သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်းဒဏ်သင့် လူဝီစီယားနားနဲ့ တက္ကဆက်စ်ကို သမ္မတ Trump သွားရောက်


မုန်တိုင်းဒဏ်သင့် ဒေသတွေကို သွားရောက်ကြည့်ရှုမယ့် သမ္မတ Donald Trump. (သြဂုတ် ၂၉၊ ၂၀၂၀)
မုန်တိုင်းဒဏ်သင့် ဒေသတွေကို သွားရောက်ကြည့်ရှုမယ့် သမ္မတ Donald Trump. (သြဂုတ် ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်သမ္မတ Donald Trump ဟာ ဟာရီကိန်းမုန်တိုင်း Laura ဒဏ် ခံခဲ့ရတဲ့ တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသက လူဝီစီယားနားပြည်နယ်နဲ့ တက္ကဆက်စ်ပြည်နယ်တွေကို စနေနေ့မှာ သွားရောက်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ပြင်းအား အဆင့် ၄ နဲ့ ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒီဒေသမှာ ရေမီးမရဘဲ ဖြစ်နေသလို မုန်တိုင်းကြောင့် သေဆုံးရသူကလည်း ၁၄ ဦး ရှိနေတာပါ။ ဒီအထဲက ထက်ဝက်ကျော်လောက်ဟာ မီးစက် (Generator) သုံးစွဲမှု နည်းလမ်းမမှန်တဲ့အတွက် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဟာရီကိန်း Laura ဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ လူဝီစီယားနားပြည်နယ်က Lake Charles မြို့ကို သမ္မတ Trump သွားရောက်ခဲ့ပါတယ်။

အဲဒီဒေသမှာ လူပေါင်း ၂ သိန်းကျော်အတွက် ရေသန့်မရဘဲ ဖြစ်နေတယ်လို့ လူဝီစီယားနား ကျန်းမာရေးဌာနက ပြောပါတယ်။ ရေသန့်စင်မှုလုပ်တဲ့ စက်ရုံဟာ မုန်တိုင်းကြောင့် တော်တော်ပျက်စီးခဲ့ရသလို လျှပ်စစ်မီး ပြန်ပေးနိုင်မယ့်အချိန် အတိအကျလည်း မပြောနိုင်ဘဲ ဖြစ်နေတယ်လို့ Lake Charles မြို့တော်ဝန်က ပြောပါတယ်။

သမ္မတ Trump ဟာ တက္ကဆက်စ်ပြည်နယ်က ဒေသခံ ၁၈,၀၀၀ ကျော် မှီခိုနေရတဲ့ ဓာတုစက်ရုံရှိရာ Orange မြို့နားကိုလည်း သွားရောက်ခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်းဒဏ် ခံရတဲ့ နေရာတွေကို လှည့်လည်မကြည့်ရှုခင် သမ္မတ Trump က သောကြာနေ့မှာ လူဝီစီယားနားပြည်နယ်အတွက် သဘာဝဘေးဒဏ်ဆိုင်ရာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါ့ကြောင့် မုန်တိုင်း Laura ဝင်ရောက်ရာ လမ်းကြောင်းက ဒေသ ၅ ခုအတွက် ဗဟိုအစိုးရက ငွေချပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဟာရီကိန်းဒဏ်သင့် လူဝီစီယားနားနဲ့ တက္ကဆက်စ်ကို သမ္မတ Trump သွားရောက်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)

ဟာရီကိနျးဒဏျသင့ျ လူဝီစီယားနားနဲ့ တက်ကဆကျဈကို သမ်မတ Trump သှားရောကျ





သမ်မတ Trump ဟာ တက်ကဆကျဈပွညျနယျက ဒသေခံ ၁၈,၀၀၀ ကြောျ မှီခိုနရေတဲ့ ဓာတုစကျရုံရှိရာ Orange မွို့နားကိုလညျး သှားရောကျခဲ့ပါတယျ။


XS
SM
MD
LG