သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ေတာင္ပုိင္းကုိ အားျပင္းမုန္တုိင္းႏွစ္ခု ၀င္ေရာက္ဖုိ႔ရွိ


၂၀၁၇ တုန္းကမက္ဆီကိုပင္လယ္ေကြ႕ အတြင္း မုန္းတိုင္း၀င္ေရာက္လာခါနီး

(Zawgyi/Unicode)

အေမရိကန္ေတာင္ပိုင္းက Caribbean ပင္လယ္ တဝိုက္မွာ အားျပင္းမုန္တိုင္း ၂ ခု ဝင္ေရာက္လာဖို႔ ရွိၿပီး ဒီ ၂ ခုစလံုးဟာ လာမယ့္ သီတင္းပတ္ထဲမွာ မက္ဆီကိုပင္လယ္ေကြ႕ ေဒသတြင္း အားျပင္း ဟာရီကိန္းအဆင့္ ျဖစ္လာႏုိင္တယ္လို႔ အေမရိကန္ မိုးေလဝသဌာနက ခန္႔မွန္းထားပါတယ္။

အပူပိုင္းမုန္တိုင္း Laura ဟာ ေသာၾကာေန႔ အေစာပိုင္းေလာက္မွာ Caribbean ပင္လယ္ထဲက ေျမာက္ပိုင္း Leeward ကၽြန္းစု အေရွ႕ ဘက္ မိုင္ ၂၀၀ ေလာက္အကြာမွာ စတင္ျဖစ္ေပၚလာတယ္လို႔ အေမရိကန္ ဟာရီကိန္းစင္တာက ေျပာပါတယ္။

ေသာၾကာေန႔ ေႏွာင္းပိုင္းမွာေတာ့ ကေရဘီယံ ေတာင္ပိုင္း မွာ အပူပိုင္းမုန္တိုင္း Marco အားေကာင္း လာမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒီမုန္တိုင္း ၂ ခု စလံုးဟာ မက္ဆီကို ပင္လယ္ေကြ႕ထဲ ေရြ႕လ်ားသြားႏိုင္ၿပီး ေရွ႕သီတင္းပတ္ ထဲမွာေတာ့ အားျပင္း ဟာရီကိန္းမုန္တိုင္း အျဖစ္ ေျပာင္းသြားႏိုင္တယ္လို႔ ခန္႔မွန္းထားတာပါ။

ကြန္ျ႔ပဴတာ ပံုစံခ် တြက္ခ်က္မႈ ေတြ အရ ဒီမုန္တိုင္း ၂ ခုစလံုးဟာ သူတို႔ရဲ့ အရြယ္ ပမာဏ ေပၚမူတည္ၿပီး အေမရိကန္ ႏိုင္ငံ ေတာင္ပိုင္း ေဒသကို တခ်ိန္ထဲ လုိလိုမွာ ဝင္ေရာက္ လာႏိုင္ေၾကာင္း ေတြ႔ရပါတယ္။

ေသာၾကာေန႔ ညပိုင္း ေလာက္ ဝင္ေရာက္လာႏိုင္တဲ့ အပူပိုင္း မုန္တိုင္း သတိေပးခ်က္ေတြကို Puerto Rico ၊ Virgin Islands နဲ႔ ေျမာက္ပိုင္း Leeward ကၽြန္းစုေတြ အျပင္ ဘဟားမား အေရွ႕ေတာင္ပိုင္း အတြက္ပါ ထုတ္ျပန္ထားတာပါ။

စေနေန႔ မွာေတာ့ အေရွ႕ပိုင္း Yucatan ကမ္းရိုးတန္း ေဒသ အတြက္ အပူပိုင္း မုန္တိုင္း သတိေပးခ်က္ ထုတ္ျပန္ထားၿပီး မုန္တိုင္းဟာ တနဂၤေႏြေန႔ ေန႔လည္ ေလာက္မွာ မက္ဆီကို ပင္လယ္ေကြ႕ ေတာင္ပိုင္းနဲ႔ အလယ္ပိုင္းကို ေရြ႕သြားမယ္လုိ႔ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အမေရိကန်တောင်ပိုင်းကို အားပြင်းမုန်တိုင်းနှစ်ခု ဝင်ရောက်ဖို့ရှိ

(Unicode)

အမေရိကန်တောင်ပိုင်းက Caribbean ပင်လယ် တဝိုက်မှာ အားပြင်းမုန်တိုင်း ၂ ခု ဝင်ရောက်လာဖို့ ရှိပြီး ဒီ ၂ ခုစလုံးဟာ လာမယ့် သီတင်းပတ်ထဲမှာ မက်ဆီကိုပင်လယ်ကွေ့ ဒေသတွင်း အားပြင်း ဟာရီကိန်းအဆင့် ဖြစ်လာနိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

အပူပိုင်းမုန်တိုင်း Laura ဟာ သောကြာနေ့ အစောပိုင်းလောက်မှာ Caribbean ပင်လယ်ထဲက မြောက်ပိုင်း Leeward ကျွန်းစု အရှေ့ ဘက် မိုင် ၂၀၀ လောက်အကွာမှာ စတင်ဖြစ်ပေါ်လာတယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက ပြောပါတယ်။

သောကြာနေ့ နှောင်းပိုင်းမှာတော့ ကရေဘီယံ တောင်ပိုင်း မှာ အပူပိုင်းမုန်တိုင်း Marco အားကောင်း လာမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီမုန်တိုင်း ၂ ခု စလုံးဟာ မက်ဆီကို ပင်လယ်ကွေ့ထဲ ရွေ့လျားသွားနိုင်ပြီး ရှေ့သီတင်းပတ် ထဲမှာတော့ အားပြင်း ဟာရီကိန်းမုန်တိုင်း အဖြစ် ပြောင်းသွားနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ကွန်ြ့ပူတာ ပုံစံချ တွက်ချက်မှု တွေ အရ ဒီမုန်တိုင်း ၂ ခုစလုံးဟာ သူတို့ရဲ့ အရွယ် ပမာဏ ပေါ်မူတည်ပြီး အမေရိကန် နိုင်ငံ တောင်ပိုင်း ဒေသကို တချိန်ထဲ လိုလိုမှာ ဝင်ရောက် လာနိုင်ကြောင်း တွေ့ရပါတယ်။

သောကြာနေ့ ညပိုင်း လောက် ဝင်ရောက်လာနိုင်တဲ့ အပူပိုင်း မုန်တိုင်း သတိပေးချက်တွေကို Puerto Rico ၊ Virgin Islands နဲ့ မြောက်ပိုင်း Leeward ကျွန်းစုတွေ အပြင် ဘဟားမား အရှေ့တောင်ပိုင်း အတွက်ပါ ထုတ်ပြန်ထားတာပါ။

စနေနေ့ မှာတော့ အရှေ့ပိုင်း Yucatan ကမ်းရိုးတန်း ဒေသ အတွက် အပူပိုင်း မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပြီး မုန်တိုင်းဟာ တနင်္ဂနွေနေ့ နေ့လည် လောက်မှာ မက်ဆီကို ပင်လယ်ကွေ့ တောင်ပိုင်းနဲ့ အလယ်ပိုင်းကို ရွေ့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG