(Zawgyi / Unicode)
Wisconsin ျပည္နယ္ Kenosha ၿမိဳ႕မွာ လူမည္းအမ်ိဳးသား Jacob Blake ကို လူျဖဴရဲအရာရွိက ေသနတ္နဲ႔ ပစ္ခတ္မႈအတြက္ လူထုဆႏၵျပမႈေတြကို စေနေန႔မွာလည္း ေတြ႔ေနရပါတယ္။
Kenosha ၿမိဳ႕မွာ ဒီသီတင္းပတ္ အေစာပိုင္းတုန္းက ဆႏၵျပမႈေတြနဲ႔ မတည္မၿငိမ္ ျဖစ္ခဲ့တဲ့အတြက္ ျပည္နယ္လံုၿခံဳေရးတပ္ေတြ ခ်ထားခ်ိန္မွာပဲ ဒီလူထုဆႏၵျပမႈကို Blake ရဲ႕ မိသားစုနဲ႔ တက္ႂကြလႈပ္ရွားသူေတြက စီစဥ္တာျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ Blake ဟာ ၾသဂုတ္လ ၂၃ ရက္ တနဂၤေႏြေန႔တုန္းက သူ႔သားသမီးငယ္ေတြ ေရွ႕မွာပဲ ရဲက ေနာက္ကေန ေသနတ္နဲ႔ ၇ ခ်က္ ပစ္ခတ္တာခံခဲ့ရၿပီး ခႏၶာကိုယ္ တစိတ္တပိုင္း မလႈပ္ရွားႏုိင္ဘဲ ျဖစ္ခဲ့ရပါတယ္။
ရဲေတြရဲ႕ ရက္စက္တဲ့လုပ္ရပ္နဲ႔ ခြဲဲျခားဆက္ဆံခံရမႈအတြက္ တႏိုင္ငံလံုး ဆႏၵျပမႈေတြ ျဖစ္ပြားေနခ်ိန္မွာ လူျဖဴအမ်ားစု ေနထိုင္ရာ ၿမိဳ႕ကေလးမွာ အခုလို ျဖစ္ပြားခဲ့တာျဖစ္ၿပီး တနလၤာညမွာေတာ့ မီး႐ႈိ႕ဖ်က္ဆီးမႈေတြနဲ႔ တျခား အၾကမ္းဖက္မႈေတြ ျဖစ္ပြားခဲ့တဲ့အျပင္ ေနာက္တေန႔မွာေတာ့ ဆယ္ေက်ာ္သက္တေယာက္ရဲ႕ ပစ္ခတ္မႈေၾကာင့္ ဆႏၵျပေနသူ ၂ ဦး ေသဆံုးခဲ့ရၿပီး ၁ ဦး ဒဏ္ရာရခဲ့တာပါ။
ေသနတ္နဲ႔ပစ္ခတ္သူဟာ အသက္ ၁၇ ႏွစ္အရြယ္ Kyle Rittenhouse ျဖစ္ၿပီး အခု သူ႔ကို ရာဇဝတ္ျပစ္မႈ ၆ ခုနဲ႔ စြဲခ်က္တင္ထားပါတယ္။
လူမည္းအမ်ိဳးသား Blake ကို ပစ္ခတ္ခဲ့တဲ့ ရဲအရာရွိ Rusten Sheskey ကေတာ့ စံုစမ္းစစ္ေဆးမႈ လုပ္ေနခ်ိန္မွာ ခြင့္နဲ႔ ေနေနရပါတယ္။ Kenosha ၿမိဳ႕ တည္ၿငိမ္ဖို႔နဲ႔ တရားဥပေဒ စိုးမိုးေရးအတြက္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Tony Evers က ျပည္နယ္လံုၿခံဳေရးတပ္ေတြကို ဒီသီတင္းပတ္ အေစာပိုင္းမွာပဲ တုိးခ်ထားခဲ့တာပါ။
------------------------------------
(Unicode)
လူမည်းအမျိုးသား ပစ်ခတ်ခံရမှု Wisconsin ပြည်နယ်မှာ ဆက်လက်ဆန္ဒပြ
Wisconsin ပြည်နယ် Kenosha မြို့မှာ လူမည်းအမျိုးသား Jacob Blake ကို လူဖြူရဲအရာရှိက သေနတ်နဲ့ ပစ်ခတ်မှုအတွက် လူထုဆန္ဒပြမှုတွေကို စနေနေ့မှာလည်း တွေ့နေရပါတယ်။
Kenosha မြို့မှာ ဒီသီတင်းပတ် အစောပိုင်းတုန်းက ဆန္ဒပြမှုတွေနဲ့ မတည်မငြိမ် ဖြစ်ခဲ့တဲ့အတွက် ပြည်နယ်လုံခြုံရေးတပ်တွေ ချထားချိန်မှာပဲ ဒီလူထုဆန္ဒပြမှုကို Blake ရဲ့ မိသားစုနဲ့ တက်ကြွလှုပ်ရှားသူတွေက စီစဉ်တာဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Blake ဟာ သြဂုတ်လ ၂၃ ရက် တနင်္ဂနွေနေ့တုန်းက သူ့သားသမီးငယ်တွေ ရှေ့မှာပဲ ရဲက နောက်ကနေ သေနတ်နဲ့ ၇ ချက် ပစ်ခတ်တာခံခဲ့ရပြီး ခန္ဓာကိုယ် တစိတ်တပိုင်း မလှုပ်ရှားနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။
ရဲတွေရဲ့ ရက်စက်တဲ့လုပ်ရပ်နဲ့ ခွဲခြားဆက်ဆံခံရမှုအတွက် တနိုင်ငံလုံး ဆန္ဒပြမှုတွေ ဖြစ်ပွားနေချိန်မှာ လူဖြူအများစု နေထိုင်ရာ မြို့ကလေးမှာ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပြီး တနင်္လာညမှာတော့ မီးရှို့ဖျက်ဆီးမှုတွေနဲ့ တခြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့အပြင် နောက်တနေ့မှာတော့ ဆယ်ကျော်သက်တယောက်ရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြနေသူ ၂ ဦး သေဆုံးခဲ့ရပြီး ၁ ဦး ဒဏ်ရာရခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်သူဟာ အသက် ၁၇ နှစ်အရွယ် Kyle Rittenhouse ဖြစ်ပြီး အခု သူ့ကို ရာဇဝတ်ပြစ်မှု ၆ ခုနဲ့ စွဲချက်တင်ထားပါတယ်။
လူမည်းအမျိုးသား Blake ကို ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိ Rusten Sheskey ကတော့ စုံစမ်းစစ်ဆေးမှု လုပ်နေချိန်မှာ ခွင့်နဲ့ နေနေရပါတယ်။ Kenosha မြို့ တည်ငြိမ်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Tony Evers က ပြည်နယ်လုံခြုံရေးတပ်တွေကို ဒီသီတင်းပတ် အစောပိုင်းမှာပဲ တိုးချထားခဲ့တာပါ။