သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္အားေကာင္းလာတဲ့ ဟာရီကိန္း Isaias အေမရိကန္ေတာင္ပိုင္း ကုန္းတြင္း ၀င္ေရာက္မည္


ဟာရီကိန္း Isaias အရွိန္ေၾကာင့္ ဖေလာ္ရီဒါ မုိင္ယာမီကမ္းေျခမွာ ေလတုိက္ခတ္ေနတဲ့ျမင္ကြင္း။ (ၾသဂုတ္ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

Bahamas ႏုိင္ငံ Nassau ၿမိဳ႕အနီးကေန စတင္တိုက္ခတ္ခဲ့တဲ့ ဟာရီကိန္းမုန္တိုင္း Isaias ဟာ အင္အားအနည္းငယ္ ပုိေကာင္းလာၿပီး အေမရိကန္ျပည္ေထာင္စု ကုန္းတြင္းပိုင္းကို ဦးတည္ေနပါတယ္။

မုန္တိုင္း Isaias ဟာ ေလတိုက္ႏႈန္း တနာရီကို ၈၃ မိုင္ေလာက္နဲ႔ အေနာက္ေျမာက္ဘက္ကို ဦးတည္တိုက္ခတ္ေနၿပီး ဖေလာ္ရီဒါျပည္နယ္ အေရွ႕ေတာင္ဘက္ ကုန္းတြင္းပိုင္းကို စေနေန႔ေႏွာင္းပိုင္းနဲ႔ တနဂၤေႏြေန႔ေတြမွာ ဝင္ေရာက္လိမ့္မယ္လို႔ မိုးေလဝသဌာနက ခန္႔မွန္းထားပါတယ္။

ဖေလာ္ရီဒါျပည္နယ္နဲ႔ ေျမာက္ကယ္႐ုိလိုင္းနား ျပည္နယ္ေတြမွာ ဟာရီကိန္း သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ ဖေလာ္ရီဒါျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Ron DeSantis နဲ႔ ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Roy Cooper တို႔က သူတို႔ျပည္နယ္ေတြထဲက ကမ္း႐ုိးတန္းေဒသေတြမွာ အေရးေပၚအေျခအေန ေၾကညာထားပါတယ္။

ဖေလာ္ရီဒါျပည္နယ္မွာ စေနေန႔ကစၿပီး မိုးသည္းထန္ႏုိင္ၿပီး ေရွ႕အပတ္ထဲ ေျမာက္ကယ္႐ုိလုိင္းနားျပည္နယ္ကို မုန္တိုင္းဝင္ေရာက္မယ္လို႔ ခန္႔မွန္းထားပါတယ္။

ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္မွာ မႏွစ္တုန္းက ဟာရီကိန္းမုန္တိုင္း Dorian ဒဏ္ခံခဲ့ရတဲ့ Oracoke ကၽြန္းက ေဒသခံေတြကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းၾကဖို႔ အမိန္႔ေပးထားပါတယ္။

COVID-19 ကူးစက္မႈ ျမင့္တက္ေနတဲ့ ဖေလာ္ရီဒါျပည္နယ္တြင္း မုန္တိုင္းေၾကာင့္ အာဏာပိုင္ေတြက COVID-19 စစ္ေဆးေရးစင္တာ တခ်ိဳ႕ကို ပိတ္ထားပါတယ္။

Isaias မုန္တိုင္း အေစာပိုင္းက ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ Puerto Rico နဲ႔ Dominican Republic ကၽြန္းႏုိင္ငံေတြမွာေတာ့ မီးပ်က္တာနဲ႔ အေသးစား ေျမၿပိဳတာေတြ ျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

အင်အားကောင်းလာတဲ့ ဟာရီကိန်း Isaias အမေရိကန်တောင်ပိုင်း ကုန်းတွင်း ဝင်ရောက်မည်

Bahamas နိုင်ငံ Nassau မြို့အနီးကနေ စတင်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Isaias ဟာ အင်အားအနည်းငယ် ပိုကောင်းလာပြီး အမေရိကန်ပြည်ထောင်စု ကုန်းတွင်းပိုင်းကို ဦးတည်နေပါတယ်။

မုန်တိုင်း Isaias ဟာ လေတိုက်နှုန်း တနာရီကို ၈၃ မိုင်လောက်နဲ့ အနောက်မြောက်ဘက်ကို ဦးတည်တိုက်ခတ်နေပြီး ဖလော်ရီဒါပြည်နယ် အရှေ့တောင်ဘက် ကုန်းတွင်းပိုင်းကို စနေနေ့နှောင်းပိုင်းနဲ့ တနင်္ဂနွေနေ့တွေမှာ ဝင်ရောက်လိမ့်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ဖလော်ရီဒါပြည်နယ်နဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ ဟာရီကိန်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper တို့က သူတို့ပြည်နယ်တွေထဲက ကမ်းရိုးတန်းဒေသတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ စနေနေ့ကစပြီး မိုးသည်းထန်နိုင်ပြီး ရှေ့အပတ်ထဲ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကို မုန်တိုင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ မနှစ်တုန်းက ဟာရီကိန်းမုန်တိုင်း Dorian ဒဏ်ခံခဲ့ရတဲ့ Oracoke ကျွန်းက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ပေးထားပါတယ်။

COVID-19 ကူးစက်မှု မြင့်တက်နေတဲ့ ဖလော်ရီဒါပြည်နယ်တွင်း မုန်တိုင်းကြောင့် အာဏာပိုင်တွေက COVID-19 စစ်ဆေးရေးစင်တာ တချို့ကို ပိတ်ထားပါတယ်။

Isaias မုန်တိုင်း အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Puerto Rico နဲ့ Dominican Republic ကျွန်းနိုင်ငံတွေမှာတော့ မီးပျက်တာနဲ့ အသေးစား မြေပြိုတာတွေ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG