးမႈ အတြင္း ေသဆံုးမႈကို အေၾကာင္းျပဳၿပီး ႏုိင္ငံတ၀န္း လူမ်ိဳးေရးခြဲျခားမႈကို ဆန္႔က်င္တဲ႔ တရားမွ်တမႈကို ေတာင္းဆိုတဲ႔ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ႔တာပါ။ ဒီ Black Lives Matter လူမည္းေတြရဲ႕ အသက္ဟာလည္း တန္ဖိုးရွိပါတယ္ဆိုတဲ႔ ဆႏၵျပ လႈပ္ရွားမႈေတြနဲ႔ စည္းလံုးညီညြတ္စြာ ရပ္တည္ေၾကာင္း အေမရိကန္ စီးပြားေရး လုပ္ငန္းႀကီး တခ်ိဳ႕ကလည္း ထုတ္ျပန္ေျပာဆိုလာတာပါ။
အထင္ကရ ၀န္ေဆာင္မႈ လုပ္ငန္းျဖစ္တဲ႔ Uber အငွားကား ၀န္ေဆာင္မႈ လုပ္ငန္းႀကီးကလည္း Black Lives Matter လႈပ္ရွားမႈနဲ႔ အတူ ရပ္တည္တယ္ဆိုတာကို ျပသတဲ႔ အေနနဲ႔ အေမရိကန္နဲ႔ ကေနဒါ ႏုိင္ငံေတြက လူမည္းပိုင္ စီးပြားေရး လုပ္ငန္းေတြအတြက္ Uber Eats app - အစားအေသာက္ အိမ္တိုင္ယာေရာက္ ပို႔ေဆာင္ေပးတဲ႔ ၀န္ေဆာင္မႈမွာ အခေၾကးေငြ မယူဘဲ ေဆာင္ရြက္ေပးမယ္လို႔ ဇြန္လ ၄ ရက္ေန႔က တြစ္တာကေန ေၾကညာခဲ႔ပါတယ္။
(Unicode)
အမေရိကန် ဆန္ဒပြပွဲတွေနောက်ပိုင်း လူမည်းတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ရောင်းအားတိုး
သောတရှင်များရှင်။ အပတ်စဉ် စီးပွားရေး အစီအစဉ်ကို တင်ပြပါမယ်။ ကျမ သိင်္ဂ ီထိုက်ပါ။
အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးမှု အတွင်း လူမည်း အမျိုးသား George Floyd သေဆုံးခဲ့ရမှု နောက်ပိုင်း Black Lives Matter လူမည်းတွေရဲ့ အသက်ဟာလည်း တန်ဖိုးရှိပါတယ်ဆိုတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေ ထွက်ပေါ်လာတာနဲ့ အတူဘဲ အာဖရိကန် အမေရိကန် လူမည်းတွေရဲ့ စီးပွားရေး လုပ်ငန်းတွေ ပိုပြီး ကောင်းလာတာကို တွေ့ရတဲ့ အကြောင်း ရိုက်တာရဲ့ စီးပွားရေး သတင်းဆောင်းပါးကို ပြောပြပေးမှာပါ။
အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ် မီနီးယားပုလိစ့်မြို့မှာ ရဲတပ်ဖွဲ့ ဖမ်းဆီးမှု အတွင်း George Floyd သေဆုံးရမှုကြောင့် ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ပေါ်ပေါက်ခဲ့သလို လူမှုကွန်ယက် အွန်လိုင်းတွေပေါ်က ရေးသားချက်တွေကြောင့် လူမည်းပိုင် စီးပွားရေး လုပ်ငန်းတွေမှာ စားသုံးသူတွေ ပိုပြီးများလာစေခဲ့တာပါ။ သိသိသာသာ အရောင်းတက်လာတဲ့ တိုးတက်လာတဲ့ စီးပွားရေး လုပ်ငန်းတွေ ထဲက တခုကတော့ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်းဂျလိစ်မြို့လယ်က Comfort LA စားသောက်ဆိုင်လည်း တခု အပါအဝင်ပါ။
Comfort LA စားသောက်ဆိုင်ဟာဆိုရင် အမေရိကန် တောင်ပိုင်းက အာဖရိကန် အမေရိကန်တွေရဲ့ ရိုးရာ အစားအသောက်ပုံစံချက်ပြုတ် ပြင်ဆင်တဲ့ Soul Food အရောင်းဆိုင်ပါ။ ဆိုင်ပိုင်ရှင် တဦး ဖြစ်တဲ့ Mark Walker ကတော့ ဒီရက်ပိုင်းမှာ သိသိသာသာ ရောင်းအားတက်လာတယ်လို့ ပြောပါတယ်။
" ရောင်းအား ထက်ဝက်ကနေ ထက်ဝက်ကျော်လောက် တက်လာတယ်လို့ ပြောလို့ ရပါတယ်။ ရောင်းအားမရှိတဲ့ အခြေအနေကနေ မထင်မှတ်ဘဲ ရောင်းအား တက်လာတာပါ။ ကပ်ဘေးကာလနဲ့ အသွားအလာ ပိတ်ပင် ကန့်သတ်ချက်တွေကြောင့် အလုပ်မဖြစ်တာကနေ ပုံမှန် ရောင်းအားထက်ကို ထက်ဝက် ကျော်လောက် ရောင်းအား တက်လာတာပါ။ "
ဖောက်သည် အသစ်တွေ ရလာသလို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုတွေကလည်း အမှာတွေ တိုးလာတာ ဖြစ်တယ်လို့ ဆိုင်ရှင် တဦး ဖြစ်တဲ့ Mark Walker က ဆက်ပြီး ပြောပါတယ်။
" ဝယ်နေကျ မဟုတ်တဲ့ လူသစ်တွေလည်း တွေ့ရပါတယ်။ နောက် အိမ်အရောက်ပို့ပေးရတဲ့ အမှာတွေလည်း ရလာပါတယ်။ အိမ်အရောင်ပို့ပေးတဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Uber Eats ၊ Postmates ၊ Chow Now ၊ Grubhub တို့လို ဝန်ဆောင်မှုတွေကနေရော နောက် ကျနော်တို့ ဆိုင် App ကို ဒေါင်းလုဒ်လုပ်တဲ့ အွန်လိုင်းကနေ မှာတဲ့ လူတွေရော များလာပါတယ်။ "
အမေရိကန် ပြည်ထောင်စုမှာ COVID 19 ကူးစက် ပျံ့နှံ့မှုတွေကြောင့် အသွားအလာ ကန့်သတ်ပိတ်ပင်မှုတွေ၊ နောက် မရှိမဖြစ် ဖွင့်လှစ်ဖို့ မလိုတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ခဲ့တာပါ။ COVID 19 ကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့် ရပ်ဆိုင်းထားရတဲ့ လုပ်ငန်းတွေမှာ ဝန်ထမ်းတွေလည်း အလုပ်နားခဲ့ရတာပါ။ ဒါပေမယ့်လည်း အခု Mark Walker ပူးတွဲ ပိုင်ဆိုင်တဲ့ COMFORT LA စားသောက်ဆိုင်ကတော့ အရောင်းက ပုံမှန်ထက် သိသိသာသာ တိုးလာတာကြောင့် အလုပ်အကိုင်တွေလည်း ဖန်တီးပေးလာနိုင်ပါတယ်။
" စီးပွားရေး လုပ်တာဆိုတော့ အခုလို အခွင့်အလမ်းအတွက် ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝန်ထမ်းတွေ ပိုပြီး အလုပ်ပေးနိုင်လာတယ်၊ နောက် အလုပ်နားလိုက်ရသူ တချို့လည်း ပြန်ခေါ်နိုင်တယ်ဆိုတော့ ဒီအခွင့်အလမ်းအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ "
COMFORT LA ဆိုင်မှာလာပြီး အစားအသောက် မှာယူတဲ့ သားအမိနှစ်ဦးဖြစ်တဲ့ Jami Carrington နဲ့ Ashley Meachem တို့ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လာပြီး ဝယ်ယူကြတာပါ။ မိခင်ဖြစ်သူ Jami Carrington က အခုလို ပြောပါတယ်။
" ကိုယ့်အနေနဲ့ ဘာတွေများ လုပ်နိုင်မလဲ ဆိုပြီး စဉ်းစားတာကနေ အခုလို လာပြီး အားပေးတာပါ။ ဒါက တကမ္ဘာလုံးမှာ ဖြစ်နေတာပါ။ အဲဒါအပြင်ကို ကိုယ့် လူမှုအသိုင်းအဝိုင်းကို ထောက်ပံ့ပေးရင် ဘာတွေ ရိုက်ခတ် သက်ရောက်မှုရှိမလဲ၊ ပိုပြီး ကောင်းအောင် ဘာတွေ လုပ်နိုင်မလဲ၊ တခြား နည်းလမ်း တခုခုနဲ့ ဘာတွေ လုပ်နိုင်မလဲ ဆိုတာမျိုး စဉ်းစားတာပါ။ ဆိုတော့ ဒါက စီးပွားရေး အရ ဒါက ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ "
သမီးဖြစ်သူ Ashley ကလည်း ဒီဆိုင်ကို လာပြီး ဝယ်ယူဖို့ အတော်လေး စဉ်းစားခဲ့တာပါတဲ့။
" ဒါက အရေးကြီးတယ်လို့ ထင်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကနေ ဝယ်ယူအားပေးတာမှာ ရည်ရွယ်ချက်နဲ့ သေချာ စိစစ်အားပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့က ကိုယ့်လူမှုအသိုင်းအဝိုင်းထဲမှာ အပြန်အလှန် အားပေး ထောက်ပံ့နေတဲ့သူတွေ ဖြစ်လို့ပါ။ "
အမေရိကန် ပြည်ထောင်စု တောင်ပိုင်းနေ အာဖရိကန် အမေရိကန်တွေရဲ့ ရိုးရာ ပုံစံ စားသောက်ဆိုင် COMFORT LA မှာ လာရောက် မှာယူ စားသုံးသူတွေက အာဖရိကန် အမေရိကန် လူမည်းတွေတင် မဟုတ်ပါဘူး။ လက်တင်နွယ်ဖွား တဦးဖြစ်တဲ့ Veronica Alonso လည်း စားသောက်ဆိုင်မှာ ရောက်နေပါတယ်။
လက်တင်နွယ်ဖွား တဦး ဖြစ်တဲ့ သူ့အတွက်တော့ ဒီအစားအသောက်တွေက သူစားနေကျပုံစံမျိုး မဟုတ်ဘူးဆိုတာ မှန်းကြည့်နိုင်ပါတယ်တဲ့။ နောက် ဆိုင်ထဲကို စပြီး ခြေချတာကနေ အိမ်သာခန်းကို ဝင်တာ အဆုံး အားလုံးက တမူကွဲပြားနေပေမယ့် ဒါတွေအားလုံးက အတွေ့အကြုံကောင်းတွေပါလို့ ပြောသွားပါတယ်။
ဒီစားသောက်ဆိုင်မှာက လူမည်း အနုပညာရှင်တွေရဲ့ ဓာတ်ပြားတွေနဲ့ အလှဆင်ထားပါတယ်။ နောက် အိမ်သာခန်းထဲမှာ ဆိုရင်လည်း ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဂီတပွဲတော် ပို့စတာတွေ ကပ်ထားပါတယ်။
ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ ပြောင်းလဲလာတာနဲ့ အတူဘဲ ဆိုင်မှာလာပြီး အာဖရိကန် အမေရိကန်တွေရဲ့ ဓလေ့ထုံးတမ်းတွေကို လူတွေ ပိုပြီး လာရောက်မြည်းစမ်းစေချင်တယ်လို့ ဆိုင်ရှင် Walker က ပြောပါတယ်။
မင်နီဆိုးတား ပြည်နယ် မီနီးယား ပုလိစ်မြို့မှာ လူမည်း အမျိုးသား George Floyd ရဲဖမ်းဆီးမှု အတွင်း သေဆုံးမှုကို အကြောင်းပြုပြီး နိုင်ငံတဝန်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ တရားမျှတမှုကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ ဒီ Black Lives Matter လူမည်းတွေရဲ့ အသက်ဟာလည်း တန်ဖိုးရှိပါတယ်ဆိုတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း အမေရိကန် စီးပွားရေး လုပ်ငန်းကြီး တချို့ကလည်း ထုတ်ပြန်ပြောဆိုလာတာပါ။
အထင်ကရ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Uber အငှားကား ဝန်ဆောင်မှု လုပ်ငန်းကြီးကလည်း Black Lives Matter လှုပ်ရှားမှုနဲ့ အတူ ရပ်တည်တယ်ဆိုတာကို ပြသတဲ့ အနေနဲ့ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေက လူမည်းပိုင် စီးပွားရေး လုပ်ငန်းတွေအတွက် Uber Eats app - အစားအသောက် အိမ်တိုင်ယာရောက် ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုမှာ အခကြေးငွေ မယူဘဲ ဆောင်ရွက်ပေးမယ်လို့ ဇွန်လ ၄ ရက်နေ့က တွစ်တာကနေ ကြေညာခဲ့ပါတယ်။