သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဟားမားကို မုန္တိုင္းတခုလာျပန္ၿပီ


ဘဟားမားတြင္ ဟာရီကိန္းမုန္တုိင္း Dorian ဝင္ေရာက္ခဲ့ၿပီးေနာက္ ျမင္ေတြ႔ရသည့္ ပ်က္စီးမႈအခ်ဳိ႕။ (စက္တင္ဘာ ၁၃၊ ၂၀၁၉)

ဘဟားမားကၽြန္းအနီးမွာ တုိ္က္ခတ္ေနတဲ့ Humberto အပူပုိင္းမုန္တုိင္းတခုဟာ အားေကာင္းလာေနၿပီး လာမယ့္ရက္ပိုင္းအတြင္း ဟာရီကိန္းမုန္တုိင္းအဆင့္ထိ ေရာက္လာမယ္လို႔ အေမရိကန္ ဟာရီကိန္းစင္တာက မေန႔ ေသာၾကာေန႔ညမွာ ေျပာဆိုပါတယ္။

ဒီကေန႔မွာေတာ့ ဘဟားမားကၽြန္း အေနာက္ေျမာက္ပုိင္းကို မုန္တုိင္း အနီးကပ္ ျဖတ္သန္းတိုက္ခတ္ၿပီး တနဂၤေႏြနဲ႔ ေနာက္တပတ္ အေစာပိုင္းမွာေတာ့ အေမရိကန္ အေရွ႕ဘက္ကမ္း႐ိုးတန္း၊ ဖေလာ္ရီဒါျပည္နယ္ အေရွ႕ဘက္ကမ္းလြန္ ပင္လယ္ထဲကို ၀င္ေရာက္လာမယ္လို႔ ခန္႔မွန္းထားပါတယ္။

တခ်ိန္တည္းမွာပဲ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ကလည္း ဘဟားမားေဒသခံေတြနဲ႔ စည္းလုံးညီညြတ္မႈရွိေၾကာင္း အေလးအနက္ ျပသတဲ့အေနနဲ႔ေရာ ဟာရီကိန္း Dorain ေၾကာင့္ လုံး၀ပ်က္စီးသြားတဲ့ ဘဟားမားကၽြန္းအတြက္ ႏုိင္ငံတကာ အကူအညီေတြ လိုအပ္ေနတာကို သတိျပဳမိလာေစဖို႔အတြက္ပါ ရည္ရြယ္ၿပီး ဘဟားမားကို မေန႔ ေသာၾကာေန႔မွာ သြားေရာက္ပါတယ္။

ဘဟားမားကၽြန္း သမုိင္းတေလွ်ာက္ အင္းအားအျပင္းဆုံး ျပင္းအားအဆင့္ ၅ ဟာရီကိန္းမုန္တုိင္း Dorian ေၾကာင့္ ေဒၚလာဘီလီယံေပါင္းမ်ားစြာ ဆုံး႐ႈံးခဲ့ရသလို ဥတုရာသီအေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္မႈဆုိင္ရာ ဘ႑ာေရးအတြက္ ခ်မ္းသာတဲ့ တုိင္းျပည္ေတြ ကူညီမွသာလွ်င္ ျပန္ၿပီး နာလန္ထူႏုိင္မယ္လို႔ ဘဟားမား၀န္ႀကီးခ်ဳပ္ Hubert Minnis နဲ႔ ပူးတြဲက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ မစၥတာ ဂူတာရက္စ္က ေျပာဆိုသြားပါတယ္။

လူမႈကူညီေရး လုပ္သားေတြနဲ႔ ေတြ႔ဆုံခဲ့တဲ့ ကုလအတြင္းေရးမွဴးခ်ဳပ္ ဂူတာရက္စ္က ခုိလႈံေရးစခန္းေတြကိုလည္း သြားေရာက္ၾကည့္႐ႈခဲ့ပါတယ္။

Dorian ဟာရီကိန္းမုန္တုိင္းေၾကာင့္ လူ ၅၀ ထက္မနည္းေသဆုံးၿပီး ၁၃၀၀ ေက်ာ္ ေပ်ာက္ဆုံးေနသလို ေထာင္နဲ႔ခ်ီတဲ့လူေတြကိုလည္း ေနရာေျပာင္းေရႊ႕ေပးခဲ့ရပါတယ္။

--------------------------

[Unicode Version]

ဘဟားမားကို မုန်တိုင်းတခုလာပြန်ပြီ

ဘဟားမားကျွန်းအနီးမှာ တိုက်ခတ်နေတဲ့ Humberto အပူပိုင်းမုန်တိုင်းတခုဟာ အားကောင်းလာနေပြီး လာမယ့်ရက်ပိုင်းအတွင်း ဟာရီကိန်းမုန်တိုင်းအဆင့်ထိ ရောက်လာမယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက မနေ့ သောကြာနေ့ညမှာ ပြောဆိုပါတယ်။

ဒီကနေ့မှာတော့ ဘဟားမားကျွန်း အနောက်မြောက်ပိုင်းကို မုန်တိုင်း အနီးကပ် ဖြတ်သန်းတိုက်ခတ်ပြီး တနင်္ဂနွေနဲ့ နောက်တပတ် အစောပိုင်းမှာတော့ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း၊ ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းလွန် ပင်လယ်ထဲကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဘဟားမားဒေသခံတွေနဲ့ စည်းလုံးညီညွတ်မှုရှိကြောင်း အလေးအနက် ပြသတဲ့အနေနဲ့ရော ဟာရီကိန်း Dorain ကြောင့် လုံးဝပျက်စီးသွားတဲ့ ဘဟားမားကျွန်းအတွက် နိုင်ငံတကာ အကူအညီတွေ လိုအပ်နေတာကို သတိပြုမိလာစေဖို့အတွက်ပါ ရည်ရွယ်ပြီး ဘဟားမားကို မနေ့ သောကြာနေ့မှာ သွားရောက်ပါတယ်။

ဘဟားမားကျွန်း သမိုင်းတလျှောက် အင်းအားအပြင်းဆုံး ပြင်းအားအဆင့် ၅ ဟာရီကိန်းမုန်တိုင်း Dorian ကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို ဥတုရာသီအရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာရေးအတွက် ချမ်းသာတဲ့ တိုင်းပြည်တွေ ကူညီမှသာလျှင် ပြန်ပြီး နာလန်ထူနိုင်မယ်လို့ ဘဟားမားဝန်ကြီးချုပ် Hubert Minnis နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဂူတာရက်စ်က ပြောဆိုသွားပါတယ်။

လူမှုကူညီရေး လုပ်သားတွေနဲ့ တွေ့ဆုံခဲ့တဲ့ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ခိုလှုံရေးစခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

Dorian ဟာရီကိန်းမုန်တိုင်းကြောင့် လူ ၅၀ ထက်မနည်းသေဆုံးပြီး ၁၃၀၀ ကျော် ပျောက်ဆုံးနေသလို ထောင်နဲ့ချီတဲ့လူတွေကိုလည်း နေရာပြောင်းရွှေ့ပေးခဲ့ရပါတယ်။

ဘဟားမားကို မုန္တိုင္းတခုလာျပန္ၿပီ
please wait

No media source currently available

0:00 0:00:35 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG